နိတုံ

Thursday, February 19, 2009
ဟုတ်ကဲ့.. ကျွန်တော် ဒီရက်ပိုင်း သီချင်းတွေ ကြားနေရတယ်။ ဟိုဗျာ.... လက်ထပ်ပွဲ မင်္ဂလာပွဲ တွေမှာ ဆိုနေကြတဲ့ မင်္ဂလာတေးတွေပါ။

ကျွန်တော်သိချင်တာ အမြဲတမ်း တော်တော်များများ ပါလာတဲ့ စာသားတစ်ခုရှိတယ်၊ ကျွန်တော်က ဒီအဓိပ္ပါယ်ကို သိချင်လို့ပါ လေးလေးနက်နက်ကို သိချင်လို့ပါ။ ကျေးဇူးပြု၍ သိသောသူများရှိရင် အနက်အဓိပ္ပါယ် ရှင်းပြပေး စေလိုပါတယ်။

စာသားကတော့ ( နိတုံရွှေစင်တဲ့ ) နိတုံ ဆိုတဲ့ အဓိပ္ပါယ်ကို သိချင်တာပါ

10 ဝေဖန်ထားပါတယ်။:

Anonymous said...

ဟားဟ..ဒီတစ်ခါတော့ အရင်ဆုံး ကွန်မန့်ပေးရပြီဗျို့။ နိတုံကိုသိလို့တော့ဟုတ်ဘူးနော်.သူများတွေကတော့ မသိလို့တိတ်တိတ်လေးပြန်သွားပုံရတယ်။ ဘယ်သူသိလဲစောင့်ကြည့်ဦးမယ်ဗျာ။

Welcome said...

(နိတုံ)
ပထမဆုံး ကြားဖူး ဖတ်ဖူး တာပါ။
အဖြေရရင် လက်တို့လိုက်ပါအုန်း
ဗဟုသုတပေါ့ ...

ကိုရင်နော်ခင်လေးငယ် said...

နိတုံဆိုတာ.. အိတုံရဲ့ အစ်မ.. ဟီးး..
“နိတုံနိတုံ” လို့ နှစ်ခါထပ်ခေါ်လိုက်ရင် “နုံတိနုံတိ” လို့ဖြစ်သွားရော.. အဟက်..
တကယ်တော့ ကျနော် ကျမတို့လည်း နုံတိနုံတိ တွေမို့ နိတုံကို မသိရုံလေးရယ်ပါ..

အဲ့... နိတုံကို ရွှေနဲ့ တွဲမြင်ရတတ်ပါတယ်..
“နိတုံရွှေ” ဆိုတာတော့ ကြားဖူးတယ်..

အထင်ပြောမယ်နော် နိတုံ ဆိုတာ ရွှေတစ်မျိုးမျိုး ဖြစ်မယ်ထင်တယ်.. ( ရမ်းတုတ်သွားပြီ :P )

အမှန်လေးသိရင် လာပြောပါဦးနော်..

WWKM said...

မသိဘူးး ဦးရှင်ဂျီးရ..
အခုမှ ကြားဘူးတာပဲ။
ဦးနော်တို့ ပြောသလိုပဲ အိတုံရဲ့အစ်မ ဖြစ်နိုင်တယ်။း)

My Diary said...

နိတုံဆိုတာ နုံတိ ပေါ့
ဟုတ်ဘူလား
ဘယ်သီချင်းမှာများပါလို့လဲ ကြားတောင်မကြားဖူးဘူး
သူပြောမှသိတော့တယ် လုပ်ပါဦး သိချင်လို့ ဦးလေးလောင်းရိပ် :)

Dream said...

နိတုံရွှေဆိုတာ မြန်မာပြည် မှာတော့ ရွှေလောကမှာ
ကျော်သန်းတို့ 9.99တို့ထက် ပိုကောင်းတဲ့ ရွှေဂုဏ်ရည် ပြတစ်ခုပါ။ ဖြစ်နိုင်တာက ရွှေစစ်စစ်ပါ။
မသန့်စင် ရသေးသော ရွှေ သို့မဟုတ် .. မည်သည့် အရာဝတ္ထုမှ မရောစပ်ရသေးသော ရွှေသားစစ်စစ်
ကိုပြောတာပါ။။။ လို့ ထင်တာပဲ.... ဟတ်ဟတ်...

ဘယ်သူမှ မသိဘူး ဆိုလို့ လာရမ်းတုတ်ကြည့်တာ...

Dream said...

နိတုံရွှေကိုသာ... .. ဆိုပြီး သီချင်းစာသားထဲမှာ ပါတာ ကြားဖူးပါတယ်.. သိချင်ရင်တော့ ခိုင်သင်းကြည် မင်္ဂလာဆောင်တဲ့ အခွေကို ပြန်နားထောင်ကြည့်ရင် သိပါလိမ့်မယ်... ဟတ်ဟတ်... :P :P

စိုင်းစိုင်းလားရှိုး said...

ဥပမာ.... ပတ္တမြားမည်သော ကောင်းမွန်သော သတို့သားကောင်းအား၊ နိတုံမည်သော ( အပြစ်စင်သော မည်သည့် ပုံသဏ္ဍန်မျှ ပုံဖော်ခြင်း မခံရသေးသော ရွှေစင် သန့်သန့် ) သတို့သမီး တို့၏ တွဲဖက်ညီသော ဂုဏ်ရည်ကို ပြသထားသည်တမုံ့.....

My Diary said...

သိသားနဲ့မေးနေတယ်
အံ့ရော

ဆောင်း said...

ကိုရဲထွတ်ကြီးမင်အလာဆောင်ပြီ ထင်လို့ လာတာ နောက်တော့ ဘလေဟိ လုပ်နေတာကိုး