အလွမ်းသင့်ရာ

Saturday, April 25, 2009
စိမ်းရေပြာ ချောင်းငယ်နံဘေးဆီက
အနားသတ် မြက်ခင်းစိမ်းလေးတွေ
ဖြူလွှလွှ ချယ်ရီပင်ပျိုအောက်
ချစ်သူနှစ်ဦးရယ်လေ

ဟော.......ကြည့်ပါဦး
စမ်းရေလည်းခမ်း
ပန်းတွေလည်းနွမ်း
အသည်းတွေလည်း ကျွမ်းလို့

နှောင်းတစ်မြည့်မြည့်နဲ့
ဟောင်း....ဟိုအတိတ်ဆီက
တမ်းတတယ်ဆိုပေမယ့်
ဆန်းသစ်ကယ် မရတော့တာမို့

အလွမ်းသင့်ရာကိုပဲ မျောချလိုက်တော့မယ်

6 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

ဘာပြောရမှန်းကို မသိတာဗျာ.. ရှိခဲ့ဘူးတဲ့ ကောင်မလေးကိုတောင် ပြန်ရှာလွမ်းမိနေသလိုလိုပါပဲ
ထိတယ် ရင်ထဲ.. ဒါပေမဲ့ အသည်းတော့ ထပ်မကျွမ်းချင်တော့ဘူး


လေးစားလျက်
တောင်ပေါ်သား

စနေသား said...

အခုမှ လွမ်းပြမနေနဲ့ .. ခိုးဆိုးတုန်းခါကျတော့ မခိုးခဲ့ဘဲနဲ့ ... အခုတော့ ဒီမှာဘဲ ရှာတော့... တွေ့ အောင်ရှာနော်... ဖလန်း ဖလန်းလေးတွေ ကိုပြောတာ

thinzar said...

အတိတ်ကို ပြန်တမ်းတတာ မကောင်းဘူးလို့ပြောကြပေမယ့်
တစ်ခါတလေ အတိတ်မှာ နေထိုင်ရတာလည်း
ကောင်းတာပါပဲ....
အလွမ်းသင့်ရာပေါ့နော်... ဟိဟိ

WWKM said...

အတိတ်ကို အတိတ်မှာပဲထားလိုက်ပါဦးရှင်ဂျီးရေ...
သဘောက ရှိခဲ့ဘူးတယ်ပေါ့... မစွန်နာမဟုတ်ဖူးပေါ့..
အဲလိုလားးးး ယုံပါတယ်...
အတိတ်ကို အတိတ်မှာပဲထားလိုက်...
လက်ရှိဘ၀အတွက် ကြိုးစားလိုက်.....
အားပေးနေပါတယ်.. :D

ကဗျာဦး said...

ရည်းစားဟောင်းကိုလွမ်းနေတာလား
ဦးရှင်ကြီး

Dream said...

အဟား....... အူးချင်ဂျီး လွမ်းငွေ့ဝေေ၀ ဖြစ်ပြီး လွမ်းမြစ်မှာ လွမ်းနာကျကာ လွမ်းမျှောမျောနေတာပေါ့လေ.. ဟုတ်လား......

:P :p
ကဗျာလေးက ကောင်းတယ်ဗျာ.... ဖတ်ရတဲ့သူတောင် လွမ်းသွားတယ်... ကဗျာထဲမှာ မျှောသွားတယ်........ ကဗျာကောင်းလေးဗျာ

း)