တစ်ခါတုန်းကပေါ့၊ နယ်မြို့လေး တစ်မြို့မှာ၊ အရမ်းခင်မင်ကြတဲ့ ဗရုတ် နဲ့ သုတ်ခ ဆိုတဲ့အိမ်ချင်းကပ် သူငယ်ချင်းနှစ်ယောက်
ရှိကြတယ်တဲ့၊ အဲ သူတို့နှစ်ယောက်က ခင်တာမှ အိပ်တာတောင် အတူတူ အိပ်ရမှ ကျေနပ်တာ၊ မွေးနေ့ မွေးရက်လည်း အတူတူပဲဗျာ။
သူတို့ နှစ်ယောက်ရဲ့ ချစ်တဲ့ ခင်တဲ့ စိတ်ဟာ မွေးကတည်းက သံယောဇဉ် ချက်ကြိုး ဆက်ခဲ့လား မဆိုတတ်ဘူး၊ အူဝဲ ဘ၀က စလို့ အမေချင်း လဲပြီး နို့စို့ရမှ အငိုတိတ်ပြီး အအိပ်လှတာ၊ အိပ်ပြန်ရင်လည်း ပုခက်ဆိုလည်း တစ်ခုထဲ၊ ကုတင်ဆိုလည်း တစ်လုံးထဲမှ အိပ်ပျော်ကြတာလေ၊ အိပ်တဲ့ ပုံစံလည်း ကြည့်ပါဦး၊ သူ့ခြေထောက် ကိုယ့်ခေါင်း ဆိုင်ပြီး တစ်ယောက် ခြေမ တစ်ယောက် ကိုက်ပြီး အိပ်ကြတာလေ ရှားတယ်နော်။
ကိုယ်ဟာကို လမ်းလျှောက်တတ်၊ ထမင်းစားတတ်လာတော့ ကွိုင်က စလာပြီ၊ ခြံချင်းကပ် ဆိုတော့ ခွေးတိုးပေါက် ရှိပြီပေါ့၊
ဟေ့ကောင် သုတ်ခ ထမင်းစားချိန် ရောက်ရင် နင့်အိမ်ကနေ ဟင်းတစ်ခွက်ယူလာ ငါလည်းယူလာမယ် အိုကေပေါ့ ဒါများ၊ ပြီးရင် ခွေးတိုးပေါက်နားမှာ အတူတူ စားမယ်၊ နင့်အိမ်က မုန့်ဝယ်ပေးရင် ယူလာ ငါ့ရှိတဲ့မုန့်နဲ့ အတူတူစားမယ် အိုကေပေါ့၊
စပြီ ဇါတ်လမ်းက တစ်နေ့ သုတ်ခ အိမ်က သူ့ကို ဂျယ်လီဝယ်ပေးတယ်၊ ဒါနဲ့ ဗရုတ်အိမ်ကို ကူးလာပြီး၊ ဟေ့ကောင် ဒီမှာ
ဂျယ်လီတွေ လာစားရအောင်လို့ ခေါ်တာပေါ့၊ နေဦး စောစောက ငါ့အမေ ကော်ဖီဖျော်ထားတာ တွေ့တယ် ဂျယ်လီစားပြီး
ကော်ဖီသောက်မယ်၊ အေး ကောင်းတယ်ပေါ့၊ ကောင်းချက်ကတော့ နှစ်ယောက်စလုံး အရေးပေါ်ဆေးရုံရောက်သွားတယ်၊ အဲလိုကောင်တွေ။
ကျောင်းနေအရွယ်ရောက်တော့ ကျောင်းနေအရွယ်ပေါ့၊ အစအနောက်ကလည်း သန်ပါ့ စိတ်တူကိုယ်တူပဲ၊ ဆရာမကို ဖားတာလည်း လွန်ရော၊ တစ်နေ့ ဗရုတ်အိမ်က ပဲစိမ်းစားဥ ၀ယ်လာတော့ ဒီကောင်ကစ်လာတယ်၊ ဆရာမကို ပေးဖို့ပေါ့၊
ဟိုကောင် သုတ်ခကလည်း အိမ်က သကြားလုံးတွေ နှိုတ်လာတယ်၊ ကျောင်းရောက်လို့ ဆရာမကိုလည်း တွေ့ရော မျက်နှာလုပ်ကြတာ ဖားတာလေ၊ ဆရာမ စားဖို့ဆိုပြီး လုပြီးပေးကြတာ၊ ဆရာမ အထင်လွဲတာပေါ့၊ ကိုယ့်ဆရာမကို နောက်ရလေခြင်းဆိုပြီး ကျွေးလိုက်တာ ကြိမ်သုံးချက်စီ၊ အဲလိုကောင်မျိုး ဗရုတ်နဲ့သုတ်ခက မလွယ်ဘူး။
အတန်းကြီးလာတော့၊ ကျောင်းပြေးတတ်လာတယ်၊ တစ်ခါ နှစ်ခါ အတန်းပိုင် ဆရာမက သတိပေးသေးတယ်၊ မရရေးချ မရပါ၊ ဒီတော့ ကျောင်းအုပ် ဆရာကြီးဆီ ပို့တော့တာပေါ့၊ ကံကောင်းတယ် မျောက်နှစ်ကောင်က အဲဒီနေ့က ဆရာကြီးရဲ့
ဧည့်သည် ရောက်နေတယ်၊ မနက်ဖြန်မှ တွေ့မယ်ပေါ့၊ ဒီနှစ်ကောင် အကြံထုတ်နေပြီ ဆရာကြီးကို ဘယ်လို ဖားရမလည်း
တောင်းပန်ရမလည်းပေါ့၊ ဟေ့ကောင် သုတ်ခ မနက်ဖြန် တို့နှစ်ယောက် ကျောင်းကို စောစောလာပြီး ဆရာကြီးကို တောင်းပန်ရအောင် ဆရာကြီး စားဖို့ မင်းတစ်ခုခု ယူခဲ့၊ ငါလည်းပဲ ယူလာခဲ့မယ်ပေါ့။
မနက်ရောက်တော့ ကိုယ်စီကိုယ်ငှ ကျွတ်ကျွတ်အိတ် ကလေးနဲ့ပေါ့၊ ဆရာကြီး ကျွန်တော်တို့ ကျောင်းပြေးတာ မှားမှန်းသိ
ပါပြီ ဒီစားစရာတွေ ကျွန်တော်တို့ မုန့်ဖိုးထဲက စုပြီး ဆရာကြီး စားရအောင် ကန်တော့ပါတယ်၊ ဆရာကြီးက သြ၀ါဒတွေ
ပေးတာပေါ့၊ လိမ္မာသိတတ်တဲ့ တပည့်ကိုလည်း ဆုတွေ တသီကြီးပေးတာပေါ့၊ ခွင့်ပြုပါ ဆရာကြီးပေါ့ တော်လိုက်တဲ့ငါကွ၊
အရိုက်မခံရတော့ဘူး ဆိုပြီးပျော်နေတာပေါ့၊ ပြန်လှည့်လို့ တံခါးဝတောင် မရောက်သေးဘူး၊ မိုးကြိုးပစ်သံလို ဆရာကြီးရဲ့
အသံက ဟိန်းထွက်လာတယ်၊ ပြန်လာကြစမ်းပေါ့၊ လာစမ်း မင်းတို့ နှစ်ယောက်က ငါ့ကို သေစေချင်နေတာလားပေါ့၊ ဆရာကြီး ဒေါသငယ်ထိပ် ဆောင့်နေပြီ၊ မင်းတို့ကန်တော့တဲ့ ပစ္စည်းကို ကြည့်ဆိုပြီးပြတော့၊ ဗရုတ်က ဖရဲသီး၊ သုတ်ခက
ဘဲဥတဲ့ဗျာ၊ အဲလိုနှစ်ကောင် အဲလို၊ ဒီကိစ္စ ဆိုင်ရာမိဘ ဆီကို ကွန်ပလိမ်းရောက်တာပေါ့။
နေ့ရက်တွေကလည်း မြန်လိုက်တာနော်၊ အချိုးတော့ မပြောင်းဘူး၊ စားအတူ သွားအတူ အိပ်တော့လည်း တူတူပဲ၊ တစ်နေ့တော့ ဟာ ဟေ့ကောင် သုတ်ခ မင်းမျက်နှာမှာ ၀က်ခြံပေါက်နေတယ်၊ အေး မင်းလည်းတူတူပဲ၊ သြော် သူတို့ နှစ်ယောက် လူပျို ဖြစ်လာကြပြီကိုး၊ အနေအထိုင် နည်းနည်း ပြောင်းလည်းလာသလိုပဲ၊ ဟိုသွား ဒီသွား ကိစ္စလေးတွေ၊
လျှိုလာကြပြီ၊ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် တတ်လာပြီ၊ အတူတူလည်း သိပ်မအိပ်ဖြစ်ကြတော့ဘူး၊ တစ်နေ့တော့
သုတ်ခ နင်ဘာဖြစ်တာလည်း ငါနဲ့လည်း လာမအိပ်တော့ဘူး၊ ရှောင်ဖယ်ရှောင်ဖယ်နဲ့။ နင်ရောငါ့ကို ခေါ်လို့လား ခပ်တန်းတန်းနဲ့၊ တစ်ရက်ပြီး တစ်ရက် ပိုတန်းလာကြတယ်။
ဟေ့ကောင် ဗရုတ် ငါနင့်ကို ပြောစရာရှိတယ်၊ နားထောင်ဆိုပြီး သုတ်ခက ပြောတော့တာပဲ၊ နင်နဲ့ငါ ငယ်ငယ်ကတည်းက၊
ထမင်းစားတာရော၊ မုန့်စားတာရော၊ အိပ်တာရော အိုကွာ ကုန်ကုန်ပြောရင် အမေ့ နို့ကိုတောင် အလှဲအလှယ် လုပ်ပြီးစို့ ခဲ့ကြတာနော်၊ ခုဒီလို လုပ်လို့ မရတော့ဘူး၊ လုပ်လို့လည်းမရတော့ဘူး သိလား၊ ဘာ့ကြောင့်လည်းဆို ငါရည်းစား ရနေပြီ၊
ဒါ့ကြောင့်ပါ တော်ကြာ မင်းက ငယ်တုန်းကလို နင့်မုန့်ငါ့ကျွေး ငါ့မုန့်နင့်ကျွေး ဆိုလို့ မရတော့ဘူး၊ အဟီး အေးပါကွာ သုတ်ခရာ ငါလည်းနင့်ပြောမလို့ ငါလည်းရည်းစားရနေပြီ၊ ငယ်ကလို မုန့်လှဲစားလို့ မရတော့ဘူးနော်။
ထိုနေ့မှစ၍ ဗရုတ် နှင့် သုတ်ခ သည် အကျင့်ဆိုးများကို ပြုပြင်၍ လူကြီးလူကောင်းများပင် ဖြစ်နေတော့သည်။
ညီမငယ် မယ်ဂုမိ တောင်းဆိုထားသော ဗရုတ်သုတ်ခ ကို ဤသို့ ဤပုံ ရေးပေးလိုက်ပါသည်၊ ကျေနပ်နှစ်သက်နိုင်ပါစေ။

3 ဝေဖန်ထားပါတယ်။:
အစ်ကို
စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားတာမို့ ဖတ်လို့ ကောင်းတယ်။ အစောဆုံးဖတ်သွားပါတယ်။
ခင်မင်လေးစားလျက်
ဝင်းဇော်
ဗရုတ်နဲ့သုတ်ခတို့ရဲ့ ရည်းစားလေးတွေကရော ဘယ်သူလေးတွေပါလိမ့် တစ်ယောက်ထဲတော့ မဖြစ်လောက်ပါဘူးနော် ...
စိတ်ကူး ပုံဖော်တာလေးက အရမ်းမိုက်တယ်နော်.....။
ဟောတော့၊ TAG ထားတာက ဗရုတ်သုခနေ့တစ်နေ့ အကြောင်း၊ ရေးပေးတော့ ဗရုတ်နဲ့ သုခအကြောင်း၊ ဟွန်း ၊များပြီ။
ခုတ်ရာတစ်လွဲ၊ ရှရှာတစ်ခြားဖြစ်နေပေမယ့် စာရေးကောင်းလို့ ခွင့်လွှတ်လိုက်မယ်။
ဟိ ဟိ။ စာရေးတော့ တကယ်ကောင်းတယ်။
ရယ်ရတယ်သိလား။
ဒါနဲ့၊ ဘယ်သူက ကိုရှင်ရဲထွတ်ကြီးလဲ။ ဒါမှမဟုတ်၊ နှစ်ကိုယ်ခွဲသရုပ်ဆောင်တာလား။ :P :P
Post a Comment