မှတ်တမ်း

Tuesday, May 12, 2009
ပြန်ပြန် ကြယ်ကြယ်
ဆိပ်ဆိပ် ခါးခါး
ပန်ပန် မန်မန်
ငတောင် ရှင်ကြီး
ဤခရီးအား
တွဲ၍ပျော်ပျော်
မော်၍ပြုံးပြုံး
ရင်ရှုပ်ဝင်ကြည့်
ဝါးတကြွပ်ကြွပ်
ဖုန်းတစ်ဒိုင်းဒိုင်း
ပစ်၏ခတ်၏
စား၏သောက်၏ ( ရုပ်ရှင်ရုံထဲတွင် ဤနေ့သည်ကား 10/05/2009 ပင်တည်း )

ညနေခြည်စောင်းလေသော် အနှီအုပ်စုမှ အဘယ်ခရီး ဆက်ကြအံ့နည်း? ဆုံးဖြတ်ချက် ချလတံ့.....! လေပြည် လည်းသွေး၊ နေခြည်လည်းထွေးတဲ့ အရောင်သွေးစုံ ပန်းတွေစုံတဲ့ ViVo သို့ ချီတက်ကြလေသတည်း။ အိုဘယ့်
ပြန်ပြန် ကြယ်ကြယ် ခါးခါး ဆည်းဆာအလှကြား၌ အပြိုင်အဆိုင် အလှတွေ ပြိုင်ကြလေသတည်း။ အမောင် ဆိပ်ဆိပ်နှင့် ငတောင် မန်မန် သည်ကား နတ်ပန်းချီဆွဲသော ရွှေလက်ရာ ပိုင်ရှင်ပင် ဖြစ်လေသတည်း။ အနှီ နတ်ပန်းချီများအား ငတောင်၏ ပန်းချီပြခန်းတွင် ချိတ်ဆွဲထားပြန်သည်တမုံ့ သွားရောက်ကြည့်ရှုပါကုန်။

အနှီ အလှခြင်းပြိုင်သောပွဲတွင် မည်သူမဲအများဆုံး ရကြသနည်း ? ပရိတ်သတ်များ ဆုံးဖြတ်ရန်သာ ကျန်လေ သည်သမို့ အကျွန်ုပ် ရှင်ကြီး တာဝန်မဟုတ် မဟုတ်။ ပြိုင်ပွဲပြီးချိန်သည်ကား တောင်စွယ်နေကွယ် လေပြီမို့ ရပ်နားကာ ညစာပွဲတော်အား တည်ကြပြန်လေသည်။ ဤကား အစားပြိုင်ပွဲအစတည်း မည်သူ အစားကြီး မည်နည်း ကာယကံရှင်များအား မေးကြကုန်။

ဤတွင် အချိန်နှင့် ဒီရေ သာမက မန်ယူကပါ လူကို မစောင့်လေသည်မို့ အကျွန်ုပ် ရှင်ကြီး အားလုံးထဲမှ နှုတ်ထွက် ပြီး သကာလ စောစီးစွာ ပြန်လာခဲ့၍ ကျန်ရစ်ခဲ့သူများ မည်သို့ မည်ပုံ ပြန်ကြလေသနည်း? မသိတော့ပါ။

သို့သော်ငြားလည်း ဤနေ့ ဤရက် ဤဆုံပွဲ၌ ဤမောင်ဤနှမများ ပျော်ကြရလေသည်မို့ အကျွန်ုပ် ရှင်ကြီးကား မှတ်တမ်းတင်အပ်သော ဤရက်စွဲကို ငါ့မောင် ငါ့နှမများနှင့်အတူ ဘယ်တော့မျှ မေ့မည် မဟုတ်ကြောင်း နှောင် လည်း ဤထက်သာ၍ ပျော်စရာ ကောင်းသော၊ ဤထက်ပို၍ များပြားသော မောင်နှမများနှင့် တွေ့ဆုံလိုပါ ကြောင်း ပြောကြားလိုပါသည်.....





7 ဝေဖန်ထားပါတယ်။:

မိုးခါး said...

ခါးခါး လာလာ ကြည့်ကြည့် ပြန်ပြန် ပြီပြီ :D:D

Anonymous said...

ပြန်ပြန်ရောက်၏ လာရောက်ရှု၏
ထိုပွဲတွင်နိုင်သူမှာ မိမိသာဖြစ်၏
ထိုမှတ်တမ်းအတွက် ကျေးဇူးကမ္ဘာ
တင်ပါ၏

:D:D:D

ခင်မင်လေးစားလျှက်
ပြန်ပြန်

အဆိပ်ခွက် said...

ကြည့် အမြန်လာပါတယ် ဆို ဦးသွားတယ် ဘယ် အကတဲ က ချောင်းနေလဲ မသိဘူးးးးးးး
ဦးဦးရှင်ကြီး ဆိပ်ဆိပ် လာရောက်ခံစားသွားတယ် ....

ခင်မင်လျှက်
အဆိပ်ခွက်

ဂျပန်ကောင်လေး said...

ကြံကြံဖန်ဖန် ပန်ပန်တဲ့..ဟားဟား

Ree Noe Mann said...

ဦးရှင်ကြီးဆီ မာန်မာန် ကလည်း
လာရောက် ကြောင်းသတင်းပို့ပြီး
ကြံကြံဖန်ဖန် တွေးတွေးတောတော
ရေးတက်တယ်ဗျာ။

ပျော်စရာကောင်းတဲ့ အမှတ်တရကို
ခုလို အမှတ်တရ စာသားလေးတွေနဲ့
ဖော်ပြတဲ့ ရှင်ကြီးဦး ကို ကျေးကျေးဇူးဇူး
ပါဗျာ

ခင်တဲ့
ရီနိုးမာန်

အိုက်တား said...

အာရား...
လုပ်ဟ..

အိုက် ချီ ခန့် said...

နောက်ကျလို့ အခု မန့်မန့် လိုက်ဦးမယ်

မမ လားရိုး.. အဲအဲ လေလေ.. မှားပေမပေါ့..
ဥဥ ရှင်ကီး..( စလုံးပေါင်းအမှန်ကိုပြင်ဖတ်ပေါ့..)

ဗလလေးလဲ တောင့်ပေသမို့... အလှလေးတွေလဲ ဖြောင့်ပေ၏...
နှဖူးလေးလဲထင်ပေါ်သ၍..ဆော်တွေလဲခင်တွယ်ကြ၏..
ပလုပ်ပလောင်းနဲ့ စားပေသမို့ ဗိုက်လေးလဲအထုတ်ဖောင်း၍..
လျှင်လျှင်မြန်မြန် အိမ်ပြန်ရှင်းချင်၍ လှည့်ထွက်လာသည်မဟုတ်ပါသကား..။

မောင်လေး ခီခန့်(လူပျင်းလေး)