ကျိန်စာများ

Saturday, November 1, 2008
ငိုညည်းသံတွေ၊ သားကွဲမယားကွဲ၊ ဆွေကွဲမျိုးကွဲ၊ လူသူပေါင်းမြောက်များစွာရဲ့ အသက်ကို သေကြေပျက်စီးစေမည့် တစ်ကမ္ဘာလုံးဆိုင်ရာ ဒုတိယ စစ်ပွဲကြီးကို စတင်မီးမွှေးသူ ဖက်ဆစ်အာဏာရှင် ဂျာမန် ဟစ်တလာ၊ အဆုံးသတ် နိဂုံးမလှစေခဲ့သော ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ ကျိန်စာကို နောက်ဆုံး ရင်နင့်စဖွယ်ခံစားခဲ့ရသော တစ်ချိန်က ဟီရိုရှီးမား နှင့် နာကာဆာကိ ရဲ့ပုံရိပ်တွေ ငိုညည်းသံတွေ...............

1945 ခုနှစ် ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်း 63 နှစ်၊ 1945 သြဂုတ်လ 6 ရက်နေ့ တနင်္လာနေ့ မနက်ပိုင်း၊ ဂျပန်နိုင်ငံ ဟီရိုရှီးမား
မြို့ရဲ့ကောင်းကင်ယံ ထက်မှာ တိမ်ဆိုင်တိမ်လိတ်တွေ မြေပြင်ထက်က စစ်ပွဲဒဏ်ကို အလိုမကျဟန်နဲ့ အုံ့ဆိုင်းလို့နေတာ၊ မြို့သူမြို့သား တွေကလည်း ကြာညောင်းလှတဲ့ စစ်ပွဲရဲ့ ဒဏ်ကို အပြင်းအထန်ခံစား ထားရသည်မို့ ညိုးငယ်တဲ့ ရပ်တည်မှုတွေနဲ့၊ မကြာခင် ရောက်ရှိလာမယ့် ကျိန်စာကို ကြိုတင်မမြင်ထားကြဘူး၊ တစ်နေ့တာ စစ်အတွင်း ၀မ်းရေးအတွက်ကို ကြံဖန်စဉ်မှာပဲ၊ LITTLE BOY လူငယ်လေးဟာ သူတို့တွေရဲ့ အထက်တိမ်လွှာ အပေါ်မှာ ရောက်နေတာကို မသိရှာဘူး၊ လူငယ်လေးက နေရာရှာတွေ့ပြီ၊ ခလုတ်နှိပ်လိုက်ပြီ နျူ တစ်လုံးထဲ၊ ဟီရိုရှီးမား မြို့သားတွေ ဘာလည်းပေါ့ အတွေးမဆုံးလိုက်ရပါဘူး၊ မီးခိုးလုံးတွေ ဖုံးလွှမ်းသွားတယ်၊ ပြင်းထန်တဲ့ ပေါက်ကွဲမှုအောက်မှာ လူငယ်လေး နှုတ်ယူသွားတဲ့ ၀ိဥာဉ်ပေါင်းက 1,40,000 တစ်သိန်းလေးသောင်း ဂျပန် ကြမ္မာငင်တာပါ။

1945 သြဂုတ်လ 9 ရက်နေ့ ထိုနည်းတူ နာကာဆာကီ ကောင်းကင်ယံထက် BIG BOY လူဝကြီး၊ ရောက်လာပြန်တော့တယ်၊ လူဝကြီးရဲ့ လက်ညိုးတကွေးဟာလည်း ၀ိဥာဉ် 80,000 ရှစ်သောင်း ပါသွားတယ်။ ဂျပန်တွေ သွေးဆာတဲ့ ဖက်စစ် ခေါင်းဆောင်တွေ၊ သွေးပျက်တဲ့ ပွဲပါပဲ။

1945 မေလ 7 ရက်နေ့မှာ စစ်မီးမွှေးသူ ဂျာမန်တွေဟာ ဖက်ဆစ်ရဲ့ စနစ်ဆိုးကို ဖက်တွယ်ပြီး အရှုံးပေးခဲ့ ပြီးပါပြီ။ ခေါင်းမာသူ ဖက်ဆစ် ငပုတွေလည်း အမေရိကန်ရဲ့ LITTLE BOY နဲ့ BIG BOY ရဲ့ အပြီးသတ် ချေမှုန်းခြင်းတာ မခံရလျင် ? ?

1945 သြဂုတ်လ 15 ရက်နေ့ ငပုတွေ ကမ္ဘာမြေကြီးကို ဒူးထောက်လိုက်တဲ့ သတင်း၊ သတင်းကောင်းပေမယ့် အပြစ်မဲ့တဲ့ သက်ရင်းပေါင်းများစွာ သားစဉ်မြေးဆက်၊ နျူရဲ့ ဒဏ်ကို ခံသွားကြရရှာတယ်။

ဒီအဖြစ်အပျက်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း 63 နှစ်က နျူ ရဲ့အစလေးပါ၊ ခု 20 ရာစု နှောင်းပိုင်းရဲ့ နျူ ပိုင်ဆိုင်မှုနဲ့ ခလုတ်လေးတွေဟာ၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ဘယ်လိုများ.......................

7 ဝေဖန်ထားပါတယ်။:

Dream said...

မေးပေးမယ်.. ဘယ်လိုများလဲဆိုတာကို...နော်..
:P :P

ကောင်း၏..တိတိကျကျဖော်ပြပေးတာ..

WWKM said...

ဂျပန်အကြောင်းကို ဂျပန်မှလာပြီးဖတ်သွားပါတယ်။း)

နှင်းပွင့်ဖြူ said...

ဘယ်လိုများလဲဆိုတာကို စဉ်းစားမနေတော့နဲ့လေ
ကိုရှင်ရဲထွတ်ရဲ. :P

Unknown said...

စစ်အပြီးမှတ်တမ်းများအရ၊ အနုမြူဗုံးမကြဲလျှင်လည်းလက်နက်ချရတော့
မည့်အခြေအနေကိုကောင်းကောင်းသိသော်
လည်း၊ ရည်ရွယ်ချက်ရှိရှိကြဲပြခဲ့သည့်လုပ်ရပ်
ကြောင့်အပြစ်မဲ့ပြည်သူအမြောက်အမြားအသက်
ပေးခဲ့ရ၊ ဆွေစဉ်မျိုးဆက်ညူကလီးယားဒဏ်
ကြောင့်မွေးရာပါချို့ယွင်းမှုများ၊ ကင်ဆာရောဂါ
ခံစားရမှုများစသည့် ၀မ်းနည်းဘွယ်အဖြစ်ဆိုးများ
ကျန်ရစ်ခဲ့ပါ၏။ လက်နက်ရှိသူနိုင်စတမ်းဟူသော
ကမ္ဘာဦးလူရိုင်းများ၏အမူအကျင့်မှာယခုခေတ်
ယဉ်ကျေးလှပါသည်ဆိုသောသူများမှဆက်လက်
ကျင့်သုံးနေကြသေးသည်မှာတရားကျစရာ
ပင်တည်း။

စိုင်းစိုင်းလားရှိုး said...

mg လင့်မပေးခဲ့သော်လည်း ကျေးဇူးတင်ပါသည် ဆွေးနွေးစရာရှိခဲ့ရင်လည်း ရပါသည်။

Anonymous said...

အတိအကျပြောထားတာ ဖတ်သွားတယ်..
ဘယ်လိုများဆိုတာ ဆက်မတွေးချင်တော့ဘူး.. :P

Anonymous said...

Brother i think its 1945