စိတ်ကူးယဉ်

Wednesday, December 31, 2008
မောင် ထတော့လေကွာ နေဖင်ထိုးနေပြီ အိပ်ပုတ်ကလည်းကြီးလိုက်တာ။ အင်းပါ အမွန်ရာ ဒီရက်ပိုင်းလေးပဲ နားနားနေနေ နေရမှာ ရန်ကုန်ပြန်ရောက်ရင် ဒီလိုအေးအေးဆေးဆေးနေရမှာ မဟုတ်ဘူး ကဲပါ ခုတော့ ထတော့နော် မောင် မနက်စာစားမယ်။ အင်းထမယ် အာပွားပေးရင် ။ ဟာ မောင်ကလည်း ကဲကဲရော့ ထတော့နော်။

နေရာကား ငပလီ ကမ်းခြေ၊ အချိန်အခါကား ညားခါစ ဘလော့ဂါ ရှင်ရဲထွတ်နှင့် သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့် တို့၏ ပျားရည်ဆမ်း အနားယူ ခရီးစဉ်။

အမွန်ရေ မြန်မြန်လာ နေပြင်းလာရင် လှိုင်းကစားလို့ မကောင်းတော့ဘူး၊ ခုနေကစားမှ ရေအတက်နဲ့ ကစားလို့ကောင်းမှာ။ ကဲပါမောင်ရယ် ပြီးပါပြီ ဒီမှာ ရေကူးဝတ်စုံ လဲနေလို့ မောင်ကြည့်ပါဦး လှရဲ့လားလို့။ ဟာ..လှလိုက်တာ မောင့်မိန်းမက ကဲကဲ သဘက်ကြီး ပတ်လိုက်ပါဦး တော်ကြာ သူများတွေ ကြည့်ကုန်လိမ့်မယ် မောင်ကကြိုက်တာ မဟုတ်ဘူး။ အင်းပါ မောင်ရယ်။

အနှီ ညားခါစ စုံတွဲ လက်ချင်းချိတ်၍ ကမ်းခြေသို့ အပြေးတစ်ပိုင်း ပြေးဆင်းသွားသည်မှာ မြင်ရသူ ပရိတ်သတ်အပေါင်း '' ရှေ့သွားနောက်လိုက် ညီလိုက်တာ၊ နေနဲ့လ ရွှေနဲ့မြ ဆိုတာ ဒါမျိုးပေါ့ '' ချီးကျူး အားကျသံ များကို ကြားရမည် ဖြစ်လေတော့သည်။

ဘောကွင်း အပေါ်၌ ပက်လက်လှန်၍ အလိုက်သင့် စီး၍ ကြည်နူးနေသော အမွန်ဆိုသော ဇနီးချောအား ကြည့်ရင်း၊ အမွန်ရာ မောင်တော့ ဒီလိုနေ့တွေကြီးပဲ အေးအေးနေချင်တော့တာပဲ ရန်ကုန်ပြန်ရောက်ရင် အမွန့်ဘေးမှာ အမြဲတမ်း အချိန်ပြည့် နေနိုင်မှာ မဟုတ်ဘူး အမွန်ရဲ့။ အော်မောင်ရယ် အမွန့်ကို စိတ်မချတာလား မောင့်ကို ချစ်လွန်းလို့မှ အားလုံးထဲမှာ မောင့်ကို ရွေးပြီး အမွန်ဘ၀ကို ပေးအပ်ခဲ့တာလေ အမွန့်ဘ၀မှာလေ မောင်သာလျင် အချစ်ဆုံး သိလား။ တကယ်လား အမွန်ရယ် ဒါ့ကြောင့် အမွန့်ကို ပိုချစ်ရတာ။ ရှင်ရဲထွတ်မှာ မချင့်မရဲ စိတ်ဖြင့် သက်မွန်မြင့် ပါးအား နမ်းရန်အလုပ် လှိုင်းတစ်လုံးမှ မထင်ပဲ ရိုက်ခတ်လိုက်ရာ။ အား.. အမွန်ရေ အမွန်။ ဟေ့ကောင်ထစမ်း အလုပ်ချိန် လာခိုးအိပ်နေတယ် ဟုတ်လား အလုပ်သိမ်းရင် ရုံးခန်းလိုက်ခဲ့။

မယ်ဂုမိရေ စိတ်ကူး အယဉ်လွန်သွားလား မသိဘူး။ ကျေနပ်ပါစေ။
/

9 ဝေဖန်ထားပါတယ်။:

မြတ်သွယ် said...

စိတ်ကူးယဉ်လွန်သွားလားတော့ ပုလဲအသိဝူး
ဖတ်လို့တော့ကောင်းတယ် ရယ်လို့လည်းကောင်းတယ် :P
နေနဲ့လ ရွှေနဲ့မြတဲ့လား ....
စိတ်ကူးယဉ် လာအားပေးပါတယ်ရှင် :)

သက်တန့် said...

ပျားရည်ဆမ်း ခရီးပေါ့လေ...
ဦးရှင်ကြီးနဲ့ သက်မွန်မြင့်နဲ့က နေနဲ့လ ရွှေနဲ့မြဆိုတော့... @_@
အမွန်ရေ အမွန်... လှိုင်းလုံးထဲမှာ ကိုယ် ရေမွန်းနေပြီ... :P

megumi said...

သက်မွန်မြင့်နဲ့ ကိုရှင်ရဲထွတ်ကြီးက နေနဲ့လ ရွှေနဲ့မြဆိုပဲ။
ဟိ ဟိ၊ မျက်လုံးရှိလို့သာ ဖတ်ရလေတယ်။ ဟိ ဟိ။ (ပို့စ်ကိုပြောတာနော်။ )
ဟ.... ဟား
ဟ..... ဟား
ဟဲ.....ဟဲ
ဟီး....ဟီး
ဟေး....ဟေး
ရယ်နည်းမျိုးစုံဖြင့် ရယ်သွားသည်။
ဟိ ဟိ၊ စတာနော်။
ကိုရှင်ရဲထွတ်ကြီး က သဘောကောင်းတော့ စိတ်ဆိုးဘူးဟုတ်။
:P :P :D :D :) :)

kiim said...

အဟဲ..သက်မွန်မြင့်နဲ့ ဆိုပါလား..
အဟမ်းအဟမ်း..
ဖတ်လို့ ကောင်းတယ်..
တော်တယ်တော်တယ်.. :P :):D

Anonymous said...

အလုပ်ထုတ်ခံရမယ်ဗျို့ စိတ်ကူးယဉ်တာ ကြည့်
ယဉ်ပါဗျာ

Welcome said...

လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်တာ
ပျော်ဖို့ကောင်းတယ်။
ဒါပေမယ့် စိတ်ကူးယဉ်တတ်တဲ့
ယောက်ျားက ပျင်းတတ်တယ်တဲ့။(ရှေးက)
ဒီဘက်ခေတ်ကျတော့ စိတ်ကူးကောင်းမှ
နေ့ကူးကောင်းမှာလေ။
အစ်ကို ငပလီသွားတုန်းက ဆိုက်ကားခ မပေးရ သေးဘူး၊ ခု လာတောင်းတာ။

Unknown said...

ဘောကွင်း အပေါ်၌ ပက်လက်လှန်၍ အလိုက်သင့် စီး၍ ကြည်နူးနေသော အမွန်ဆိုသော ဇနီးချောအား ကြည့်ရင်း..

အော်... အင်း .. အင်း..
ဟုတ်မယ်နော်..
ထပ်ကာထပ်ကာပြန်ဖတ်လေ..
ခံစားချက်Tampo က မြင့်မြင့်လာလေပဲ..
တွေးလို့ကောင်းလိုက်တာ..
ဟီး

(စ.တာ.. ချိတ်ချိုးရ၀ူးနော်..အတိုဂျီး ချင်ရဲ..)

နှင်းပွင့်ဖြူ said...

အဟွတ် အဟွတ်....
ဘယ်လိုရီးလဲဟ လိုက်လို့မှီတော့ဘူး...
ရတာနဲ့လိုက်ခဲ့လိုက်မယ် .... ဟားဟားး :P

လေလွင့်လူ said...

good idea keep it up