KIMI NO KOTO GA SUKI

Wednesday, October 22, 2008
နေသူရိန် အာရုဏ်ကျင်းတော့
ကြင်သူရယ် မနက်ခင်းမှာ
သာယာဖွယ် ငှက်ကျေးသံလို
တီတီတာ စကားလုံးက
ဘ၀င်မှာ လေဟပ်စေပေါ့

ဖော်မကွာ ဒီတစ်သက်မှာ
အစဉ်သာ ပိုင်စားစေဖို့
ရင်ခုန်သံ စေပါးလို့ကာ
ချစ်ဦးသူ မင်းကြားစေသား
တိုင်းတစ်ပါး စကားလုံးက

kimi no koto ga suki

4 ဝေဖန်ထားပါတယ်။:

megumi said...

အလဲ့၊ ဂျပန်လို ရည်းစားစကား ပြောနေပါလား။ ဟ ဟား။ :P :P :D :D :) :)

WWKM said...

ဦးရှင်ကြီး ..
ဂျပန်လိုတွေလုပ်ကုန်ပြီ. အဟဲ :P

အရုပ်ကလေး said...

ကဗျာလေး ကောင်းတယ်
ပထမပိုဒ်လေးကို ပိုသဘောကျတယ်
နေသူရိန် အာရုဏ်ကျင်းတော့
ဂျပန်လို ဘာသာစကားနဲ့
ချစ်ခြင်းကို ပြောရပြီပေါ့

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင် စံစားပါစေ

မသက်ဇင် said...

ရှင်ရဲထွတ်ရေ----
လေးလုံးစပ်ကဗျာလေးက --လှလိုက်တာ---
ဘလောဂ့်လေးကလည်း ပိုလှလာတယ်---
ဖွင့်လိုက်တာနဲ့ မျက်လုံးထဲ--အေးမြသွားတယ်--
ကဗျာတွေ--ပိုလှလာသလို--အတွေးကောင်း--
အရေးကောင်းပါပဲ--
ခင်မင်လျက်