ဒီနေ့တော့ သာယာလှပတဲ့ မနက်ခင်းလေးကို လန်းဆန်းစွာနဲ့ နှိုးထခွင့်ရရှိခဲ့တာ အားလုံးကို မင်္ဂလာပါ.........
ဘလော့ဂ်ဖွင့် ဟိုက်..... tag ကြွေးတွေ ကျန်နေသေးပါလား။ ခုတစ်လော ကျနော့် ညီတွေ tag ရောဂါတွေ ကူး စက် နေကြတယ်။ ခုလည်း မလေးရှားမှာ နေပြီး ဟိုကောင်ငပျင်း အေးဆေးမနေဘူး လှမ်းပြီး ဒုက္ခပေး သေး တယ်။
လိုအပ်ချက်များတဲ့ ။ ဘ၀မှာ တင်းတိမ် ရောင့်ရဲခြင်းကို လက်မခံနိုင်သေးသ၍ လိုအပ်ချက် ဆိုတာအရမ်းများ မှာပဲ။
ပညာရေး..... ဘယ်သူမဆို နောက်ဆုံးချိန်အထိ ပညာဆိုတာ ရှာသွားကြတာပဲ ရှာဖွေလို့မှ မဆုံးနိုင်တာ။
လူမှုရေး..... လူမှုရေးနယ်ပယ်လည်း ဒီလိုပဲ မသေမခြင်း လူမှုရေးက ရှိနေရဦးမှာပဲ လိုအပ်နေဦးမှာပဲ။
စီးပွားရေး..... ကိုယ်တတ်နိုင်သရွေ့ ရှာဖွေစားသောက်နေရမှာပဲ လောဘကြီးရင် နွမ်းနယ်မယ်လေ။
အချစ်ရေး..... အချစ်ဆိုတာ ရေစက်ဆုံခဲ့ရင် အေးအတူပူအမျှပေါ့။
ကျန်းမာရေး..... ဒါကအရေးကြီးဆုံးပဲ အရာရာ အားလုံးကို သူက ဦးဆောင်တာ။
မိသားစုရေး..... ဘယ်သူမှ ကိုယ့်ဘေးမှာ မရှိရင်လည်း သူတို့တွေက ရှိနေမှာပဲ။
ဘာသာရေး..... သက်ဝင်ယုံကြည်မှုနဲ့ ကိုယ့် စိတ်နှလုံးကို ထိန်းကျောင်းပေးနေတာ။
အိမ်ထောင်ရေး..... လိုအပ်မယ်ထင်တယ်နော် ဆေးပေးမီးယူတဲ့ ပြောကြတာပဲ သိပ်နားမလည်ဘူး။
ငပျင်းရေ လိုအပ်ချက်တွေက များလိုက်တာ အထက်က ပြောခဲ့ သလိုပေါ့ ရောင့်ရဲတင်းတိမ်နိုင်တဲ့ စိတ်ရှိခဲ့ရင် ကိုယ့်လမ်းကိုသာ မှန်မှန်လျှောက်သွားရင် ဘ၀မှာ နေပျော်ပါတယ်ကွာ ကျေနပ်နှစ်သိမ့်နိုင်ပါစေ....

5 ဝေဖန်ထားပါတယ်။:
ဆိပ်ဆိပ် အရင်လာမန့်တယ်... ဦးရှင်ရေး ထားတာ .... တစ်ကြောင်းချင်းစီ ဆိုတော့ ဖတ်ရတာ တစ်ကြောင်း ချင်းစီ ဖတ်နေရတယ်......:P
ခင်မင်လျှက်
အဆိအ်ခွက်
အင်းး ဦးရှင်ကြီး ပြောတာတွေ အကုန် လိုတယ် ဟုတ်နေတာပဲ သူ့ဟာနဲ့ သူကတော့ တော်တော်ကို ၀ိနည်းလွတ်အောင် ဖြေတတ်တဲ့လူပဲ ပညာလာသင်ဦးမှ
လေးစားလျက်
တောင်ပေါ်သား
ဟဟ...
ဦးရှင်ကြီးကတော့.. ကျတော် ဒီည ပညာလာသင်မယ်နော်
တလုံးယူခဲ့မယ် အဲဆိုလောက်ပြီမလား..
ကျေးဇူးပါပဲဗျာ...
ရေးပေးလို့.. ဟုတ်ပါ့.. ဦးရှင်ကြီးပြောတာလဲ ဟုတ်နေတာပဲ.. မှန်တယ်...။
ဦးရှင်ကြီး.. ဟီးဟီး..
တဂ်ကြွေးတွေ အပီဆပ်နေတယ်ပေါ့ ..
Post a Comment