မသေခင် (၁၀) ရက်တဲ့

Tuesday, September 16, 2008
မ၀ါဝါခိုင်မင်းရဲ့ တက်ဂ်ခြင်းကို ခံရပြီး သကာလ၊ ကျနော်အတွေးတွေ အများကြီးဝင်လာတယ်။ မသေခင် ၁၀ ရက် ဘာလုပ်ကြမလည်းဆိုတော့၊ ကျနော်တို့ ပုထုဇဉ်မှာ မသိခြင်း ၅ ခုနဲ့ ဘ၀ပြောင်းကြတာဗျ၊ ဘာတွေလည်းဆိုတော့....

၁။ ဘယ်နေ့သေရမှာလည်းဆိုတာကို......မသိခြင်း
၂။ ဘယ်အရွယ်မှာသေရမှာလည်းဆိုတာကို......မသိခြင်း
၃။ ဘယ်နေရာမှာသေရမှာလည်းဆိုတာကို......မသိခြင်း
၎။ ဘယ်ပုံစံနဲ့သေရမှာလည်းဆိုတာကို......မသိခြင်း
၅။ သေပြီးရင်ဘယ်ရောက်မှာလည်းဆိုတာကို......မသိခြင်း

ဒီလိုမသိခြင်း ၅ ခုရှိတယ်ဗျ၊ ဒါကြောင့် ကျနော်ဒီလိုတွေးမိတယ်.. နေ့စဉ်နဲ့အမျှကျနော်တို့ဟာ မသေခင်(၁၀)ရက် ကိုရင်ဆိုင် နေကြတာဗျ၊ ဒီတော့ ကျနော်တို့ဟာ ဘာကိုမျှ မသိနိုင်သေးတဲ့ သနားစရာ သတ္တ၀ါလေးတွေလို့ ကျနော် မြင်မိတယ်။ ဥာဏ်မီသလောက် စဉ်းစားကြည့်ရင် အထက်ပါ မသိခြင်း ၅ ပါးကို သိနေခဲ့တာကို ကျနော်တို့ ကံကောင်းတာပဲဗျ။ကဲဒီတော့ ကျနော်တို့ ဘာလုပ်ကြမှာလည်း ဘာစလုပ်မှာလည်းရှင်းရှင်းလေးပါ နေ့စဉ် ဆောက်တည် ရမယ့် သီလ၊ ပြုမူဆောင်ရွက်ရမယ့် ဒါန၊ ကြိုးစား ကျင့်ကြံရမယ့် ဘာဝနာ။ လောဘ မောဟတွေပယ်။ အကောင်းဆုံး ကတော့ ရသမျှအချိန်လေး ၀ိပဿနာ တရားကို နားလည် တတ်စွမ်းအောင်လေ့လာပါ၊ ဆရာကောင်း ရှာပါ ကိုယ်တိုင် အားထုတ် နိုင်အောင်ကြိုးစားပါ၊ ဒီခန္ဓာဖြစ်စဉ် တရားကို နားလည်ရင် ခင်ဗျားတို့ ကျနော်တို့တွေ ဘယ်လို ဒုက္ခ မျိုးပဲ လာပါစေ ကြုံပါစေ သိပ်ပြီးတော့ မတုန်လှုပ်တော့ဘူးဗျ။

ဒါကြောင့် မ၀ါရဲ့ တက်ဂ်ခြင်းကို ကျနော်ဒီလိုပြန်ဖြေပါတယ်။မသေခင်(၁၀)ရက်ကို ကြိုမသိနိုင်တဲ့အတွက် ကျနော်တို့တွေ
နေ့စဉ်နဲ့အမျှ ကောင်းခြင်းအမှုတွေကိုသာ ဆောင်ရွက်ကြမယ်ဆိုရင်ဖြင့် မသေခင်(၁၀)ရက်ကို တွေးကြောက်နေစရာ မလိုတော့ပါဘူးဗျာ.....

3 ဝေဖန်ထားပါတယ်။:

Dream said...

သာဓု..သာဓု.....သာဓု....

သက်တန့် said...

ဟုတ်ကဲ့...
နေ့စဉ်နဲ့အမျှ ကောင်းခြင်း အမှုတွေကိုသာ ဆောင်ရွက်နိုင်ကြမယ်၊ ဆောင်ရွက်နိုင်တယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့နော်...
Dreamပြောသလိုပဲ သာဓု... သာဓု... သာဓုပါရှင်...

Anonymous said...

ဟုတ်ကဲ့ပါ..ကိုရှင်ရဲထွတ် ရေ..
Tag ကလေးကို အဆင်ပြေဆုံး နဲ့ အကောင်းမွန်ဆုံး
ရေးပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်။
ကိုရှင်ရဲထွတ် ပြောတဲ့အတိုင်းပဲ နေ့စဉ်ကောင်းမှူတွေ
ပဲလုပ်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်
နိုင်ကြရင်ဖြင့် အကောင်းဆုံးပါပဲရှင်။
ညီမလေးတွေ ပြောသလိုပဲ..သာဓု..သာဓု..သာဓု ပါနော်။
အစစအရာရာ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ။