စလယ်ဆုံး နိဂုံးလှဖို့

Thursday, September 11, 2008
ကျုပ်အတွေးတစ်ခု ရလာတာနဲ့ စဉ်းစားမိတယ်ဗျ ဒီလို..............

လူ့ဘ၀ကို စာစီစာကုံး တစ်ပုဒ်နဲ့ ချိန်ထိုးကြည့်တယ် ဥပမာဗျာ
ကျုပ်တို့လူ့ဘ၀ထဲကို စတင်ဝင်ရောက်လာတာနဲ့ အူဝဲဆိုပြီး
စာစီစာကုံးရဲ့ခေါင်းစဉ်ကို ရလိုက်ပြီနော် ကဲဒီတော့ ဒီခေါင်းစဉ်ကို
ဘယ်လိုသီကုံးကြမှာလည်း...................

ငယ်ရွယ်စဉ်ကျောင်းသားဘ၀မှာ ဒီစာစီစာကုံးရဲ့ နိဒါန်းကို လှလှပပ
ဖွင့်လိုက်ကြရအောင်၊ နိဒါန်းကိုအစပျိုးရာမှာ တစ်ဦးနဲ့တစ်ဦး အူဝဲခဲ့တာခြင်း မတူလို့
နိဒါန်းမှာကတည်းက စတင်ကွဲလွဲခဲ့တာပဲ၊ ဘယ်လိုပဲကွဲလွဲပါစေ နိဒါန်းကပျိုးရမှာပဲလေ
မရေးမနေရ လောကသားတိုင်းရဲ့တာဝန်မို့ပဲ၊
နိဒါန်းကိုအလှပဆုံး ဖွင့်နိုင်ခဲ့သူတွေ ရှိသလို၊ တော်သင့်ရုံ ဖွင့်နိုင်တာလည်း ရှိတာပဲ၊
နိဒါန်းကို ဖြစ်ရုံလေးတင် ဖွင့်ခဲ့နိုင်ပြီး စာကိုယ်ထဲကို တန်းဝင်ခဲ့ရသူလည်းရှိတယ်။
ကျောင်းသားအရွယ် နိဒါန်းရယ် ပြီးဆုံးလို့၊ စီးပွားရေးနယ်ပယ် စာကိုယ်ကို ချယ်ရာမှာ........

နိဒါန်းရဲ့ အစကိုပျိုးခဲ့တဲ့၊ ပုံစံအတိုင်း တွန်းပို့ခြင်းကို ခံရတော့တာပဲ၊ ဒီနယ်ပယ်က
အရမ်းကို ရှုပ်ထွေးပွေလီလှတယ်၊ နိဒါန်းရဲ့ဆေးချက် အရောင်ကိုလိုက်ပြီး
ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ ရေးလိုက်ကြ၊ သီကုံးလိုက်ကြနဲ့ ကိုယ့်စာလေးကို
တန်ဖိုးရှိအောင် အဆင်ပြေချောမွေ့အောင် လှိုင်းထန်လည်းစာရေး၊
လေထန်လည်းကဗျာရေး၊ လေပြေထဲမှလည်းသီကျွေးခဲ့ကြတာပဲ။
ခံစားချက်မျိုးစုံ၊ ဝေဒနာပေါင်းစုံနဲ့ ရေးကြ သီကုံးကြနဲ့၊ စာကိုယ်ပိုင်းလည်းပြီးလို့
တတိယအရွယ် နိဂုံးကိုချယ်ရာမှာတော့.............

ကိုယ့်ရဲ့ စခဲ့သောနိဒါန်း ရေးခဲ့သောစာကိုယ်၊
ပျိုးခဲ့သောပန်းများ၊ ပွင့်ခဲ့သောပန်းများ၊ အားလုံးအားလုံးကို နေရာတကျ စီမံချ၍
ထားခဲ့ရတော့မှာမို့၊ နှောင်လာနောက်သားများမှာ၊ သက်ဆိုင်ရာသက်ဆိုင်ကြောင်းမှ
ဤစာစီစာကုံးကို ဖတ်ရှု့မှတ်သားမှာမလွဲ သေချာပဲ၊ ကဲဒီတော့ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့
ခေါင်းစဉ်နဲ့စာစီစာကုံးကို အလှပဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုထားရစ်
ကြမှာလည်း ကဲဗျာ အကောင်းဆုံးရေးခဲ့ကြစမ်းပါဗျာ။
အလှပဆုံးနိဂုံးပေါ့ဗျာ...............

2 ဝေဖန်ထားပါတယ်။:

သက်တန့် said...

အစကတော့ ပြီးသွားပြီ...
အလယ်ရောက်နေပြီ...
နိဂုံးကောင်းဖို့ ကြိုးစားနေပါတယ်... :)

Dream said...

ဘ၀ကိုအူဝဲဆိုပြီးနိဒါန်းပျိုးခဲ့တယ်။
ကိုယ်ပျိုးခဲ့တဲ့နိဒါန်းလေးလှပအောင်
အရွယ်သုံးပါးမှာကြိုးစားနေချိန်မှာ
အောင်မြင်မှုမရခင်စပ်ကြားမှာ
ဘ၀နိဂုံးတော့အဆုံးအသတ်ချင်
သေးဘူး..နော်...

အစကောင်းမှအနှောင်းသေချာဆိုသလို
နိဒါန်းလှမှနိဂုံးကောင်းမှာပါ။ဒါကြောင့်နိဂုံးလှဖို့
ကြိုးစားနေပါတယ်။
အဲလိုထင်တာပဲဦးဦးရ။