ပင်လုံးကြိုင် လှိုင်ခဲ့သည့်ပန်း
သွေ့ခြောက်ကာ တစ်ခါနွမ်းပြန်ပေါ့
နှောင်နှစ်ခါ အတာကူးရင်ဖြင့်
ချစ်ဦးသူ ဆံကေသာထက်ဝယ်
တစ်ခိုင်နှစ်ခိုင် သင်းပြိုင်မွှေးစေဖို့
ပန်ပေးချင် ဒီမောင့်အသည်းမှာလ
နှောင်နှစ်သင်္ကြန် ချိန်ပြန်ရောက်ရင်ဖြင့်
ပင်လုံးလှိုင် ကြိုင်ကြိုင်သင်းအောင်
ပွင့်စေချင်သေး

8 ဝေဖန်ထားပါတယ်။:
ပိတောက်စီးရီး No.(4)။ :P
ကဗျာကတော့ အမြဲ လန်းနေတာပဲ။
ဒါနဲ့ ၊ ပိတောက် ဦးဦးလို့ နာမည်ပြောင်းလိုက်ပါလား။ :P :D :)
ဦးရှင်ကြီး ခံစားသွားတယ် နောက်နှစ်ခါ ချစ်သူအတွက် ပန်ပေးနိုင်အောင် လုပ်တော့ဗျို့ အဟဲဟဲ
လေးစားလျက်
တောင်ပေါ်သား
တော်တော်ရှည် တဲ့ သံယောဇဉ်ကြိုးပါပဲ..
ပျော်ရွှင်ပါစေ
သင်္ကြန်သံစဉ်ထဲကကို မထွက်သေးပါလား ..
အစ်ကိုတော် တော့ သင်္ကြန်မှာလည်း မစွံပြန်ဘူး ထင်တယ် ..
ပွင့်ဝါဖူးနဲ့
တစ်နှစ်တစ်ခါ အတာကူးမှာ
အနှစ်ပါလို့ နောင်နှစ်ခါ
လတန်ခူးမှာ ဖူးပွင့်စွ
ပန်ဆင်နိုင်ပါစေ ..။
အတင်းပွင့်ခိုင်းနေတာပဲ
ဦးရှင်ကြီးတို့များ
ဘယ်လိုလဲ ဦးရှင်ဂျီးရဲ့.. ဒီနှစ်လည်း စွန်သေးဘူးလားး
အားပေးရတာ မောလှပေါ့.. ဟဟ
အဆင်ပြေပါစေရှင်.
ကဗျာလေး လာဖတ်သွားတယ် အကိုရေ....
သင်္ကြန်ကို လွမ်းတုန်းလား အကိုရဲ့....။
ပိတောက်ကိုတောင် နောင်နှစ်အတွက် ကြိုပြီး
အော်ဒါမှာ၊ စရံ ရိုက်နေတယ် ...။
တော်တယ်ဗျာ။
အမြဲတမ်း လာအားပေးနေဦးမည်။
Post a Comment