၁၀ ယောက်

Wednesday, May 20, 2009
နည်းနည်းတောင်ကြာနေပြီ ထိုင်ဝမ်ကျွန်းမှာနေတဲ့ ကျနော့ညီမလေး သဉ္ဇာက အတွေ့ချင်ဆုံး ဘလော့ဂ်ဂါ 10 ယောက်ရေးပြပါတဲ့.....

ကဲ... စလိုက်မယ် ညီမလေးရေ လိုရင်းတိုရှင်းပေါ့နော့....

၁။ စာဖတ်အား အရမ်းကောင်းပြီး သမိုင်းနောက်ခံကို ရသနဲ့ ပေါင်းစပ်ရေးသားလေ့ရှိတဲ့ အမေရိကားက ကျနော့ အမလို့ ခင်မင်ရတဲ့ မသက်ဇင် ....

၂။ ကျနော့ကို ညီမလေးတစ်ယောက်လို နွဲ့ဆိုးတတ်ပြီး အနိုင်ရမှ ကျေနပ်တတ်တဲ့ သွက်လက်ချက်ချာပြီး ဂျပန်မှာ လက်ရှိနေထိုင်နေသူ ညီမငယ် မယ်ဂုမီ ....

၃။ စာတွေ အများကြီး မရေးပေမယ့် ရေးလိုက်ပြန်ရင်လည်း ကဗျာကောင်းတွေ ထွက်လာတတ်တဲ့ အမေရိကားက ကဗျာဦး ....

၎။ လက်သမား မတတ်၊ ပန်းရံ မတတ်တဲ့ ကျနော့ကို ဒီအိမ်လေး ဖြစ်အောင် တည်ဆောက်ပေးခဲ့တဲ့ ညီငယ်လေး မိုးပြေး ....

၅။ အလွမ်းကဗျာတွေကို ခံစားပြီး ရောသမမွှေတတ်တဲ့ တိုင်းရင်းသူ ညီမငယ် ချင်းမလေး ....

၆။ ကျနော့ကို စာမူခ မပေးရသေးတဲ့ ပူးတစ်ကောင် မောင်သက်နောင် ....

၇။ အစ်ကို ပြန်လာရင် ကျားအတူတူ စီးမယ်ဆိုတဲ့ အရုပ်ကလေး အိကု စောရန်နောင် ....

၈။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့ ညီမငယ် ပဲ့တင်သံတစ်ခုရဲ့ ရောင်ပြန် ....

၉။ ရန်ကုန်ပြန်ရောက်ရင် ဗိုလ်ချူပ်ဈေးသွားမယ် စည်သွားဆွဲမယ်ဆိုတဲ့ ၀ဲလ်ကမ်း မောင်ဝင်းဇော် ....

၁၀။ အားလုံးထဲမှာ အတွေ့ချင်ဆုံးကတော့ ဒီတက်ဂ်လေးကို ရေးခိုင်းတဲ့ ညီမငယ်လေး သဉ္ဇာ ပါပဲ ။ နားရွက်ဆွဲမလို့။ ဘာလို့ 10 ယောက်ပဲ ရေးခိုင်းမှန်းမသိဘူး စာရင်းထဲ မပါတဲ့ သူတွေ ရန်လာရှာရင် ဒုက္ခ ကျနော် က အကုန်လုံးကို တွေ့ချင်နေတာဗျ... 10 ထဲ ရေးခိုင်းတော့လည်း ပိုရေးလို့ မရတော့ဘူးလေ နားလည် ပေးပါ နော်.....

14 ဝေဖန်ထားပါတယ်။:

အဆိပ်ခွက် said...

တားတား အရင် မန့်သွားတယ် ဦးရှင်ကြီးတွေရမှာပါ ... အားလုံးနဲ့ နော် ဟုတ်.....

တူလေး (သို့) ညီလေး (သို့်) ဘာဆက်ရေးရမှလဲ.. သိတော့ဝူး
အဆပ်ခွက်

thinzar said...

တူညားကို နားရွက်ဆွဲမယ်တဲ့.....
၁၀ ပဲရေးခိုင်းလို့ ဒီလောက်ကြာတာ ယောက် ၁၀၀ ဆို နောက်နှစ်လောက်မှ ရေးမယ်ထင်တယ် ဟွင်း....။

ခုလိုရေးပေးပါ ကျေးဇူးပါ ကိုကြီးရေ........။
ရန်ကုန်ရောက်မှ တွေ့ကြသေးတာပေါ့ကွာ ။

WWKM said...

တွေ့ချင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ပါစေ ဦးရှင်ဂျီးရေ.း))

တောင်ပေါ်သား said...

တွေ့မယ် အနော့်ကို မတွေ့ချင်ဘူးပေါ့ အဟင့် ရပါတယ်ဗျာ.. ဟီးးးးး ကိုကြီးဝင်းဇော်နဲ့သွားရင် ခေါ်နော့် လိုက်မယ်လေ


လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

အမ် ဥရှင်ဂျီး
မတွေ့ ချင်ဘူးပေါ့ ညီကိုလေ
ဒါဆိုစလုံးလာရင် ဥရှင်ဂျီးကိုတွေ့ မယ်စာရင်းကနေဖျောက်ထားမယ်
ကျန်တဲ့ အမရောင်ရောင်တို့ ခါးခါးတို့ ကြယ်ကြယ်တို့ တစ်မတ်ခွက်တို့ ငတောင် တို့ ဟူးးးးးးးးးးမောပါ့ ပြောရတာ
ကျန်တဲ့လူအားလုံးနဲ့ တွေ့ မယ် ခီညားတော့မပါဘူး စိတ်ချ

ခီခန့် said...

ဟုတ်ပြီ..
ကိုလားရိုး လမ်းမှာတွေ့ရင်လဲ မမြင်ချင်ရောင်ဆောင်နေမယ်ပေါ့..
ဟုတ်ပြီ.. ဟုတ်ပြီ...
မတွေ့ချင်ဖူးပေါ့... မှတ်ထား...
ရေလေးတောင် မတိုက်ဖူးဆိုတဲ့ သဘော...
ဟွန့်... တွေ့မယ်.. တွေ့မယ်...
တောင်ကြီးလာမှ... ဘီယာသောက်ပြီး ကောင်းကောင်းရစ်ပြစ်မယ် ဘာမှတ်လဲ.. ဟွန့်..။
လာနဲ့ မတွေ့ချင် ဖူးဆိုတော့ ဂျီတော့မှာတွေ့လဲ ခေါ်နဲ့ ခီခန့်တို့က ပြတ်ပြတ်ပဲဟေ့...။ ဟွန့်...။

Anonymous said...

မျက်နှာလိုက်တယ်။ ကျေနပ်ဘူး။ ခီလောက်နဲ့ ခီခန့်လေး မပါလို့ တင်းသွားပြီ။ အိမ်လာရင် တံခါးပိတ်ထားမယ်။ ဒါပဲ

ခင်တဲ့
ပြန်ပြန်

meelayzar said...
This comment has been removed by the author.
မသက်ဇင် said...

ရှမ်းလေးရှင်ရဲထွတ်
သဘောဖြူမနောဖြူ
ရှမ်းမချောချောလေး ဒီတခါ ရအောင်ခေါ်ခဲ့
အလွမ်းကဗျာတွေ မရေးနဲ့တော့
ခင်မင်လျက်

အရုပ်ကလေး said...

အရုပ်ကလေးဆိုလည်း အရုပ်ကလေးပေါ့ ကိုရဲရ ..
အိကုက ပါလာပြန်ပြီ .. ဟမ်းဟမ်း ..
ညီမကိုတော့ နာရွက်ဆွဲမယ်ပေါ့ .. ညီမရေ ..
နားကို သံကွန်ချာနဲ့အုပ်ခဲဟေ့ ..

တစ်မြေဆီခြား ဘ၀တွေ မနားတမ်းကြိုးစားရင်း
ဆုံခဲ့ရတဲ့ အစ်ကို့ကိုလည်း ကျေးဇူးတင်သလို ဆုံတွေ့ခွင့်ရမဲ့ နေ့ရက်ကိုလည်း မျှော်နေတယ် ကိုရဲရေ ...
ကျားစီးရင်း ပြောကြတာပေါ့ .. ဟိဟိ
ကိုရဲကတော့ ဘယ်သူ့အကြောင်း ပြောမလဲ ..

ကဗျာဦး said...

တွေ့ချင်တယ်ဆိုလို့အပြေးရောက်လာတာ
အရပ်၅ပေ၂ခွဲ။ အသားအရည်ကဖြူဝါ။
ပေါင်၁၂၀။ ပညာအရည်အချင်းက လက်ရှိ ကွန်ပျူတာ
ဆိုင်ရာနည်းပညာနဲ့ဘွဲ့ယူမည်။
အဟမ့်း့ 
ဒါပေမယ့် အလွန်စွာတေးလန်တယ်လို့ မလိုသူများက
သတ်မှတ်ထားသည်။
ပုံ ကဗျာဦး

megumi said...

မုန့်မဝယ်ကျွေးရင် တွေ့ချင်ဘူး။ :P :P

ကိုသက်နောင်(phoeniz) said...

စောင့်မျှော်လျက်ပါ ကိုရှင်ရဲထွဋ် ....


လက်ဆောင်တော့ ယူလာခဲ့ရမယ်နော် ......
စာမူခ ကကြိုက်သလောက် သောက်.... ဟဲဟဲ မှားလို့ .... ကြိုက်သလောက် ယူလို့ ပြောတာ.....

Unknown said...

နာမည်မပါလို့ ၀မ်းနည်းပါရဲ့

ဒါပေမယ့် ၀မ်းမနည်းတော့ပါဘူး

10 ယောက်ထဲမပါပေမယ့် 101 ယောက်ထဲ ပါမယ်လို့

ထင်မိလို့ :)

ခင်လျက်။ မင်းမင်း