မိုးပြိုသည့်နှယ်

Tuesday, December 2, 2008
နေ့တနေ့မှာ
အစားမှားတော့
ရွှေဝမ်းတော်က
မိုးပြိုသည့်နှယ်
တားလို့မနိုင်
ဆီးလို့မရ
တဝေါဝေါရယ်
ညာသံပေးလို့
ပြိုဆင်းသည်မှာ
နေ့ပေါင်းသုံးရက်
ဆက်ကာချုံးတော့
ကိုယ်တော်ငါ့မှာ
လမ်းလျှောက်ရန်ကို
အားကမရှိ
ခက်လှပြီလေး.........

9 ဝေဖန်ထားပါတယ်။:

Welcome said...

ဓာတ်ဆားရည် ဆောင်ထားပါ။

http://winzaw-mdy.blogspot.com

Anonymous said...

ရှင်ရဲထွတ်နော်----
စာရွက်ပေါ် ဘောပင်ချတာနဲ့--
ကဗျာတပုဒ်က ထွက်လာရော---
ဒါ----ရေးစရာလား--
တိတ်တိတ် ဓါတ်ဆားရည်သောက်ပါလား--

Anonymous said...

လုပ်ပြီ.....
ဒီက မန်မန်စားခါးနီး လာဖတ်မိတာကိုက...
အမှား.... နောင်တတွေ ဗလပွက်ရကုန်ပြီ..
မန်မန် မစားနိုင်လို့ ပိန်သွားရင်တော့
ဒွတ်ခ...

WWKM said...

ဟတ်ဟတ်ဟားးးးးးးးးးးးးးးးး
ဖြစ်ပုံ..ဖြစ်ပုံ ဦးရှင်ဂျီး
စပ်စရာကဗျာရှားလို့..အဟီးးးး
စိတ်ညစ်တယ်..တိတ်တိတ်နေမှ..
အဟွတ်..အဟွတ်..ဝေါ့..ထွီ. ရွံတတ်ပါတယ်
ဆိုနေမှ.. အဟီးး
အနံ့ရတယ် ပြန်ပြီ
တာ့တာ

မြတ်သွယ် said...

ကဗျာလေးကို ဘယ်လိုပြောရမလဲ
အဆင်ပြေပါစေ
ကျန်းမာပါစေနော်

Dream said...

ဟားဟား.. ဓာတ်ဆားရည် လာပို့တယ်... ဟတ်ဟတ်.... အော်..၀မ်းတော်လားရခြင်းအကြောင်း
ကိုကဗျာတသံစာတသံနဲ့ ..စပ်တတ်လိုက်တာနော်..ဟိဟိ
:P :P

နှင်းပွင့်ဖြူ said...

ဗိုက်လေးများ နည်းနည်းကျသွားပြီလားးးးးးးး
:P

Anonymous said...

ဟားဟား
အစ်ကိုကတော့လုပ်တော့မယ်.
ဒါရေးစရာလား ...
ဓာတ်ဆားရည်ဆောင်ထား အအေးများများသောက်..
:P

သက်တန့် said...

ဦးရှင်ကြီးရေ...
ကဗျာလေးက ကောင်းလိုက်တာ...
အနံတွေတောင် ထွက်လာသလိုပဲ... :P
နှာခေါင်းပိတ်ပြီး ဖတ်သွားတယ်... :)