စင်္ကာပူ၌ ပွင့်သော ချယ်ရီ 2103

Sunday, November 23, 2008
'' မိုင်ဆွန်ခ '' အားလုံးမင်္ဂလာပါ၊ မနေ့ညက 22th, november; 2008 ! ရက်နေ့၊ စင်္ကာပူနိုင်ငံတို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိ နေကြသော ရှမ်း ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်ခြင်း အင်အားဖြင့် မကြာခင် ရောက်ရှိ လာတော့မည့် 07th, december; 2008 ! ရက်နေ့ ရှမ်းလူမျိုးစုများ၏ ရှမ်းသက္ကရာဇ် 2103 နှစ်ပြည့် ပွဲတော်အား စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပ ပြီးစီး ခဲ့ပါပြီ၊ ( ပွဲတော်ရက်အား အ ကြောင်း အမျိုးကြောင့် ကြိုတင်၍ ကျင်းပရ ပါ ကြောင်း ) သိရှိရပါသည်။ အ သေးစိတ်အား မပြောကြားလိုတော့ပါ။ ဤပွဲတော်အား စာရေး သူမှ ဧည့်သည်အနေဖြင့်သာ တက်ရောက်ခဲ့ပါသည်။ စာ ရေးသူ အနေဖြင့် ဤပွဲတော်အား ထိုင်ခုံ နံပါတ် J 28 မှ ထိုင်၍ ကြည့်ရှု့ရင်း မြင်ရ ထင်ရ ကြားရ သည်များကို စာဖတ်သူ များအား ပြန်လည် ဝေမျှပေးခြင်း မျှသာ ဖြစ်ပါသည်။

စာရေးသူ ပွဲတော်ကျင်းပသည့် နေရာ ( foochwe building ) တို့ မရှိမဲ့ ရှိမဲ့ အသပြာဖြင့်၊ လားရှိုးသား သူငယ်ချင်း လေးဦး ပေါင်း၍ ငတိုက် (ခ) taxi ဖြင့် အချိန်စော၍ ရောက်ရှိခဲ့ပါသည်။ ရှေးဦးစွာ ဧည့်ကြို ရှမ်းမချောချောလေး၏ '' မိုင် ဆွန်ခ '' နှုတ်ဆက်သံ ချိုချို လေးဖြင့်နားဝင်ပီယံ ဖြစ်ခဲ့ရပါသည်။ စာရေးသူ ငမ်းကြောဆွဲသည့် အကြောင်းတော့ မပြော ပြလိုတော့ပါ အဘယ့်ကြောင့်ဆိုသော် စာရေးသူမှာ အင်မတန် အရှက်အကြောက်ကြီးလှပါသည်။ ( ဤကား စကားချပ် ) ထို့နောက် ရွှေပွဲလာသူ ဧည့်ပရိတ်သတ်များအား ရှမ်းစတိုင် စားစရာ ပါကင်ထုပ်များဖြင့် ဧည့်ခံပါသည်။ စားစရာများမှာ ( ကောက်ညှင်းပေါင်း၊ ငါးပေါင်း၊ နမ့်ဖစ်ထောင်း၊ တိုဟူးကြော်၊ ကြက်အူချောင်း ) စ သည့် စားကောင်းသောက်ဖွယ်များဖြင့် ဧည့်ခံသည်မှာ စားလို့ အင်မတန်မှ ကောင်းလွန်းလှပါသည်၊ မည်သူမည်ဝါ ချက်မှန်း မသိ သော် ငြားလည်း အမှတ် ပြည့် ပေးမိပါသည်။ ( ချက်ကြီး မြှောက်မသွားပါနှင့်ဦး )

ဟုတ်ကဲ့... ရွှေပွဲလာ ပရိတ်သတ်များလည်း တဖွဲဖွဲရောက်ရှိလာကြပါလေသည်။ ရှမ်းလူမျိုးများ သာမက စင်္ကာပူရောက် မြန်မာလူမျိုး တော်တော်များများ လာရောက်အားပေး ကြတာကိုလည်း မြင်တွေ့ရပါသည်။ ရှေးဦးစွာ ရွှေပွဲလာ ပရိတ် သတ်များအား နှုတ်ခွန်းဆက် မင်္ဂလာစကား အားပြောကြား၍ ရောက်ရှိလာမည့် ရှမ်းသက္ကရာဇ် 2103 မှသည် ကမ္ဘာ တည် သရွေ့ တည်ပါစေသော် ဆိုသည့်အညီ တောင်းဆု မေတ္တာ ပို့သ၍ ဤရှမ်းနှစ်သစ်ကူး ပွဲတော်အား စတင်၍ ဖွင့်လှစ် ကြောင်း ကြေငြာသံ ဆုံးသည်နှင့် တပြိုင်နက် လက်ခုပ်သံ များသည် ခန်းမကြီး တစ်ခုလုံး ပေါက်ကွဲလုခမှန်း ဟိန်း ဟိန်း နှင့် ထွက်ပေါ်လာသည်မှာ စာရေးသူ အနေနှင့် ကြက်သီးများပင် ထမိလေ သည်။

ပထမဆုံး အစီအစဉ်မှာ ရှမ်းမောင်နှမများ၏ စုပေါင်းနှစ်ကူး မင်္ဂလာသီချင်းဖြင့် ဖျော်ဖြေ၍ အိုးစည်ဗုံမောင်း မြိုင်ဆိုင်စွာနှင့် ဓါးသိုင်းအက ကို တင်ဆက်သွားသည်မှာ အင်မတန်မှ ရှု့စားရသည်မှာ ကောင်းလွန်းလှပါသည်။ ပြီးနောက် အထူး ဧည့် သည် အဖြင့်ဖိတ်ခေါ်ထားသောကွယ်လွန်သူ ( စိုင်းထီးဆိုင် ) ၏ ညီငယ် စိုင်းအောင်ထီးခမ်း မှ အစ်ကို ဖြစ်သူ၏ သီချင်း များကိုသာ ဦးစားပေး၍ ဖျော်ဖြေ တင်ဆက်သွား သည်ကို နားဆင်ရပါသည်၊ ပရိတ်သတ် လက်ခုပ်သံမှာ အားရလွန်း လှ ပါဘိ။( အားပေးနေကြသော ရှမ်းမလေးများမှာလည်း ချောလှပါဘိ ဤကား စကားချပ်။ )

စိုင်းအောင်ထီးခမ်း သီဆိုဖျော်ဖြေမှု အပြီးတွင် ကိုကို ကာလသား ပရိတ်သတ်တို့မှာ မျက်လုံးကြီးတွေ ပြူးလို့ သရေတွေ ကျကာ အားပေး လိုက်ကြသည်မှာ အချိုးအဆစ်ကျသော ခန္ဓာ၊ လှပသော အသားအရေ၊ ရဲတင်းသော ၀တ်စား ဆင် ယင် မှု၊ သွက်လက်သော ကဟန်ဖြင့် '' ဒါလေးများ '' ပိုင်ရှင် တင့်တင့်ထွန်း၏ သီဆိုဖျော်ဖြေမှုမှာ အားရဖွယ်ကောင်းလေစွ၊ ကောင်းလေစွ၊ ( ဓါတ်ပုံနှင့် ဗီဒီယို ဖိုင်ရှိသည်၊ မပေးပါ ) စိုင်းအောင်ထီးခမ်းမှ စကားပြောနည်းသည်က တစ်ကြောင်း ဤ ပွဲကို မတင့် တော်တော်လေး ထိန်း၍ ခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။

ရှမ်းမမများ ကသွားသည့် မိုင်းယန်းအကမှာလည်း လက်ခုပ်သံ တော်တော်ညံ သွားပါသည်။ ပြီးနောက် (ဆစ်ဆောင် ပန်း နား ) အကမှာ ပရိတ်သတ် ကင်မရာမီးများ လျှပ်စီးများလို တဖျက်ဖျက်နှင့် အားပေးမှု တော်တော်ရလိုက်ပါသည်။ (လှလည်း တော်တော် လှကြပါသည် ) မတွေ့ရ မမြင်ရ မကြည့်ရတာ ကြာပြီဖြစ်သော တိုးနယား အကမှာလည်းစာရေးသူ ငယ်စဉ်ဘ၀ကို ပြန်လည် အမှတ်ရစေခဲ့ပါသည်။ ( ကခဲ့ဖူးပါသည် )

ထပ်မံပြီး စိုင်းထီးဆိုင်ရဲ့ သီချင်းများကိုသာ အဓိက သီဆိုသွားသော၊ စိုင်းအောင်ထီးခမ်း၏ သီဆိုဖျော်ဖြေမှုမှာလည်းပရိတ် သတ်များ အမိမြေကို လွမ်းကြမည်မှာ မလွဲနိုင်ပါ။ မတင့်၏ ဒုတိယ အကျော့ ဖျော်ဖြေမှုမှာ ဂျင်းဖစ်နှင့် ချက်ပေါ်ဘလောက် ၀တ်စုံ ၀တ်ထားသော စတိုင်နှင့် အကနောက်သို့ ကိုကို ကာလသားများ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။( စာရေးသူ မပါပါ၊ ကြည့်ရုံသာ ကြည့် သည် )


နောက်အစီအစဉ်တွင် မတင့် ရှမ်းမလေး ၀တ်စုံဖြင့် စင်ပေါ်တက်လာသည်မှာ အင်မတန်လှပါသည်၊ စာသားမရသောရှမ်း ပဲ ပုတ်လေး သီချင်းကို ရှမ်းမမတွေနှင့် ကပြ ဖျော်ဖြေသွားသည်မှာလည်း ဘ၀င်ခိုက်စရာပင်၊ ဤသီချင်း အဆုံးတွင်စာရေး သူ နေချင်သေးသော် ငြားလည်း နာရီမှ ခွင့်မပြုတော့၍ အိမ်အပြန်လမ်းသို့ စံမြန်းလို့တာ ခြေလှမ်းလိုက်ရတယ်။

စာရေးသူ ဤရှမ်းပွဲသို့ တက်ရောက်ကြည့်ရှု့ခွင့် ရလို့ စင်္ကာပူမှ ရှမ်းတိုင်းရင်းသား/သူ များအားလုံးနှင့် တကွပါဝင် ကူညီ သော မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ စာရေးသူ အကြိုက်ရဆုံးသော အစီအစဉ်များကို ဖော်ပြ လို ပါသည်။

(၁) မိုင်းယန်းအက
(၂) စိုင်းအောင်ထီးခမ်း၏ '' အမေ့ အေးရိပ် သားပြန်ခဲ့ပြီ၊ ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံ ''
(၃) မတင့်၏ အစီအစဉ်များ အားလုံး သီချင်းမပါ အကများသာ
(၄) ဆစ်ဆောင်ပန်းနား
အခြား အစီအစဉ်များလည်း ကောင်းပါသည်။

နောင်နောင်သော နှစ်များတွင်လည်း ဤကဲ့သို့ ဤထက်သို့ ဆထက်ကောင်းမွန်သော အစီအစဉ်များ ဖန်တီးနိုင်ပါစေ၊ live show အခွေများလည်း မကြာသော အချိန်တွင် ရှမ်းတောင်တန်း ( ပင်နီဆူလာ ) ဆိုင်တွင် ၀ယ်ယူ အားပေးနိုင်ပါကြောင်း၊ အားလုံးပဲ မိုင်ဆွန်ခပါ......

10 ဝေဖန်ထားပါတယ်။:

Anonymous said...

ဟုတ်ကဲ့
စာရေးသူ တော်တော်အရှက်အကြောက်ကြီးမှန်း
ပို့စ်ဖတ်ပြီးသိသွားပါတယ်.... :P :P

megumi said...

ဟိ ဟိ၊ ကိုရှင်ရဲထွတ်ကြီးလား ?
အရှက်အကြောက်ကြီးတာ။
ဟိ ဟိ၊
ဟ ဟား၊
ဟဲ ဟဲ၊
အဟေးဟေး၊
:P :P
:D :D
:) :)
ရယ်နည်းမျိုးစုံနဲ့ ထောက်ခံသွားပါတယ်။

စနေသား said...

စာရေးသူ ကိုကိုကြီးက အရှက်အကြောက်ကြီးတာ ထောက်ခံပါတယ်..... ဒါနဲ့  ရှမ်းမလေးတွေ မမြင်တာတောင်တော်တော်ကြာနေပြီဘဲ.... ဟီဟီ ကျနော်လည်း မပြောတော့ပါဘူး.... အရှက်အကြောက်ကြီးတယ်ဗျ ;)

မသက်ဇင် said...

ရှမ်းလေးစိုင်းရေ---
စင်္ကာပူရဲ့ ရှမ်းပွဲတော်အကြောင်းဖတ်ပြီး--
ထပ်တူပျော်ရွှင်ခံစားသွားပါတယ်---
စကားချပ်တွေ--များတော့--အင်း---
အရှက်အကြောက်ကြီးတယ်နော်--
ရှင်ရဲထွတ် အတော်--ပျော်ခဲ့ပုံပါပဲ--

WWKM said...

မတင့်၏ ဒုတိယ အကျော့ ဖျော်ဖြေမှုမှာ ဂျင်းဖစ်နှင့် ချက်ပေါ်ဘလောက် ၀တ်စုံ ၀တ်ထားသော စတိုင်နှင့် အကနောက်သို့ ကိုကို ကာလသားများ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။( စာရေးသူ မပါပါ၊ ကြည့်ရုံသာ ကြည့် သည် )

ဟဟဟားးး
လုံးဝ.. လုံးဝ..လုံးဝ မယုံပါရှင်။

ကိုရင်နော်ခင်လေးငယ် said...

အိုးစည်သံတွေ ကြားနေရတယ်.. ဦးရှင်ရဲထွတ်ကြီး ရှမ်းသိုင်း မကလိုက်ဘူးလား.. မတင့် ဗီဒီယို လေးတော့ ကြည့်ချင်မိတယ်..

ခင်မင်တဲ့

အရုပ်ကလေး said...

ကိုယ့်လူမျိုးတွေ အကြောင်းကို
ရေးဖွဲထားတာ ကောင်းပါ၏
ကျွန်တော်လည်း ရှမ်းလေ..

ရှမ်းမလေးတွေတော့ မကြိုက်တော့ပါဘူးဗျာ...
ဟုတ်တယ်ဟုတ်

Dream said...

ဟားဟား.. ပျော်စရာကြီးနော်...
ဟိဟိ

ဒါနဲ့ စကားမစပ် ရှမ်းမလေး တစ်ယောက်လောက် ... :P :P

ယောင်းမတော်ချင်လို့.. :P :P

ပန်းခရမ်းပြာ said...

taxi ကို ငတိုက်လို့ ခေါ်တာ ရှမ်းစကားလား ...။

နှင်းပွင့်ဖြူ said...

အိမ်းအိမ်းးး
မလာတာကြာလို့ ခုမှပဲရောက်တော့တယ် .....
တော်တော်ရှက်တတ်တယ်ဆို......း)