တိမ်းပါး ခြေရာ

Saturday, May 1, 2010
ကမ်းစပ် တစ်ခု၌
ပထမတွင် ခြေရာနှစ်စုံ

ဒုတိယ ခြေလှမ်း
တစ်စုံ ကျန်၍

တတိယ ခြေလှမ်း
ကြွလှမ်းစဉ်၌

လှိုင်းပုတ်လေသမို့
ခြေရာတွေ တိမ်းပါးကြသည်။


2 ဝေဖန်ထားပါတယ်။:

chocothazin said...

ဒါ သဘာဝပါပဲလေ။
ကမ်းစပ်မှာ ခြေရာကျန်နိုင်ပါ့မလား။

ညီညီထွေး said...

ဒါမှန်တာပေါ့ဗျာ.... ဘ၀တစ်ခုကို လျှောက်တယ်.... သားတွေ သမီးတွေ မွေးဖွားလို့ မျိုးဆက်သစ်တွေ ထင်ကျန်တယ်...... တတိယမျိုးဆက်တွေ ထင်ကျန်မယ့်ဆဲဆဲမှာ ကိုယ့်ကို သေမင်းဆိုတဲ့ လှိုင်းက မြိုချတိုက်စားသွားတယ်.... (ဒီကဗျာကို ကျွန်တော်တော့ ဒီလိုပဲမြင်ပါတယ်.... ဦးရှင် ပြောချင်တာနဲ့ကွဲရင် ကွဲလိမ့်မယ်... )

ခင်မင်တဲ့
ညီညီထွေး