ည....ပိန်းပိတ်လို့
မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်
စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား
ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်
ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်

မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်
စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား
ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်
ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်
