သင်ပိုင်အပ်သည်

Monday, January 18, 2010
ထားရာနေစေ
စေလိုရာသွား
မင်းခစားရယ်
ငါလေမဟုတ်

ထားရင်လည်းနေ
သတ်လိုရင်လည်း
သေစေအပြစ်
မကျူးသမို့

ထားရာနေခဲ့
စေရာရောက်သွား
မိန့်တော်ချမှတ်
သင်ပိုင်အပ်သည်

ငါ၏၀ိဥာဉ်
ငါ့စိတ်လျဉ်အား
သင်သာပိုင်စိုး
စိုးမိုးအပ်သည်

စေလိုကစေ
သတ်လိုကသတ်
သင်ပြုသမျှ
ငါကျေနပ်သည်

စာနာထောက်ထား
ငဲ့ပါငြားဟု
ငါလေမဆို
သင်ပြုနိုင်သည်

သို့ပေသော်ငြား
ပြုအပ်သမျှ
ကိစ္စရပ်တွင်
အပြုံးပန်းများ အသင် ပန်ဆင်နိုင်ပါစေလေ.............


7 ဝေဖန်ထားပါတယ်။:

Anonymous said...

ဒါ ဦးရှင်ရေးတာလား.. ခုနကပဲ တနေရာမှာ ဖတ်လိုက်ရတယ်..

ဂျပန်ကောင်လေး

kaungkinpyar said...

စေလိုကစေ
သတ်လိုကသတ်
သင်ပြုသမျှ
ငါကျေနပ်သည်

ကျေနပ်နေရင် အကောင်းဆုံးပါပဲ...

ကြယ်ပြာ said...

ဘာတွေဖြစ်လို့ လုပ်ချင်ရာတွေလုပ်ခိုင်းနေပါလိမ့် .....

သီဟသစ် said...

ဟိုမှာ ပျံနေတာ ဘာငှက်တွေလဲဟင်
အချစ်ငှက်လေးတွေပေါ့ကွယ်

:)

အဲဒီအချိန်ကိုး..

နောက်သွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

မေဇင် said...

မိုက်တယ်ဗျာ ... ကဗျာလေးက....... သူ ပြုံးမယ်ဆိုရင်...ဦးရှင် က..ဘာမဆို လုပ်ပေးရဲတယ်ပေါ့...;))

Anonymous said...

ဦးရှင်ကြီး
ရင် နဲ့ ခံစား ရေးဖွဲ့ထားတယ်
ဆိုတာ
အောက်ဆုံးမှာ ထည့်ရေးလေ ......


ဆောင်းနှင်းရွက်

မငုံ said...

ကောင်းလှချည်လား ဦးရှင်ကြီးရေ..အတော်လေးကို ကောင်းတယ်။