ငုတ်တုတ်

Thursday, March 12, 2009
ကမ္ဘာတစ်လွှား
နေရာများမှ
အလုပ်ကပါး
စိတ်ခြောက်ချားလို့
တွေးတောပူပန်
မှိုင်ရုပ်ဟန်နဲ့
မလှုပ်မရှုပ်
မပြုတ်မူပို
ဟန်ကိုမာန်တင်း
ငေါင်စင်းစင်းနဲ့
ဒေါ်လာကျပ်စေ့
ခေါင်းပန်းညှိလို့
ငုတ်တုတ်ကလေး
ကြည့်နေတာပဲ
ကောင်း.... ကောင်းပါတယ် !


11 ဝေဖန်ထားပါတယ်။:

Anonymous said...

ပထမဆုံး လာကွန့်သွားတယ်..............

သူ မြန်မြန် တက်ပါစေလို့ ဆုတောင်းတယ် ..........
အဟီး.......... ဒေါ်လှ ဒေါ်လှ :P

အေတူးးးး

GreenGirl said...

ကောင်းပါတယ် ကောင်းပါတယ် :P

သက်တန့် said...

ကျပ်စေ့ဆိုတော့ ကြာရှည်ကြည့်လို့ ရတာပေါ့လေ... ငွေစက္ကူဆို အကြည့်နဲ့တင် နွမ်းသွားနိုင်တယ်...
ငုတ်တုတ်ကြည့်ရတာ ပင်ပန်းပါတယ်... သက်တောင့်သက်သာ လှဲပြီးကြည့်... :P

Welcome said...

အားမလျော့ပါနဲ့
ပြေးတွေ့ဖို့အားတွေမွေးထားပါ .. ..

ဆင်ဆင်ပြေပါစေ

Anonymous said...

Me too

Dream said...

ကျပ်စေ့မဟုတ်လောက်ပါဘူးနော်။ ဒေါ်လှစေ့လေ။ ငုတ်တုတ်တော့ မထိုင်ကြည့်ပါနဲ့။ ညောင်းနေမှာပေါ.
ဟိဟိ.....ရော့..ခုန်ပေါ်မှာ ထိုင်ပြီးသက်တောင့်သက်သာ ကြည့်။ ဟီးးးး

:P :P

မသက်ဇင် said...

ဟန်ကိုမာန်တင်း
ငေါင်စင်းစင်းနဲ့
ဒေါ်လာကျပ်စေ့
ခေါင်းပန်းညှိလို့
ငုတ်တုတ်ကလေး
ကြည့်နေတာပဲ
ကောင်း.... ကောင်းပါတယ် !

သနားလိုက်ပါဘိ ရှင်ရဲထွတ်ရယ်--
ပျော်ရွှင်ပါစေ---

အရုပ်ကလေး said...

ငုတ်တုတ်လေးနဲ့ မုန့်ထုပ်လေး စားနေတာလား ..
အော် .. ကျပ်စေ့အတွက် ငုတ်တုတ် မေ့နေတာကိုး ..။
အဖြေညှိမရရင် ဒီကို ပေးလိုက် .. အဖြေညှိပေးမယ် ..။

ကျားစီးမယ် .. တူတူပေါ့ ..ဟဟ

တောင်ပေါ်သား said...

ငုတ်တုတ်လေး ထိုင်ပြီး ဖတ်သွားတယ်ဗျာ.. ငုတ်တုတ်လေးကို မှိုင်လို့


လေးစားလျက်
တောင်ပေါ်သား

ရောင်ပြန် said...

ငုတ်တုတ်ကြည့်ရုံပဲလားဟင်..

Anonymous said...

ဒီလိုပါပဲဗျာ ဘ၀ဆိုတာ နိမ့်တခါ မြင့်တလှည့်
ပေါ့။ ခံနိုင်ရည်ရှိဖို့ပဲလိုပါတယ်။ ဘာပဲဖြစ်ဖြစ်
ရှေ့သို့ပဲ ဆက်လက်ချီတက်နေရဦးမှာပါ။
ငုတ်တုတ်ကြည့်မနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါ။