2009 ကုန်လွန်ခဲ့ပြီ
အဟောင်းတွေ ဆွေးမယ်ထင်သလား ?
အတိတ်တွေ ပျောက်မယ်ထင်သလား ?
မှားတဲ့လူလည်း မှားခဲ့ကြ...
မှန်တဲ့လူလည်း မှန်ခဲ့ကြ...
ဇရာအိုက တစ်နှစ်လှမ်းခဲ့ပြီ... ။
ပြီးပြည့်စုံတဲ့ ထမင်းဝိုင်း
ငိုကြွေးနေတဲ့ အသိုင်းအ၀ိုင်း
သူ့နေရာနဲ့သူ
2009 ကိုထားခဲ့ပြီ...။
သူငယ်ချင်း
မင်းရော ဘယ်လိုနေလည်း... ?
အမှားတွေ များလား ?
အမှန်တွေ များလား ?
အောင်မြင်ခဲ့လား ?
ရှုံးနိမ့်ခဲ့လား ?
သေချာတာ တစ်ခုက
2009 ကို နှုတ်ဆက်တာ
နင်အားမာန်တွေ ပါနေလိမ့်မယ်..။
နှစ်သစ်မှာ ငါဘယ်လိုနေမယ်
ဘာတွေဖြင့် လုပ်လိုက်မယ်
2008 နောက်ဆုံးအတွေးလိုပေါ့
2009 မှာ လုံးချာလည်လိုက်ပြီး
သူငယ်ချင်းရေ..
2010 မှာ .....
ဇရာအို တုတ်ကောက်
ခပ်ဖြောင့်ဖြောင့် လျှောက်လှမ်းနိုင်ပါစေ......
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
8 ဝေဖန်ထားပါတယ်။:
ကဗျာလေးက မိုက်တယ် လူသားတိုင်း ဇရာအို တုတ်ကောက် ဖြောင့်ဖြောင့်နဲ့ လျှောက်လှမ်းနိုင်ကြပါစေ
ဘယ်မှာလဲ.. ပါလည်းမပါပဲနဲ့..း)). ဦးရှင်နောက်
ဂျပန်ကောင်လေး
ဟုတ်တာပေါ့...နင် တို့ဆိုတာ..လူသားအားလုံးပဲ...။ ၂၀၀၉ မှာ မကောင်းမှုတွေ ထားခဲ့ပြီး..၂၀၁၀ မှာ ဖြောင့်တန်းစွာ ၊ လျှောက်လှမ်းနိုင်ပါစေ..လို့ ကဗျာလေးလိုပဲ ....ပြောလိုက်မယ်နော်..။
ဇရာအိုရေးထားတဲ့ကဗျာလေးလာဖတ်တယ် :P
HAPPY NEW YEAR ဦးရှင်ကြီး
ဇရာအိုတာထက် စိတ်မအိုဖို့က အရေးကြီးတယ်ဟုတ်
နှစ်သစ်မှာ စိတ်အသစ်နဲ့ ရှေ့ကို ဆက်လျှောက်နိုင်ပါစေ
လေးစားလျက်
တောင်ပေါ်သား
ဘာပဲဖြစ်ဖြစ်အားသစ်တခုနဲ့ဖြတ်သန်းမယ်...
ဇရာကိုလည်းစဉ်းစားထားတယ်.... အိုပြီဆိုတော့...လေ
ကဗျာလေးကောင်းတယ်။ ၂၀၀၉ မှာဖြစ်ခဲ့တဲ့ သင်ခန်းစာတွေကို ၂၀၁၀ အားမာန်ဖြည့်ကြတာပေါ့နော့။
Post a Comment