လာစေချင်သည်မောဋ္ဌာနီ

Monday, July 21, 2008
ဟိုးမြင့်တောင်တန်း
ဝေယံကြားမှာ
ကမ်းပါးကိုတိုး
လျှိုကိုမိုး၍
ဖွေးဖွေးလှုပ်သည်
ပန်းချယ်ရီတို့
နှင်းကြားမြူကြား
ဝင့်ဝင့်လွှားကာ
ကျုပ်တို့ဋ္ဌာနီ
မောရှမ်းပြည်အား
လာစေချင်သည်
မြေပြန့်ပြည်မှ
ညီညီကိုကို
မယ်ပျိုပျိုတို့
ကောက်ညှင်းတစ်ဆုပ်
ပဲပုပ်ထုပ်၍
ဧည့်ခံပါမည်
ကျုပ်တို့ပြည်မှ
နောက်တိုးတစ်မျိုး
မရိုးလေအောင်
အိုးစည်မောင်းသံ
မိုးသို့ညံ၍
လက်ဖက်တစ်ခွက်
ခေါပုတ်ညှပ်ကာ
ဝိုင်းဆိုဝိုင်းက
ထိုတစ်ညမှ
တောင်ပေါ်မြေပြန့်
ရင်ခုန်ဖက်၍
လင်းကြက်တွန်ငြား
ပြန်စိမ့်အားပဲ
နှုတ်ဆက်တေးသံ
နောင်ပိန်နောင်ကား
ယူလီပါစေ........ သား

( ယူလီ = နေကောင်း )

3 ဝေဖန်ထားပါတယ်။:

Anonymous said...

ရှမ်းလိမ္မော်
သစ်တော်သီးနှင့်
စတော်ဘယ်ရီ
ထပ်ကာကျွေးမယ်
အပျိုတော်တွေ
ုလိုက်မှာစိုးလို့ 
ကြိုးတံတားကို
ဖြတ်ကာပြေးတာ
ကိုရှင်ရဲထွတ်လား။

ဆောင်း said...

ရှမ်းပြည်ကိုဖိတ်ပြီး ထွက်ပြေးမလို့ လား

Unknown said...

ကဲလာပြီဗျိုး
း)