ငါးမျှားသောနေရာလေး

Saturday, July 19, 2008
ဆူညံစွာ ပေါက်ကွဲထွက်လာသော နှိုးစက်ကြောင့် အသိတရားက ယနေ့ လုပ်စရာရှိသည်များကို ချက်ခြင်းသတိရစေသည်။ ရေချိုးခြင်းကိစ္စကို ချမ်းစိမ့်သော တောင်ပေါ်မြို့ရဲ့အအေးဒဏ်ကိုမမှုအား မြန်ဆန်သော ပြင်ဆင်မှု့ဖြင့် ငါးမိနစ်နှင့် အပြီးသတ်စေသည်။
နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၄း ၂၀ ၊ အချိန်ကိုက်ပင် ညကတည်းက ပြင်ဆင်ထားသော ကျောပိုးအိတ်ကိုလွယ်၊အိမ်တံခါးအား
အသာအယာ တွန်း၍ထွက်လာသည်။ တောင်ပေါ်လေအေးက လူတစ်ကိုယ်လုံးကို ကျဉ်တက်သွားစေ၏ ။ ချမ်းသောငြား၊ ဇိမ်မခံအား လမ်း
ထိပ်မှကားတစ်စီးကို လက်လှမ်းတားကာ '' ကားဆရာ ဘူတာပို့ဗျာ '' ကားပေါ်တက်ထိုင်၍ မှန်အလုံပိတ်ကာ လမ်းဘေးရှုခင်းများငေးရင်း ၊
မြူနှင်းများပင်မကွဲတတ်သေး ။ ဘူတာအရောက် နာရီဂဏာန်းမှာ ၄း ၅၀ အိုကေ ၊ မနက်စာအား ရှမ်းခေါက်ဆွဲနှင့်ပြီးစေ၏ ။
စီးကရက်ဖွာရင်း ဘူတာတွင်းတို့လှမ်းဝင်ကာ စင်္ကြန်မှထိုင်ခုံတွင် တစ်ခဏမျှအချိန်ဖြုန်းလိုက်သည် ။ ၅း ၃၀ ရထားစထွက်ပြီ ၊ မိမိနေရာတွင်ထိုင်၍ မရှိန်မရတတ်သေးသော ဂျူံး ဂျက် အားနားဆင်ကာ ဘူတာအိုကြီးအားငေးကြည့်ရင်း ဘူတာကြီးမှာတစ်ဖြည်းဖြည်း
နှင်းမှုံကြားတွင်ကျန်ရစ်ခဲ့ပြီ ။ ပတ်ဝန်းကျင် မြင်ကွင်းအားငေးရင်းမောရင်း ပေါ်တော်မူ ကုလားဘုရားပင်ကျော်ခဲ့ပြီကော ၊ ရထားအရှိန်ကြောင့် ပြင်ပမှအေးစက်သော လေတိုးဒဏ်ကို ကာကွယ်ရန် ပြူတင်းတံခါးချရင်း စောစောထလာရသည့်အရှိန်ဖြင့် မှေးကနဲဖြစ်ကာအိပ်ပျော်သွား၏ ။
ဆူညံသောဈေးသည်များရဲ့ အော်သံကြောင့် ဖျက်ခနဲလန့်နိုးရင်း ဘယ်ဘူတာ ရောက်နေပါလိမ့်ပေါ့ ၊ အော် ကိုဝင်းဦး
( သရုပ်ဆောင် ) နာမည်ကြီးခဲ့သော မြို့တောင်ရောက်နေမှကိုး ။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ၁၁း ၃၀ ၊ လက်ဖက်ရည် သောက်ချင်လာတာနဲ့ အောက်ဆင်းရင်း ခပ်ပြင်းပြင်းတစ်ခွက်မှာ သောက်လိုက်တယ် ၊ မကြာခင်ခရီးကဆုံးတော့မှာပဲ ။
ရထားပေါ်ပြန်တက်ပြီး မကြာခင်မှာပင် ရထားမှာဘူတာအိုအား နှုတ်ဆက်ကာချန်ရစ်ခဲ့လေပြီ။ အင်း..ပျင်းလာတာနဲ့ ခရီးဆောင်အိတ်ထဲက
တိုင်းရင်းသူ ကဗျာဆရာမ ချင်းမလေးရဲ့ ကဗျာပေါင်းချူပ်ကို ထုတ်ကာ ခံစားရင်းပတ်ဝန်းကျင် ပါမေ့သွားလေသည် ။ ကဗျာရေယာဉ်ကြောတွင် မည်မျှမျှောနေမှန်းမသိလိုက် ပတ်ဝန်းကျင် တစ်ခုလုံးမှောင်ကျသွားမှ ကျုပ်ဆင်းရတော့မည် ဆိုသည့်အသိက
ဝင်လာသည် ။ ကမန်းကတန်း ပစ္စည်းကို အဆင်သင့်ပြင်ရင်း ရထားဂူဝအထွက်ကို စောင့်နေမိသည် ။ ရထားအရှိန်လျော့လာပြီ ၊ မကြာခင်
ရှေး နှစ်တစ်ရာကျော် တံတားကြီးနား ရောက်တော့မည် ။ အလင်းရောင် မြင်စပြုလာပြီ ရထားမှာ ဘီးလှိမ့်ရုံလေးလှိမ့်ကာ တံတားပေါ်စဖြတ်ပြီ ၊
တံတားအလယ်လောက် အရောက်တွင် ကျုပ်တံခါးဝမှ လှိမ့်ရုံလေးလှိမ့်နေသော ရထားပေါ်မှတစ်ဆင့် အသာအယာ တံတားပေါ်သို့ခြေချမိပြီ ။ ရထား
မြင်ကွင်းမှ ပျောက်ကွယ်အောင်စောင့်ရင်း ကျုပ်လေဟာပြင်မှာ ခြေချရင်းထိုင်နေမိတယ် ။ ရထားကြီးပျောက်သွားတော့မှ ကျောပိုးအိတ်
ကိုဖွင့်ပြီး စထုတ်လိုက်တယ် တစ် ငါးမျှားတံ၊ နှစ် ငါးစာ ..... ငါးမျှားတံကိုဆွဲဆန့်ပြီး ငါးစာတပ်တယ် ၊ တံတားအောက်က ချောင်းထဲကို
ခဲတပ်ထားတဲ့ ငါးမျှားချိပ်က လိုရာကိုရောက်တယ် ၊ ၁ မိနစ် ၂ မိနစ် ငါးမျှားတံ တင်းကနဲ ဖြစ်သွားတယ် ၊ ကျုပ်ငါးတစ်ကောင်မိပြီ ၊ စိတ်ကျေနပ်ပြီ ။ ......

ကျုပ်ဆီ လာလည်ကြတဲ့ မိတ်ဆွေတွေ ကဲ ဒီငါးကို
ဘယ်လို လုပ်စားကြမလည်း
ကျုပ်ရထား စစီးတဲ့မြို့က ဘယ်မြို့လည်း
တံတား နာမည်ကရော ? ဖြေကြားပေးစေလိုပါသည်....

3 ဝေဖန်ထားပါတယ်။:

ကိုသက်နောင်(phoeniz) said...

ငါးကိုတော့ ကင်စားတာ အကောင်းဆုံးပဲဗျ ။ (မိတဲ့ငါးကတော့ ကင်စားလောက်တဲ့ အရွယ်နဲ့  အကောင်တော့ ဖြစ်ပါစေနော်)။

မြို့ က ကိုဝင်းဦး နံမည်ကြီးတဲ့မြို့ ဟိုဘက်နားက မြို့  လေဗျာ...ဒါများအလွယ်လေး ။ အဲဒါ တောင်ပေါ်မြို့ ။

မြန်မာနိုင်ငံမှာက တံတားတွေက များတော့ အဲဒါတော့ မပြောတတ်ဘူးဗျာ....

ကိုရင်နော်ခင်လေးငယ် said...

အော်.. ကိုရှင်ရဲထွတ်... လားရှိုးကနေ ကျောက်မဲ (ဦးဝင်းဦး ကျောက်မဲအကျဉ်းသား) ကိုဖြတ် နောင်ချို မရောက်ခင် ဂုတ်ထိပ်တံတားပေါ်မှာဆင်း တံတားပေါ်ကနေ ငါးမျှားမလို့လား.. ကြံကြံဖန်ဖန်.. ငါးမျှားကြိုးတော့ တော်တော်ရှည်မှဖြစ်မယ်.. အဲ့ .. ခုန်တော့မဆင်းသွားနဲ့နော်.. :P
ငါးရရင်တော့ ကင်စားတာပိုကောင်းတယ်ဗျို့.. :)

ပန်းခရမ်းပြာ said...

ဖြေမလို့ ကြံခါရှိလေး ရှေ့က အဖြေမှန် ပေးပြီးသွားပြီ။