လောင်းရိပ်

Tuesday, February 17, 2009
လောင်းရိပ်မိတဲ့ ဘဝ
မလွတ်လပ်ဘူး

လောင်းရိပ်မိတဲ့ စီးပွား
မကြီးပွားဘူး

လောင်းရိပ်မိတဲ့ ကလောင်
မထက်မြက်ဘူး

လောင်းရိပ်မိတဲ့ စကား
တာမသွားဘူး

လောင်းရိပ်မိတဲ့ ဦးဏှောက်
မပြက်သားဘူး

လောင်းရိပ်မိတဲ့ အတွေး
မအေးဆေးဘူး

လောင်းရိပ်မိတဲ့ နှလုံးသား
မလန်းဆန်းဘူး

လောင်းရိပ်မိတဲ့ ကာရန်
ကဗျာမဆန်ဘူး

လောင်းရိပ်မိတဲ့ ပန်း
မပွင့်လန်းဘူး

လောင်းရိပ်မိတဲ့ အချစ်
မရှိသင့်ဘူး

လောင်းရိပ်အောက်မှာ ဘယ်သူမှလည်း မရှင်သန်ချင် ကြဘူး


12 ဝေဖန်ထားပါတယ်။:

Welcome said...

စစ်မှန်တဲ့ နှလုံးသား ကိုပြဖို့
လောင်းရိပ်ဖြစ်နေတဲ့ တီရှပ်တောင် မ၀တ်တော့ဘူး။
ဒီတိုင်း ရင်ဘတ်ဟောင်းလောင်းနေတယ်။
--
လောင်းရိပ်လေး အားပေးသွားတယ်။

Kaung Kin Ko said...

ဟုတ်ပ ။ လောင်းရိပ်မိရင်တော့ ဘာမှ မကောင်းတော့ဘူး

တောင်ပေါ်သား said...

လောင်းရိပ်အောက်မှာ မရှင်သန်ချင်တာတော့ အမှန်ပါ ဦးရှင်ကြီးရေ

My Diary said...

လောင်းရိပ်သတိုးသမီးမဖြစ်အောင်ထိန်းသိမ်းနော်
:)

Dream said...

လောင်းရိပ် မမိအောင် နေပူထဲပဲ ထွက်နေတော့မယ်.... အဟီး.. :P :P

လောဘရဲ့ ဆန့်ကျင်ဘက်က အလောဘ
မောဟရဲ့ ဆန့်ကျင်ဘက်က အမောဟ
ဒေါသရဲ့ ဆန့်ကျင်ဘက်က အဒေါသ
လေင်းရိပ်ရဲ့ ဆန့်ကျင်ဘက်က အလောင်းရိပ်...

အဟီး.. ဒါဆို.... ? ? ? :P

ကြယ်ပြာ said...

လောင်းရိပ်အောက်မှာ တခါတလေတော့နေချင်တယ် ... များသောအားဖြင့်တော့မနေချင်ဘူး

flowerworld said...

မှန်ပ..ဟုတ်ပ
အဲ့ဒါကြောင့်မို့လဲ ဦးရှင်ကြီးတို့....လောင်ရိပ်မမိချင်လို့ ဖြစ်မှာနော် ခုထိကို....အဟမ်းးးးးး

နှင်းပွင့်ဖြူ said...

ီဦးဦးရှင်ရဲ ဘာတွေဖြစ်

megumi said...

ဟုတ်ပါ့၊ ဟုတ်ပါ့။ လောင်းရိပ်ဆိုတာကြီးအောက်က မြန်မြန်ရုန်းထွက်မှပဲ။
မဟုတ်ရင် :(

မြတ်သွယ် said...

ကိုယ့်ကိုယ်ကိုတော့အားမရသေးတာအမှန်ပဲ ကိုရှင်ရဲထွတ်
ကဗျာလေးကို ဖတ်သွား မှတ်သွားပါတယ်း)

WWKM said...

လောင်ရိပ်မမိအောင်နေနိုင်ပါစေ ဦးရှင်ဂျီးရေ။း)

Mhu Darye said...

ကောင်းတယ်ဗျို့ .................။
ကဗျာလေး ပြောတာပါ။ ^-^