လေတွေ တဟူးဟူး တိုက်ခတ်နေသည်၊ နေရာကား လားရှိုးမြို့ရဲ့ အထင်ကရ ၂၅၀၀ စေတီတော် ရင်ပြင်ထက်၊ ချိန်ကား မနက် ၆ နာရီ၊ နှင်းများပင် မကွဲတတ်သေး၊ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်နေသည်၊ ချမ်းအေးလွန်းလှသည်။
ဤနေရာတွင် လူသားသုံးဦး ရှိနေသည်၊ မိန်းကလေးတစ်ဦး၊ ယောင်္ကျားလေးနှစ်ဦး၊ သုံးဦးစလုံး တိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်ခြင်းကို စိုင်းသွေးမှ စတင်ဖြိုခွဲလိုက်သည်။
“ကဲ ကိုဇော်နဲ့ ထွေးငယ် ညကဖုံးဆက်ပြီး ဒီနေရာကို ချိန်းတာ ဘာကိစ္စလည်း” ကိုဇော်မှ ၄င်းကျတ်ကက်တွင်းမှ အရာဝတ္ထု တစ်ခုယူကာ
“စိုင်း နင်ဒါယူထားပါ ငါတို့နှစ်ယောက်လုံးရဲ့ ပြောစကားကို ဆုံးအောင်နားထောင်ပါ၊ ပြီးရင်နင်ကြိုက်သလို ဆုံးဖြတ်နှိုင်တယ်”
“ဟုတ်ပါတယ်စိုင်း ကိုဇော်ပြောသလိုပါပဲ စကားကိုတော့ ဆုံးအောင်နားထောင်ပေးပါ၊ ပြီးမှ ကြိုက်သလို ဆုံးဖြတ်ပါ”
စိုင်းသွေး ဘာမှနားမလည်သေး လက်ထဲမှ ကိုဇော်ပေးထားသော ဓါးမြှောင်၊၄င်းတို့နှစ်ဦးအား ကဲနင်တို့နှစ်ယောက် ရှင်းရှင်းပြောပါ၊ ဘာပြောချင်တာလည်း....
“ကဲပါထွေးငယ်ပဲ စပြောပါ့မယ် စိုင်း ထွေးငယ်ကို ခွင့်လွတ်ပါ၊ စိုင်းနဲ့ ထွေးငယ်ရဲ့ အချစ်ကို မေ့ပေးပါ၊ ငယ်သံယောဇဉ်နဲ့ ခံစားမိတာကို အချစ်လို့ ထွေးငယ်ထင်ခဲ့တယ်၊ ဒါပေမယ့် စိုင်းမှတ်မိမှာပါ၊ ပြီးခဲ့တဲ့နှစ် စိုင်းကျောင်းပိတ်လို့ မြို့ပြန်လာတော့ ကိုဇော်ကို ခေါ်လာတယ်နော်၊ ထွေးငယ်နဲ့ ကိုဇော်ကို၊ စိုင်းကိုယ်တိုင် မိတ်ဆက်ပေးခဲ့တယ်လေ၊ အဲဒီ နေ့ကတည်းက ကိုဇော့်အကြည့်တွေကို ထွေးငယ် ရင်ခုန်ခဲ့တယ်။ ကျောင်းပြန်ဖွင့်ရက် မတိုင်မချင်း ထွေးငယ်တို့ သုံးယောက် သွားအတူ စားအတူ၊ နေလာခဲ့ကြတယ်နော်၊ ကျောင်းဖွင့်ရက်နီးတော့ စိုင်းနဲ့ ကိုဇော်ပြန်သွားတော့လေ၊ စိုင်းကို သတိရတာထက်၊ ကိုဇော်ကို ဘာလို့ ပိုသတိရနေတာလည်း၊ ကိုယ့်စိတ်ကို နားမလည်နိုင်ခဲ့ပါဘူး၊ ပြီးတော့ စိုင်းဆီက လာတဲ့စာထက် ကိုဇော်ဆီက လာတဲ့စာကပို များတယ်။ သိပ်မကြာပါဘူး ကိုဇော်က ထွေးငယ်ကို ချစ်ခွင့်ပန်လာပါတော့တယ်”
“ဟုတ်ပါတယ်စိုင်း နင်ကြိုက်သလို ဆုံးဖြတ်နိုင်တယ်နော်၊ ဒါပေမယ့် စကားကိုတော့ ဆုံးအောင်နားထောင်ပေးပါ၊ သစ္စာအနေနဲ့ ပြောမယ်ဆိုရင်၊ ငါနဲ့ ထွေးငယ် နင့်အပေါ် သစ္စာမဲ့တယ်။ ဒါပေမယ့် နှလုံးသားနဲ့ ခံစားပြီးပြောရင်၊ ငါနဲ့ထွေးငယ် မှန်တယ်၊ ငါတို့နှစ်ယောက် နှလုံးသားကို ကိုးကွယ်ပါရစေ။ မနေ့ညကပဲ ငါတို့နှစ်ယောက်၊ ချစ်သူဖြစ်ခဲ့ကြပြီ၊ နင့်ကိုလည်း မလိမ်ချင်ဘူး ဒါကြောင့် နင့်ဆုံးဖြတ်ချက်ကို လာယူတာပါ”
လက်ထဲမှ ဓါးမြှောင် တစ်ဆက်ဆက် တုန်နေသည်၊၊
“နင်တို့နှစ်ယောက် ပြောနေတာ တစ်ကယ်လား”
“ဟုတ်ပါတယ် သူငယ်ချင်း”
“စိုင်း တစ်ခုခု ဆုံးဖြတ်ပေးပါ”
သစ္စာမဲ့လိုက်ကြတာ၊ ရက်စက်လိုက်ကြတာ၊ တစ်ယောက်က အချစ်ဆုံး သူငယ်ချင်း၊ တစ်ယောက်က ငယ်ချစ်၊ နှလုံးသားကို ကိုးကွယ်ခွင့်ပြု လိုက်ရမှာလား၊ သစ္စာမဲ့လုပ်ရပ်ကို အပြစ်ပေးရမှာလား၊ မျက်လုံးအိမ် တစ်ခုလုံးေ၀၀ါးနေပြီ။
''ကိုဇော် ထွေးငယ် ငါ့ရှေ့ကနေ ထွက်သွားကြပါတော့ကွာ၊ နင်တို့နှစ်ယောက်ကို ငါမမြင်ပါရစေနဲ့တော့''
''စိုင်း ခွင့်လွတ်ပါကွာ ငါတို့သွားတော့မယ်''
''စိုင်း ထွေးငယ်တို့ သွားတော့မယ်''
''သွားကြတော့..........................''
မည်သူမှားသနည်း စာရေးသူနဲ့ အဖြေညှိရအောင် ........

8 ဝေဖန်ထားပါတယ်။:
မသိပါ...
နားမလည်ပါ...
ဖတ်လို့တော့ကောင်းပါသည်။
ဒါဆိုရင် စိုင်းရှင်ရဲထွတ် က ကျန်ရစ်ဖြစ်သွားတာပေါ့
ဟုတ်လား..ဟဟား
စိတ်မကောင်းဘူး။း)
စိုင်းသွေးဆုံးဖြတ်ချက်ကမှန်ပါတယ်။
နှလုံးသားနဲ့ရင်းပြီးကိုယ်ချစ်တဲ့
သူနှစ်ယောက်ကိုခွင့်လွတ်ပေးတာ
မြင့်မြတ်ပါတယ်။
ကိုယ့်နှလုံးသားကိုစတေးလိုက်တာ
ပေးဆပ်ချစ်နဲ့ကိုယ့်ချစ်သူကိုစွန့်
လွတ်လိုက်တာကိုပြသပေးတာလို့ထင်ပါတယ်။
ကိုစိုင်းသွေးအနေနဲ့ပြောရင်အချစ်ဆိုတာပေးဆပ်ခြင်းလို့
သတ်မှတ်ရမယ်။
ဦးရှင်ကြီးရေ..မီးမီးကတော့အဲလိုထင်ပါတယ်...
ပဟေဠိအဖြေညှိတာမှန်ရင်ဘာကျွေးမှာလဲတိဝူး.
....ဟီးဟီးဟီးး...
:P :P
ဦးဦးချိုင်းတွေးတဏားပါဒယ်...
နိုနဲ့နော်....
ဟိဟိ။ :P
ဘယ်သူ့ အမှားလဲဆိုတော့ဘယ်သူမှမမှားဘူးလို့ ပြောလို့ ရသလို...အားလုံးမှားတယ်လို့ လဲပြောလို့ ရတယ်...
ရှုပ်သွားပြီလား...ကံကြမာကမှားနေခဲ့တာပါ...
တိတော့ဝူး....အားလုံးကိုရှုပ်နေတာပဲ..အချစ်ဆိုတဲ့အရာ
ကြီးကိုပဲမုန်းတယ်....ဟိဟိ..မဆီမဆိုင်နော်...

ဘယ်သူမှ မမှားပါဘူး...
အားလုံးဟာ သူ့ဟာနဲ့သူ မှန်တယ်လို့ ထင်တယ်...
အဖြစ်အပျက်ကို အရှိအတိုင်း ၀န်ခံရဲတဲ့အတွက် အဲဒီနှစ်ယောက်ကိုလည်း ချီးကျူးပါတယ်...
လက်ခံနားလည်ပေးလိုက်တဲ့ စိုင်းသွေးကိုလည်း လေးစားပါတယ်...
တစ်ဖက်က စဉ်းစားကြည့်မယ်ဆိုရင်လည်း စိုင်းသွေးအတွက် ၀မ်းသာစရာပေါ့လေ...
နောင်တစ်ချိန်မှာ သူ့ကို အမှန်တကယ် ချစ်မယ့်သူနဲ့ ဆုံဆည်းနိုင်ခွင့် ရှိသေးတယ်လေ...
အဖြေမတူရင်တော့ ဆောရီးပဲနော်...
တူရင်တော့ မုန့်ကျွေးရမယ်... ဒါပဲ... :D
ဓါးမြှောင်လေးကိုင်ပြီး ဖြစ်သာဖြတ်လိုက်တော့ ... (သံယောဇဉ်တွေကို) အရ..
စာဖတ်သွားပါတယ်-
အဆင်ပြေပါစေ
အင်းး ဘယ်သူမှားလည်း....... ဘယ်သူမှမမှားဘူးထင်တာပဲ.. အဖြစ်မှန်ဝန်ခံရဲ့တဲ့နှစ်ယောက်ကိုလည်းလေးစားတယ်..
ကိုယ့်ဘက်ကကြည့်ရင်မှားနေပေမယ့် တစ်ခြားလူဘက်ကကြည့်တော့မှန်နေတတ်တာဆိုတော့လည်း.. ဟဲ .. ဝင်ရောက်ဖောရှောသွားပါကြောင်းး :P
Post a Comment