ဆောင်း

Wednesday, December 16, 2009
ရွက်သစ်လဲ မဝေ
ရွက်ဟောင်းလဲ မကြွေနိုင်တဲ့
နှင်းချိုရည် သူလေသောက်ပြီး
ပွင့်နေတာ ဟိုးအမြင့်မှာလေ
မိုးလုံးမှိုင်းပေါ့

နှင်းရည်စက်လက်
ညအမှောင်မှာ လရောင်ကိုပစ်လို့
မြူမှုန်ပုခက် သူလေမှေးစက်ပြီး
ဟော.. နေခြည်သမ်းလာတော့
ကြည့်လိုက်ပါဦး ပွင့်နေလိုက်တာ
သဇင်ပန်းပေါ့
...........................................မရိုးနိုင်သော ဆောင်းပုံရိပ်

ဝတ်ရုံထူတောင် မနွေးနိုင်ဘူး
ထင်းရှုးပင်က ရောင်စုံမီးတွေ
မြူပါးပါးအောက်မှာ လင်းလို့
အေးစက်နေပေမယ့်
နင့်အပြုံးဟာ နွေးနေတယ်

ရာသီတူပေမယ့် ဘာသာမတူတဲ့
ဒီခရစ်စမတ်ကို
နင်နဲ့ တွဲပြီး
ရင်ခုန်ခဲ့ဖူးတယ်ဆိုပေမယ့်
မျဉ်းပြိုင် နှစ်ကြောင်းပေါ်က
ကကွက်ဆိုတာ ငါ သတိလစ်ခဲ့တယ်
...............................................ဟိုးတုန်းက အတိတ်ပုံရိပ်

ကုန်းအဆင်းလေးနဲ့ ကောလိပ်မြေ
အလွမ်းကဖေးမဟုတ်တဲ့
ခပ်ဆွေးဆွေး တီးဆိုင်ရှိတယ်
အဆောင်သူတွေ
စောင်ခြုံမကွေးနိုင်တဲ့
ကိုလူပျိုတွေ ဂစ်တာတီးကွက်မှာ
အေးတာက ရာသီ
ကြည်နူးစရာက အတွင်းသဘော
ကောလိပ်သူတွေ တော်တော်များများက
ဆောင်းညမှာ လေးဖြူ သီချင်းနဲ့
စည်းစိမ် ယစ်ခဲ့ ဖူးပါလိမ့်မယ်
............................................ တစ်ချိန်က လားရှိုး ဆောင်းည

ဆောင်းမမှီတဲ့ ဒီဇင်ဘာ
မိုးရွာကာ ထစ်ချုန်းတလှည့်
အသူရိန် ဖန်ဖန်ညီးတဲ့
စင်္ကာပူ ထင်းရှုးပင်ထက်မှာ
ရောင်စုံမီး ထိန်ထိန်လင်းပေမယ့်
အကြင်သူရေ ...
အရာရာဟာ အတုတွေပါလား
..................................... စင်္ကာပူ ဒီဇင်ဘာ

13 ဝေဖန်ထားပါတယ်။:

ကောင်းကင်ပြာ said...

အော် သူလဲ ဆောင်းကို လွမ်းနေတာပါလား..တနေ့လုံး ဆောင်း ကို လွမ်းတဲ့ ကဗျာတွေပဲ ဖတ်နေမိပါလားနော်...
တို့ တော့ မလွမ်းတတ်ဘူး ကွယ်..

ဆောင်း said...

ဒီမှာ မနက် ၈နာရီထဲက ညနေ ၄နာရီအထိ နှင်းတွေ ကျနေတာ နောက်နေ့ တွေ ၈လက်မထိ နှင်းကျနိုင်မယ် ထင်တာဘဲ။ မနစ်က ၁၁လက်မအထိနှင်းကျတယ်

ဆောင်းဝင်လာတော့ အရမ်းချမ်းတာပေါ့

ပုံ့မေ said...

အမယ် .... လာသေးတယ်... ကောလိပ်သူတွေ စဉ်းစိမ်ယစ်မူးခဲ့ပါလိမ့်မယ်ဆိုပါ့လား.... =) အဟမ်း တိုင်ပြောမယ်ကွာ....

ရှင်ကျားပူမှာတော့ အိမ်းးးးးး မိုးတဖွဲဖွဲ ရွာမစဲ... စွတ်စိုထိုင်းမှိုင်းနေတော့တာပဲ =X

ဏီ(န်)ကင်း said...

မျဉ်းပြိုင် နှစ်ကြောင်းပေါ်က
ကကွက်ဆိုတာ ငါ သတိလစ်ခဲ့တယ်

ဆိုတာနဲ့ နောက်ဆုံးပိုဒ်လေး ကြိုက်တယ်... လွမ်းနေတယ်ပေါ့...ဟ ဟ

ရေတမာ said...

စောင်းရင့်တည့်လိုက် ဦးလေးရာ။းP နောက်တာ ကဗျာလေး သဘောကျတယ်

နွေးနေခြည် said...

စင်ကာပူဆောင်း သဘောအကျဆုံးး)

မငုံ said...

ကဗျာလေး ကောင်းလှချည်းလှ ဦးရှင်ကြီးရ.. စင်္ကာပူ ဆောင်းရာသီမှာ အလွမ်းတွေ ဝေနေတယ်ပေါ့လေ :)

စည်သူ said...

ဟာ....
ကဗျာရေးဖွဲ့ထားပုံလေး ကောင်းတယ်ဗျာ
မရေးတာကြာလို့လားတော့ မသိဘူး အတွေးတွေက နယ်လွန်နေပါရောလား.. ဒီဇင်လာအတွက် ရေးဖွဲ့ထားတာလား.. ရင်တွင်းခံစားချက်တစ်ချို့ရဲ့ တိုက်ဆိုင်မှုလား.. နှစ်ခုစလုံး ဖြစ်မယ်ထင်တယ်.. ခံစားချက်မှ ထွက်ပေါ်လာတဲ့ ကဗျာတစ်ပဒ်လို့ဆိုရင် မမှားနိုင်ဘူးနော်...

ကဗျာမှာက ရင်တွင်းခံစားချက်နဲ့ ဖွဲ့ဆိုမှုဆိုတာ ရှိတယ်လေ..

ထင်တာကိုပြောတာနော်.. ကဗျာတွေတော့ မရေးတတ်ပါဘူး.. ဖတ်လို့ ကောင်းတယ်ဗျာ..

ဆောင်းညရော.. လက်ဖက်ရည်ဆိုင်ရော.. ဒီဇင်ဘာရော.. အကုန်လွမ်းသွားတယ်ဗျာ..

မဆီမဆိုင် အတိတ်ပါ ပါလိုက်သေးတယ် ခိခိ

ခင်မင်စွာဖြင့်
စည်သူ။

နေ၀သန် said...

ဘယ်သူတုန်း.. ဘယ်သူတုန်း.. ပြော.. မရှီခဲ့တဲ့သူနဲ့လား... ဟီးဟီး

မိုးခါး said...

နှစ်ယောက် တူတူလွမ်းပေါ့
း)))

ငချမ်းကောင် said...

ကဗျာလေးဖတ်လိုက်ရတော့ တစ်ရာသီသောဆောင်းကို လွမ်းသလိုလို။ ခုတော့လည်း ဆောင်းဆိုတာကြီးကို ပေါ့စိမ့်တစ်ခွက်လောက်တောင် အရသာခံမကြည့်မိတာ ကြာပါပြီကော။ ကဗျာလေးကိုတော့ ကြိုက်သွားပြီဗျာ။

ဆောင်းနှင်းရွက် said...

ဒါ က အရင် က တစ်ယောက် အကြောင်းလား ..
ခုမှ ပဲ သိတော့တယ် ..
နောက် တစ်ပုဒ် ဆက် ရေးလေ ..
ခု တစ်ယောက် နဲ့ ဆောင်း ဆိုပြီး ..
အဟိ ..
အဟိ ..

Ree Noe Mann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!