ခူးဆွတ်သူနှင့် သီးပွင့်သူ

Saturday, December 6, 2008
တစ်ချိန်တုန်းကပေါ့ ရွာလေးတစ်ရွာရဲ့ လူသွားလမ်းလေး နံဘေးမှာ သင်းပျံ့မွှေးကြိုင်ပြီး အလွန်တရာမှ စားလို့ကောင်းတဲ့ အသီးပင်လေးတစ်ပင် ရှိသတဲ့၊ ဒါပေမယ့် အဲဒီအပင်လေးဟာ သူ့ရဲ့ အသီးတွေကို လူတိုင်းလည်း မမြင်ရဘူး လူတိုင်းကိုလည်း သူက စားခွင့်မပေး ဘူး တဲ့။ ခုထိ သူ့ရဲ့အသီးတွေကို ဘယ်သူမှ မမြင်ဖူး၊ မစားဖူးသေးဘူးတဲ့။

တစ်နေ့မှာ အဲဒီ ရွာလေးကို မိသားစု တစ်စု ပြောင်းလာခဲ့ကြတယ်။ ဒီမိသားစုလေးမှာ အရမ်းချစ်စရာကောင်းတဲ့ ကျောင်းသူလေး အ ရွယ် ကောင်မလေး တစ်ယောက် ပါလာခဲ့တယ်။ ကောင်မလေး နေ့စဉ် တက်ရမယ့် ကျောင်းက အဲဒီ အပင်လေး ပေါက်နေတဲ့ လူသွား လမ်းလေး ကနေ ကျောင်းသွား ကျောင်းပြန် အမြဲ ဖြတ်သွား ဖြတ်လာ လုပ်ရတာပေါ့။ ဒါကို သစ်ပင်လေးက နေ့စဉ်မြင်နေရတယ်။ အဲဒီတော့ သူ့စိတ် ထဲမှာ ဒီကောင်မလေးကိုတော့ သူ့ရဲ့ အသီးလေးတွေကို ပေးစားချင်တဲ့ စိတ်တွေ ပေါ်လာရောတဲ့လေ။

တစ်နေ့ ကောင်မလေး ကျောင်းကအပြန် သစ်ပင်လေးက ကောင်မလေး မြင်သာအောင် သူ့ရဲ့ ရောင်စုံ သစ်သီးလေးတွေကို ကောင်မလေး တွေ့အောင် ပြလိုက်တော့တယ်။ ကောင်မလေးကလည်း မြင်သွားတော့ ၀မ်းသာအားရနဲ့ အရသာရှိတဲ့ အသီးလေးတွေကို ခူးစားတော့တာပေါ့။ သစ်ပင်လေးကလည်း ပြုံးပြုံးလေးနဲ့ ကောင်မလေး စားနေတာကို ကြည့်ပြီး ကြည်နူးနေတာပေါ့။

ကျောင်းဖွင့်တဲ့ ရက်တွေတိုင်း ကောင်မလေးက နေ့စဉ် တစ်နေ့တစ်လုံး ခူးစားလိုက်တာ ကြာလာတော့ ရာသီဥတုဒဏ်၊ အသီးလေးတွေကို သီးပေးရတဲ့ အင်အားနဲ့ သစ်ပင်လေး ခမျာ တော်တော်ပင်ပန်း လာတော့တာပေါ့။ ကောင်မလေးက ဒါတွေကို ဂရုမစိုက်မိပါဘူး၊ သစ်ပင်လေးက အဟာရတွေလိုလာပြီ အသီးတွေကို သီးပေးနိုင်ဖို့ တော်တော်ခက်လာပြီ၊ မရှိရှိတဲ့ အင်အားနဲ့ ကောင်မလေး လာရင်စားနိုင်အောင် တစ်နေ့တစ်လုံး သီးပေးနေတုန်းပါပဲ။

တစ်နေ့ညတော့ အဲဒီရွာလေးဟာ လေမုန်တိုင်းတိုက်ခတ်ပါလေရောတဲ့၊ နဂိုကမှ အားအင်ကုန်ခမ်းနေတဲ့ အပင်လေးဟာ လေမုန်တိုင်းရဲ့ တိုတ်ခတ်မှုဒဏ်ကို မခံနိုင်ရှာတော့ ကောင်မလေး အတွက် အသီးတွေကို မသီးပေးနိုင်တော့ရှာဘူး၊ အချိန်တန်တော့ ကောင်မလေးက ရောက်လာပါလေရော။ အဲဒီ အချိန်မှာ အပင်လေးက အသီးမသီးပေး နိုင်တဲ့အပြင် အကိုင်းအခတ်တွေပါ ကျိုးပြက် နေပြီလေ။ ဒါကို မြင်တော့ ကောင်မလေးက ''အလကား အပင် အသီးလည်း မရှိဘူး'' ငြူစူ ပြီးထွက်သွားပါရောတဲ့။ ဒါကိုလည်းကြားရော အပင်လေးက ၀မ်းနည်းစွာနဲ့ ''သြော်. ကောင်မလေးရယ် ငါမင်းအတွက် အသီးတွေအများကြီး သီးပေးချင်ပါသေးတယ် ခုတော့ငါမတတ်နိုင်တော့လို့ပါ''

ပုံပြင်လေးရဲ့ အဆုံးသတ်မှာ အပင်လေးခမျာ စားသုံးသူ ကောင်မလေးရဲ့ ပြုစုခြင်းလည်း မခံရဘူး၊ အသီးလေးတွေ သီးမပေးနိုင်တော့ ငြူစူခံရတယ်။ အပင်လေး ဘာတွေဖြစ်နေလည်း၊ ဘာတွေလိုအပ်နေလည်းဆိုတာကို ကောင်မလေးက စိတ်မ၀င်စားဘူး၊ သူသိတာက အသီးလေးတွေစားဖို့ပဲ။ အပင်လေးခမျာ ခူးဆွတ်သူရဲ့ အလိုက်မသိမှုကြောင့် သက်တမ်းတိုတောင်းစွာနဲ့ပဲ ................

8 ဝေဖန်ထားပါတယ်။:

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရေ... လောကမှာ သစ်ပင်လိုလူတွေရှိသလို ကောင်မလေးလိုလူတွေကတော့ ပိုတောင် အများကြီးရှိဦးမှာပါ... ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံး ယူတတ်ကြသလိုမျိုး ပြန်လည်းပေးတတ်ကြပါစေ...

Welcome said...

ဟုတ်ပါတယ်။ သူ့လိုအင်ပြည့်ဖို့၊ သူ့ဆန္ဒပြည့်ဖို့၊ သူ့ကိုယ်ကျိုးအတွက်ပဲ စဉ်းစားတဲ့ သူတွေရှိတယ်။ ကိုယ်က လုပ်မပေးနိုင်တော့တဲ့ တစ်နေ့ကျရင် ကိုယ့်ကို ပစ်ပယ်သွားမယ်ဆိုတာ သိသိကြီးနဲ့ လည်း သံယောဇဉ်တစ်ခုထဲကြောင့် သူ့လိုဘကို ဖြည့်ဆည်းပေးနေမိပါတယ်။
ကိုယ့်စေတနာကို ပြန်နားလည်ပေးနိုင်တဲ့ (မိန်းကလေး)မိတ်ဆွေ အပေါင်း အသင်းနဲ့ ဆုံဆည်းနိုင်ပါစေဗျာ

http://winzaw-mdy.blogspot.com

GreenGirl said...

တစ်နေ့တော့ ကိုယ့်ကိုနားလည်တဲ့သူနဲ့ တွေ့မှာပါ

kiim said...

ဟုတ်တာပေါ့..သစ်ပင်လေးသနားပါတယ်..

Dream said...

ဟင့်ဟင့်...ရွတ်ဖတ်... ပင်ပင်လေးတနားပါဒယ်..

WWKM said...

သနားပါတယ်..ဖတ်ပြီးစိတ်မကောင်းမိဘူး.

ကိုရင်နော်ခင်လေးငယ် said...

ဖတ်လည်းပြီးသွားရော..
ရင်မှာတစ်မျိုးလေးဘဲ...

ဝမ်းနည်းတာလိုလို..
လွမ်းဆွတ်တာလိုလို..
ကောင်မလေးကို နောင်တတွေ ရစေချင်တာလိုလို...
သစ်ပင်လေးများ ပြန်ရှင်သန်လာနိုင်ဦးမလား
မျှော်လင့်ချက်တွေနဲ့....
ဆုတောင်းပေးမိသွားသလိုလို..
မျက်ရည်တွေဝဲပြီး ပြန်သွားတယ်ရှင်...
ရေးတတ်လိုက်တာ..

ကိုရဲတွတ် မကောင်းဘူး လူမမာ နလန်ထကို
ငိုအောင်လုပ်တယ်...

တောင်ပေါ်သား said...

လူတိုင်းနီးပါးဟာ ကိုယ်ရဲ့ အတ္တ၊ ရပိုင်ခွင့်တခုတည်းကို ကြည့်တတ်ကြပါတယ် အကို။ ဒီလောကမှာ သစ်ပင်လိုလူတွေလည်း ရှိသလို ကောင်မလေးလို လူတွေလည်း ရှိနေပါတယ်။ ဒါမှ ဘ၀ဟာ ပြည့်စုံမှာပေါ့ အမြဲတမ်း ၀မ်းသာနေရရင်လဲ မကောင်းဘူးလေ တခါတလေတော့ ဒီလိုမျိုး ၀မ်းနဲမူတွေကို ခံယူတတ်ရပါတယ်။