စီးဆင်းခဲ့သည်များ....

Thursday, March 19, 2009
အစ်ကို ဒီနေ့ လစာထုတ်ရက် မဟုတ်လား..? အိမ်စောစော ပြန်လာနော်.! အစ်ကိုပြန်ရောက်မှ ညစာဝယ်ချက်ရမှာ!

အငယ်လေးရေ အုတ်နှစ်ချပ်လောက် မြန်မြန်ဟ..! ညနေဆို နင်လန်းပါပြီကွာ..! ဒီနေ့ လုပ်အားခ ရှင်းမယ့်နေ့ကွ!

ဟူး.... ခုမှပဲ လန်းတော့တယ်..! ကဲလာ.. အလုပ်ခေါင်းမှာ ငွေသွားထုတ်ရအောင်...!

ညီလေးရေ ခဏလေးကွာ...! ဆိုက် မန်နေဂျာ မလာသေးဘူးကွ...!

ကိုတိုးရေ... ဘော့စ်က ပြန်မလာသေးဘူးကွ..! ကိုယ်ဖုံးဆက်ကြည့် လိုက်ဦးမယ်...!

ဟဲလို... ဘော့စ်လား... ? ကျွန်တော် မန်နေဂျာပါ...! အလုပ်သမားတွေ ဒီနေ့ လုပ်အားခရှင်း...ရှင်း....!

အေ့..... မန်နေဂျာလားဟေ... အေ့...! နက်ဖြန်မှ ရှင်းပေးလိုက်ကွာ... အေ့.... ခု..ငါ မအားသေးဘူးကွ....အေ့..!

ညီမလေးရေ.... ဖေကြီး ပြန်လာပြီ....!

ဖေကြီး ဘာဝယ်ခဲ့လည်း..? သားဗိုက်ဆာလှပြီ! မီးလည်း ဆာတယ် ဖေကြီး..!

အစ်ကို ပြန်လာပြီလား...? အဆင်ပြေခဲ့လားဟင်...?

မိန်းမရာ လုပ်အားခ မနက်ဖြန်မှ ရှင်းပေးမယ်တဲ့...!

ရှင်.................!




6 ဝေဖန်ထားပါတယ်။:

Anonymous said...

ဘောစ့် ဆိုတဲ့ ပုဂ္ဂိုလ်ရေ.... ခင်ဗျားကတော့ အေ့ အေ့ နဲ့.. သောက်.. သောက်.. မူးယစ်ပျော်ပါးနေ.. ဟုတ်လား..

ခင်ဗျားသိလား ဟိုမှာ ခင်ဗျားကိုမှီနေတဲ့လူတွေ ဒုက္ခရောက်နေပြီ.. ငတ်နေပြီ..

ခင်ဗျားမတရားဘူး...

တောင်ပေါ်သား said...

ရှင်........ အကို မလိမ်နဲ့ သိနေတယ်နော် အကို ဘယ်ကလပ်မှာ သွားသုံးနေတာလဲ ဟွန်းးးး


အကိုရေ ခံစားသွားတယ်ဗျာ.. ဘ၀ ဘ၀ ဘ၀...

Welcome said...

အေ့ ကိုရှင်ကြီးတော့
အေ့ ဖစ်ရမယ်။
အေ့ စီးဆင်းခဲ့တယ်ပေါ့ အေ့ .. အေ့

(အို ကြို့ကလည်း ထိုးမှ ထိုးပဲ)

ပန်းခင်းလေး said...

အင်းးးးး

ဘာပြောရမှန်းတောင်မသိတော့ ဘူး

ညီမငယ်


ပန်းခင်းလေး

WWKM said...

ဦးရှင်ဂျီးက ဒါမျိုးလဲ တတ်တာပဲနော့...း)
ဘာပြောရမလဲ မသိတော့ဘူး..

Anonymous said...

ဒီလိုပဲဗျ လူဆိုတာ.. ကျနော်ကြားဖူးတဲ့ စကားတခုလိုပေါ့ မိတ်ဆွေ သင်၏နာရေးကို
သင့်မိတ်ဆွေက သူ၏ သွားနာတာလောက် စိတ်မ၀င်စားပါတဲ့။ ဆိုတော့ လူဆိုတာ အတ္တ
သမားတွေပါပဲဗျာ။ ခံစားလို့ ရတယ်။ ထိမိတယ်ဖော်ပြချက်လေးတွေ။