မာန

Sunday, February 15, 2009
မာနတံခွန် မိုးထိချွန်လည်း
မစင်စွန့်က ဖင်ချွတ်ရ၏

ရွှေသီးစားစား ငွေသီးစားစား
မစင်သွားက နံဟောင်ပါ၏

ငါသည်ငါဟု ငါမာနနှင့်
နေပါလေဦး အသေဦးသော်

လူယုတ်လူမြတ် သေချာချက်က
ခြောက်ပေသုံးပေ ကျင်းသာလျှင်တည်း

12 ဝေဖန်ထားပါတယ်။:

WWKM said...

အမှန်တွေရေးထားတာပဲ ဦးရှင်ဂျီးက တော်တယ်။
မဂျီးက မာန မကြီးဘူးနော်. စောင်းမပြောနဲ့..ဟဟ

နှင်းပွင့်ဖြူ said...

ဟာ................ ဘာပြန်ပြောရမယ်မှန်းတောင်မသိတော့ဘူး
အမှန်တွေသိပ်မကျောနဲ့း)

megumi said...

ဟွန်း လုပ်ပြီ။
:P :P

mabaydar said...

"မာနတံခွန် မိုးထိချွန်လည်း
မစင်စွန့်က ဖင်ချွက်ရ၏"

ဒီစာသားက ကိုရှင်ရဲထွတ်မူပိုင်ကိုး... ဂျီတော့ အိုင်ကွန်တောင်တွေ့တယ်.. ရီရပြီး မှန်လွန်းလို့ သူများဆီကတောင် ကော်ပီကူးပြီး ဂျီတော့မှာ တင်ထားမိသေး... :)

ကိုရင်နော်ခင်လေးငယ် said...

မာလိုမာ နလိုန
ချွန်လိုချွန် ချွတ်လိုချွတ်
သီးလိုသီး စားလိုစား
သွားလိုသွား နံလိုနံ
ငါလိုငါ ငါ့မာန
နေလိုနေ စေလိုစေ
ယုတ်လိုယုတ် မြတ်လိုမြတ်
သတ်လိုသတ် သေလိုသေ
ဦးရှင်ရေးတဲ့ ကျင်းခြောက်ပေ..

နောက်ဆုံးတော့ ဆန့်ဆန့်ကြီး အိပ်ကြတာပေါ့းD

ကိုရင်နော်

Welcome said...

အုဠ်ပတ်ကားတက်မယ်ဆိုတော့
(၆x၃)ပေက ကျဉ်းတယ်ဗျာ .. ..

စိုင်းစိုင်းလားရှိုး said...

မောင်ဝဲလ်ကမ်းရေ ရိုးရိုးပဲကောင်းပါတယ်။

MANORHARY said...

စိတ်ချဉ်တွေများပေါက်နေလေလားမသိ
း×

အရုပ်ကလေး said...

လေးစားလျှက်ပါ .. မှန်ကန်တဲ့ ဖြစ်ရပ်လေးမို့
ပိုမို နှစ်သက်သွားတယ် .. အစ်ကို ..။

Dream said...

ရဖူးရဖူး..ပေလေးဆယ်ပေခြောက်ဆယ်မှ... အဲကွန်းလေးလဲ တပ်ပေး... အဟီး.. :P


ရင်ထဲကို ထိတယ်.. တော်တယ်.. ဟတ်ထိသွားပီ... ဦးဦးရှင်ရဲထွတ်.. (အူးအူးတခြမ်းပဲ့) အဟီး.. :P

မြတ်သွယ် said...

မှန်လိုက်လေ
မှတ်သားသွားတယ် တကယ်
သတိလေးဝင်လာတယ်
ကျေးဇူးပါ ကိုရှင်ရဲထွတ်း)
ကောင်းတယ် အားပေးလျှက်ပါ

Mhu Darye said...

^-^
စူး ရှ ထိ ရောက် ပါပေတယ်။