မှုန်ဝါးဝါး

Tuesday, November 4, 2008
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှ စတင်တည်ထောင်လာသော တတိယ မြန်မာနိုင်ငံတော်ကြီး မှသည် သီပေါမင်း ပါတော်မူ သွားခဲ့ရသော နိုင်ငံတော်နိဂုံး အဆုံးသတ်ခဲ့ရသော ကာလ အပိုင်းအခြားအား ကြည့်မြင်မိသော် ကျွန်တော့် အမြင်လေးသက်သက် မျှတာ ကျွန်တော် တွေးကြည့်မိတာလေးပါ။

နန်းတော်ကို အပိုင်လည်းရရော ဘုန်းတော်ကို အကြောင်းမဲ့ နန်းတော်သစ် မြို့တော်သစ် တည်ချင်လာကြရော၊ နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်လက်နက်၊ နည်းပညာ၊ စီးပွား၊ ပြည်သူတွေရဲ့ အနာဂါတ် ဖန်တီးပေးဖို့ထက် နန်းတော်သစ်ကို ဘုန်းတော်အမြစ် ချခြင်လာကြတယ်။ အဲ မှတ်မှတ်ထင်ထင် ရွှေနန်းကြော့ရှင် အမည်တွင်တဲ့ ဘကြီးတော်မင်း သူ့ရဲ့ နန်းတော်ကြီးဟာ ခမ်းနားချက်ကတော့ ရဟန်းရှင်လူ ပြည်သူတွေက ဘွဲ့တော်နှင်းတယ် ရွှေနန်းကြော့ရှင်တဲ့။ ဘွဲ့တော့ရတယ် နေလို့လည်းကောင်းတယ် ဇိမ်လည်းကျမှာပေါ့၊ အဲ ငွေဘယ်လောက်ကုန်ခဲ့လည်းတော့ မသိ မသိ၊ ဟိုမှာ ကိုလိုနီတွေက အောက်ပြည်ကို ၀ါးနေပြီ။

ရှိသေးတယ်နော် သက်ဦးဆံပိုင် ကိုးဗျ၊ အဟေး မိဖုရားတဲ့ ကိုယ်လုပ်တဲ့ မောင်းမတဲ့ များလိုက်တာ များလိုက်တာ၊ အဲဒီလို များတာကိုက မြန်မာနိုင်ငံရဲ့ အနာဂါတ် အကြောင်းမလှချက်တွေပဲဗျ။ အဲဒီမှာ ဘကြီးတော်က မယ်နုကို ခေါင်ဖုရား မယားအဖြစ် မထားရင် နိုင်ငံတော် အရေး ဇါတ်ခုံနံဘေးက အဖြစ်ရယ် အပျက်ရယ် ဒီလိုလည်း ဖြစ်မလာနိုင်ဘူးရယ်ဗျ။ မယ်နု သမီး ဆင်ဖြူမရှင် ဟာ နိုင်ငံတော် ရဲ့ အဆိုးဝါးဆုံးသော ပြစ်မှုကို ကျူးလွန်တာပဲလေ၊ မယ်နုကို သာယာဝတီမင်း ရေချကတည်းက ဆင်ဖြူမရှင် ပါမသွားတာဆိုးလှတယ်ဗျ၊ ကဲဗျာ အသုံးလုံးဝမကျတဲ့ ပုဂံမင်း ဆိုးဝါးပါတယ်၊ ကုလားကို မြို့ဝန်ခံ့ အမှားရယ်က နာလှချည်ရဲ့ ကုလားရယ်ကလေ ထင်တိုင်းကြဲ မြင်တိုင်းဆွဲတော့တာပေါ့၊ မောင်ပိန်တပည့် ငတိကမခေ ရွှေနန်းရယ် အ၀မှာ ဖျက်လို့ ဦးပိန်တဲ့ ဒီတံတား ဆောက်တာတော့ ကောင်းတာပေါ့နော်၊ ဘကြီးတော်နန်း ငွေကုန်ပေမယ့် ဘာကျန်ခဲ့လည်း တံတားတော့ ခုထိရှိသေးတယ်။

ပုဂံကို နန်းချ မင်းတုန်းကို နန်းပေါ်တင်၊ ကနောင်နဲ့ မင်းတုန်း ဇါတ်ခုံပေါ်မှာတော့၊ မင်းတုန်းရယ် မယားများလှတယ်၊ နန်းတော်သစ်က တည်ပြန်ပြီလေ၊ မန္တလေးပေါ့၊ ပိုက်ပိုက်တွေ မနည်းဘူးနော် ကုန်မှာ၊ ကနောင်မှာ အရည်အချင်း ရှိပါရက်နဲ့ စစ်ရေးနဲ့ သာသနာရေးကို ရောထွေးတဲ့ နောင်တော် မင်းတုန်းကြောင့်၊ အနာဂါတ်အရေး စစ်မက်ရေးမှာ ကိုယ်တိုင် စမ်းသပ် ထုတ်လုပ်မယ့် လက်နက်စီမံကိန်း ပျက်စီးရယ်ချုပ်ငြိမ်းတယ်ပေါ့။ မယားများတော့ သားတော်များတဲ့ မင်းတုန်း၊ ကနောင်အိမ်ရှေ့ ခပ်စွေ့စွေ့ပေါ့၊ မင်းတုန်းသေရင် ကနောင် ဘုရင်ပေါ့၊ ဘယ်ကျေနပ်မလည်း မင်းတုန်းသား မြင်ကွန်းကလည်း ဘုရင်ဖြစ်ချင်တော့၊ ကနောင်ကို လန်ကျုတ် လုပ်ကြံတာပေါ့၊ ကနောင်သေပေမယ့်၊ မြင်ကွန်းခုံတိုင် အရေးအခင်း အောင်မြင်လား၊ အောင်မြင်ဘူးရယ်နော်။

ကိုယ်တော် မင်းတုန်း နတ်ရွာပြည်သာ လည်လည်သွားဖို့ အားပြုတုန်းမှာ၊ ဆင်ဖြူရယ်မရှင်က လွတ်တော်ဝန်မင်း အကြီးတွေခေါ် မင်းသားတွေဖမ်း လူသတ်ခန်းကို ရက်ရက်စက်စက် သတ်ကာဖြတ်လို့၊ သီပေါဘုရင် ရုပ်သေးရှင်အား အဟေး... နန်းတင်လိုက်တော့၊ ကုန်ပြီပေါ့ ကုန်ပြီ။

7 ဝေဖန်ထားပါတယ်။:

ကဗျာမလေး said...

ကနောင်မင်းကြီးရဲ့ မျိုးဆက်တစ်ယောက် online ပေါ်မှာ blogger ဖြစ်နေပြီဗျ ... ဟီ ဟိ

WWKM said...

ဖတ်ရတာ ခေါင်းစားတယ်..ခေါင်းစားတယ်..
လိုက်မမှီဘူး။

GreenGirl said...

သမိုင်းကြောင်းလေး ဖတ်လို့ကောင်းတယ် :)

ကိုသက်နောင်(phoeniz) said...

ကျွန်တော့်နံမည်မှာပဲ နောင် ပါလို့လားတော့ မသိဘူးဗျ
ကနောင်မင်းသားကြီးကို တော်တော် လေးစား အားကျတယ် ။ အဲဒီတုန်းကသာ ရေမြုပ်ဗုံးတွေ ရှိမယ် ဆိုရင် ရေကြောင်းကိုသာ အဓိက အားထားခဲ့တဲ့ အဲဒီစစ်ပွဲမှာ မြန်မာကို ဒီလို လွယ်လွယ် ဘယ်ရမလဲဗျ ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်က အောင်ပင်လယ် ကန်ကြီး မှာ ခွဲခဲ့တဲ့ ရေမြုပ်ဗုံးမျိုး အဆ ၅၀ သာအောင် ခုချိန်မှာ မြန်မာတွေ မထွင်နိုင်သေးဘူးဗျ ။ မြန်မာတိုင်း အနာဂတ်မြန်မာ နိုင်ငံ တိုးတက်ဖို့ ကြိုးစားရန် တာဝန်ရှိတယ်နော်....

Dream said...

ကောင်းလေစွ.. ကောင်းလေစွ..
ကောင်းလေစွတကား... :P :P

Unknown said...

အင်း.... ယူတတ်ရင်တော့ သံဝေဂ ရစရာ....

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရှင်ရဲထွတ်ရေ... ကြားဖူးပြီးသား အကြောင်းတွေပေမယ့် အရေးအသားသွက်သွက်နဲ့ သမိုင်းကို ပြန်ပုံဖော်သွားတာ တကယ်ကို ဖတ်လို့ကောင်းပါတယ်... သင်ခန်းစာယူစရာတွေ သံဝေဂရစရာတွေ အများကြီးပဲနော် အစ်ကိုရေ...