ဘမျိုးဘိုးတူ ၊ ဆင်းသက်လာဘိ
မင်းရောင်ဖိုးဖိုး ၊ သွေးဆက်ဖုံးလို့
သက်သွေးမချန် ၊ ပေးဆပ်ကာတည့်
မျိုးရိုးဇာနည် ၊ ဘာမထီကား
ငါ့မြေငါ့ရေ ၊ ငါ့ပြည်သူများ
လွတ်လပ်တစ်ဖုံ ၊ သာယာစုံဖို့
ကွယ်ဝှက်တစ်ခါ ၊ တည့်တိုးတစ်လှည့်
ရင်ဆိုင်ခဲ့၏ ၊ နယ်ချဲ့ရန်သူ
ကုလားဖြူတို့ ၊ နေမ၀င်ခြင်း
ပြိုပျက်ဆင်းအောင် ၊ ရောင်ရှိန်ထည်ဝါ
သူရကန်စက် ၊ ရှင်နေမင်းမှတ်
ထွက်ပေါ်လာချိမ့် ၊ ရက်မြတ် (၁၃)
ခြိမ့်ခြိမ့်အုံးအုံး ၊ နေမင်းတန်ဆောင်
လင်းရောင်တက်ပြီ။
ဖေဖ၀ါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချူပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
6 ဝေဖန်ထားပါတယ်။:
နေမင်း................
နို့.. ဦးရှင်ရယ် .. အလင်းရောင်က အခု တိမ်ကွယ်နေပါပကော့လား.....း(((
အလင်းရောင်တွေလဲ အဖြေးဖြေး ပြောင်းလို့ အမှောင်တွေ များနေပြီ.. ခုချိန်များ တို့ဗိုလ်ချုပ် သက်ရှိထင်ရှား ရှိနေသေးရင်ဖြင့် ......
လေးစားလျက်
တောင်ပေါ်သား
အမှတ်ရနေမဲ့ နေ့ရက်ပါ။
သုံးမိနစ် ငြိမ်သက် အလေးပြုသွားပါတယ်
ကြိုက်တယ်....
Post a Comment