ကိုယ်စောင့်နတ်

Friday, October 31, 2008
အိပ်စက်ပျော်မက်
ချိန်ခါစက်ဝယ်
ငါ့အိပ်ယာထက်
ချိန်ခါထွက်သွား
ကိုယ်စောင့်နတ်သား
နိုးထချိန်ရောက်
သူပြန်ရောက်၍
အမေးငါရှိ
သူပြန်ဖြေ၏
အသင်နတ်သား
ဘယ်ကိုသွားနည်း
သခင်အိပ်ပျော်
ကျွန်နတ်တော်မှ
သခင့်ချစ်သူ
ထိပ်ထားဆီသို့
သခင့်ကိုယ်စား
စောင့်ရှောက်ထားရန်
သွားရောက်လည်ပတ်
စောင်မတ်ပါ၏
အို သခင်လူသား.............

6 ဝေဖန်ထားပါတယ်။:

megumi said...

ဪ၊ ကိုယ်စောင့်နတ်ကို ကိုရှင်ရဲထွတ်ကြီးအစား ဂျုတီစောင့်ခိုင်းတာလား။ :P :P

ကဗျာမလေး said...

ကြည့်စမ်း ကြည့်စမ်း ကိုယ်စောင့်နတ်ကြီးက အလာကြီးပဲနော်.. ဟိ ဟိ။

Anonymous said...

ဟယ် အဲလိုလား...
အင်းး ကောင်းပ.... :D

WWKM said...

ဟဟ..ကောင်းလိုက်တဲ့ ဦးရှင်ကြီးရဲ့စိတ်ကူးလေး။
ကိုယ်စောင့်နတ်ကြီး ဟိုပြေးရ ၊ဒီပြေးရ နဲ့ သနားစရာပဲ
နော်။ အတူတူနေရင် ပြေးစရာမလိုတော့ဘူးပေါ့ ဦးရှင်ကြီး ရေ..း)
ဦးရှင်ကြီးမ်ြန်မြန်ကြိုးစားနော်..ကိုယ်စောင့်နတ်ကြီး
တနားပါဒယ်။

မသက်ဇင် said...

ရှင်ရဲထွတ်ကတော့လေ----
ချစ်သူကို ချစ်လိုက်တာ---
အိပ်ချိန်လေးတောင် -ချစ်သူကို
စောင့်ရှောက်ဖို့--ကိုယ်စောင့်နတ် ကို
လွှတ်လိုက်တာနေမှာပါ---
ချစ်သူနဲ့ အမြန်ဆုံးပေါင်းနိုင်ပါစေ---

Dream said...

ဟားဟား.. မိုက်တယ်ဟေ့... ကိုယ်စောင့်နတ်ကြီး..
ပြန်မလာတော့ရင်တော့.. အမလေးလေး.. မတွေးရဲ
စရာနော်.. ဟီးဟိး
ခိုင်းစရာရှားလို့ ကိုယ်စောင့်နတ်ကိုသွားစောင့်ခိုင်းတယ်
ဟားဟား..

မိုက်တယ်ဟေ့.. ကဗျာလေးကတော်တော်လန်းတယ်..
ကောင်မလေးနဲ့အဆင်ပြေပါစေ..နော်..ဒါမှ ကိုယ်
စောင့်နတ်ကြီးမပင်ပန်းမှာ.. :P :P