ပြန်စာ

Thursday, June 19, 2008
သို့....
ချစ်ရပါသောခင်လေး
ခင်လေးလူကြုံနဲ့ပါးလိုက်တဲ့စာကိုမောင်လက်ခံရရှိပါတယ်
ခင့်စာအတွင်းပါအကြောင်းအရာများဖတ်ရှု့နေရင်းမောင့်
ရင်ထဲမှာခင်လေးကိုဆုံးရှုံးရမှာကိုတွေးရင်းကြောက်မိတယ်
ခင်လေးသိပြီးတဲ့အတိုင်းမောင့်အနေနဲ့ခင်လေးရဲ့အချစ်ကို
ခင့်မိဘမောင်ဘွားအသိုင်းအ၀ိုင်းတွေအလိုမတူတဲ့ကြားကမှ
သူရဲကောင်းဆန်ဆန်ပြိုင်ဘက်တွေကိုကျော်လွှားခဲ့ပြီး
ခင်လေးရဲ့ချစ်သူဆိုတဲ့ဘွဲ့ကိုပိုင်ဆိုင်ခဲ့ရတယ်မလား
ပြီးတော့ခင်လေးရဲ့ဘေးရန်မှန်သမျှကိုလည်းမောင့်လက်ရုံးနဲ့
မှဲ့တစ်ပေါက်မစွန်းနိုင်ဘူးဆိုတာခင်လေးယုံတယ်မလား
ခင်လေးသာလိုမယ်ဆိုရင်ဟိုး..ကောင်းကင်ပေါ်ကကြယ်စင်
ကိုပဲဆွတ်ခူးပေးရပေးရ၊မောင့်သွေးသားကိုပဲကမ်းရကမ်းရ
မောင်ဖြည့်စွမ်းပေးဖို့အသင့်ပါ။ခုချိန်မှာခင်လေးရဲ့စာအရ...
မောင်နဲ့အရေးကြီးစကားပြောစရာရှိသည်ခါတိုင်းတွေ့နေကြ
နေရာလေးမှာလာမည့်လပြည့်ကျော်
( ၁ )ရက်နေ့ည( ၉ )နာရီထက်မနှောင်းပဲ
ရောက်အောင်သာလာပါတော့ဆိုလို့မောင်စိုးထိတ်ရပါတယ်။
ဒါပေမဲ့စိတ်ချနေပါလေ၊ဘ၀နှင့်ဆိုင်တဲ့ အရေး
ဆွေးနွေးဖို့ဆိုတော့လည်းခင်လေးချိန်းတဲ့ညရဲ့
( ၉ ) နာရီအချိန်ထက်မနှောင်း
''မိုးဖြင့်မရွာခဲ့ရင်မောင်အရောက်ဆက်ဆက်လာခဲ့ပါ့မယ်''
ချစ်ရတဲ့မောင်.....

ဝန်ခံချက်...
ဤစာအားမည်သည့်နေရာတွင်ဖတ်ရှု့ခဲ့မိမှန်းကျနော်မ
မှတ်မိတော့ပါ၊
ဤစာ၏ကျောရိုးအားဘ၀င်ကျ၍ပြန်လည်ပြင်ဆင်ရေးသား
တင်ပြခြင်း သာဖြစ်ပါသည်။
သတိ....
အနှီ..ယောင်္ကျားကောင်းများအားငါ၏
ညီမ ၊ အစ်မ များရှောင်ကြလေလော့ ၊ ရှားကြလော့....

1 ဝေဖန်ထားပါတယ်။:

Anonymous said...

အော် ...
တကယ်ချစ်ဖို့ကောင်းတဲ့ ခင်လေးရဲ့
ကိုကို ပဲနော် ....