2002 မှ လူငယ်လေး တစ်ဦး

Friday, November 21, 2008
20th, november ; 2002 ! မင်္ဂလာဒုံ ( အပြည်ပြည်ဆိုင်ရာ လေဆိပ် ) ပြည်ပ ထွက်ခွာ၊ လူငယ်လေး တစ်ဦး၊ ပျိုမြစ်နုငယ်သော သူ့မျက်နှာ ထက်တွင် ယုံကြည်မှု၊ မျော်လင့်မှု၊ တက်ကြွမှု၊ ခံစားမှု ပေါင်းစုံ ပေါ်လွင်နေသည်။ ထိုလူငယ်လေး၏ လက်ထဲတွင် MAI လက်မှတ်တစ်စောင်၊ PASSPORT စာအုပ် တစ်အုပ်နှင့် မျှော်လင့်ချက် အလင်းတန်းများအား ဆုပ်ကိုင်ထားသည်။

ထိုလူငယ်လေး စီးနင်းလာသော လေယာဉ် ခရီးစဉ်မှာ ( YANGON > SINGAPORE ) ၊ ဤခရီးစဉ်မှာ လူငယ်လေးအတွက် ပထမဆုံးသော လေယာဉ်စီးဖူးခြင်း၊ ပထမဆုံးသော ရေမြေခြား ခရီးစဉ်။ ဤခရီးစဉ် အတွက် လူငယ်လေး ပေးဆပ်ခဲ့ရသော အရင်းအနှီး၊ လူငယ်လေး ရင်ဝယ် ပိုက်ထားသော မျှော်လင့်ချက်၊ ငိုမဲ့မဲ့ မျက်နှာထက်တွင် အားတက်သော အရိပ်အယောင်၊ မျှော်လင့်ချက် မျက်လုံးတစ်စုံနှင့် ဟီးလေးခိုနေသော မျက်ရည်စ၊ ခံစားချက် ပေါင်းစုံဖြင့် လူငယ်လေးတစ်ဦး ချန်ဂီ လေဆိပ်တို့ ပထမ ခြေလှမ်းချမိခဲ့လေပြီ။

အံ့သြသော၊ ထူးဆန်းသော၊ လှုပ်ရှားသော ရင်ခုံသံဖြင့် လူငယ်လေး ခြေလှမ်းများ ထိန်းရင်း၊( SINGAPORE )နိုင်ငံတို့ ယောင်လည်လည်ဖြင့် ခြေချခွင့်ရလေပြီ။ အလုပ်ရှင်မှ လာရောက်ကြိုဆို နေရာချပေးခြင်းဖြင့် လူငယ်လေး နေရာတစ်နေရာ၊အလုပ်အကိုင် တစ်ခုဖြင့်.... ကဲ ( SINGAPORE ) ရေ မင်္ဂလာပါဗျာ။......

အင်မတန်မှ ပျော်ဝင်လွယ်သော ( SINGAPORE ) ရဲ့ ရေစီးကြောင်းကို လူငယ်လေး အချိန်တိုတို အတွင်းတွင် ကျင့်သားရခဲ့ပြီ။ ပျော်မွေ့စရာ မကောင်းသော်လည်း ထိုက်တန်သော ရလာဒ်ဖြင့် လူငယ်လေး လုပ်ငန်းခွင်တွင် ချောမွေ့နေလေပြီ။ နေ့ကို လစား၊ လကို နှစ်စား၊ ကြာလာသည်နှင့်အမျှ ရောင်းရင်းအသစ်၊ ခြေလှမ်းသစ်များဖြင့် လူငယ်လေး ခြေလှမ်းမှားစပြုလာပြီ။ ရင်ခုံသံ မြန်လွန်းသော ( အောချက် ည )၊ လမင်းတစ်ရာ ထွန်းလင်းသာသော ( အယ်ဂျူးနစ် လွင်ပြင် )၊ ငါးမျှား၍ကောင်းသော ( စီးတီးဟော )၊ နတ်မိမယ်များစုံရာ ( ဘီယူပီ )၊ ထိုအချိန်မှစ၍ လူငယ်လေး ရေပြင်တွင် ငါးမျှား၍ လမင်း အလင်းရောင်ကို ခံစားရင်း လှုပ်ရှားသော ရင်ခုံသံဖြင့် နတ်မိမယ် များ၏ ကကြိုးတွင် ငြိတွယ်မိလေပြီ။

နေ့စွဲများ ဟောင်းနွမ်းလာသည်နှင့် အမျှ 2002 မှလူငယ်လေး၏ မျှော်လင့်ချက်သည် အရောင်မှိန် စပြုလာသည်၊ ပျော်ရွှင်မှု၏ နောက်တွင် ကပ်၍ပါလာသော လုပ်ငန်းခွင် တာဝန် ပျက်ကွက်မှုဖြင့် လူငယ်လေး စိတ်ဓါတ် ယိုယွင်း လာခဲ့ပြီ၊ 2002 မှလူငယ်လေး၏ နုငယ် ပျိုမြစ် သော သွင်ပြင်အား ပျော်ရွှင်မှုမှ ၀ါးမျိုခဲ့လေပြီ၊ ကုန်လွန်ခဲ့ပြီးသော အချိန်၊ ပေးဆပ်ခဲ့ရသော အရင်းအနှီး၊ ခွဲခွာခဲ့ရသော မိသားစု အသိုင်းအ၀ိုင်း၊ လူငယ်လေး အသိတရားရ နောက်ကျခဲ့လေပြီ ကြီးစွာသော ဆုံးရှုံးမှုအား လူငယ်လေး ပေးဆပ်ရလေပြီ။

သို့သော်... လူငယ်လေး အချိန်မှီပါသေးသည်၊ ပြုပြင်၍ ရပါသေးသည်၊ 2002 မှ မျှော်လင့်ချက်များ ဆုပ်ကိုင်နိုင်ပါသေးသည်၊ 20th, november; 2008 ! လူငယ်လေးမှ 2009 2010 2011 2012 2013........ လူငယ်လေး ပြင်ဆင်ရန်၊ မျှော်လင့်ချက်များ ပြန်လည်ဆုပ်ကိုင်ရန်၊ အခွင့်အရေးနှင့် အင်အား ကျန်ပါသေးသည်၊ လူငယ်လေး မှားမှန်းသိလျင် ချက်ခြင်းပြင်၍ အမှန်တရားကို ပြန်လည် ဆုပ်ကိုင်ပါ လူငယ်လေးအတွက် အခွင့်အရေးကောင်းများ ရှေ့တွင် စောင့်မျှော်နေပါလိမ့်မည်။

(၁) အမှားများစွာနှင့် အတူ နောင်တနှင့် နေထိုင် သူများကို လူကြီးဟု ခေါ်ပြီး။
(၂) အမှားများစွာနှင့် အတူ ပျော်ရွှင်စွာ နေထိုင် သူများကို လူလတ်ဟု ခေါ်ကာ။
(၃) အမှားများစွာကို ရှာဖွေ၍ မှားရန် ကြိုးစားနေ သူများကိုမူ လူငယ်ဟု ခေါ်သည်။

ဖြစ်လေ့ ဖြစ်ထ၊ မှားလေ့ မှားထ ရှိသော ကျွန်တော်တို့ စင်္ကာပူမှ လူငယ်လေး များအား ရည်ရွယ်၍ ရေးသား ပါသည်။

ကျွန်တော် ရေးသော ဤစာ တစ်စုံတစ်ရာအား အကျိုးပြုခဲ့သည် ရှိသော် ကျွန်တော် ၀မ်းမြောက်ခြင်း ကြီးစွာ ခံစား ရပေလိမ့်မည်။

PS. 20th, november; 2008 သည် စာရေးသူ ( SINGAPORE ) ၌ နေထိုင်ချိန် ( 6 ) နှစ်တင်းတင်း ပြည့်သော ရက်စွဲပင်ဖြစ်သည်။

8 ဝေဖန်ထားပါတယ်။:

WWKM said...

အဆင်ျပြေကြပါစေ။

Dream said...

ပျော်ရွှင်မှုနဲ့ ဘ၀ခရီးဆက်လျောက်လှမ်းနိုင်ပါစေ...
ဘ၀ကို အုတ်တံတိုင်းလို တည်ဆောက်ပီး အောင်မြင်မှု့တွေ ရရှိပါစေ။
နော်...

၆နှစ်ပြည့်ဆိုတော့... တခုခု ကျွေးဖို့ပြင်ထားတော့... သိတယ်ဟုတ်... ?

:P :P

Welcome said...

ပျက်အစဉ် ပြင်ခဏမို့၊ အမှားသိလို့ အမှန်ကို ပြုပြင်နိုင်တဲ့ လူငယ်ရဲ့အသိစိတ်ကို လေးစားပါတယ်။ အဆင်ပြေချမ်းမြေ့ပါစေ

http://winzaw-mdy.blogspot.com

ကဗျာမလေး said...

ရေးမယ့် စကားလုံးလေး သူများဦးသွားပြီမို့ .... မရေးတော့ဘူးလို့ နေပေမယ့် နှစ်ခေါက်ရှိမှ မှတ်မိတယ် ဆိုတဲ့ စကားအတိုင်း .... ပျက်အစဉ် ပြင်ခဏ .... ပါလို့ ..။
အားပေးလျက်ပါ။

စနေသား said...

အင်းလေ.... ဘ၀မှာတိုက်ရမယ့် တိုက်ပွဲတွေက အများကြီးကျန်သေးတယ်ဗျာ..... ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့  အားအင်တွေအပြည့်နဲ့  ရှင်သန်နိုင်ပါစေဗျာ...

GreenGirl said...

အော်... ခြောက်နှစ်တောင် ရှိသွားပြီနော်။ ဆက်လက် ချီတက်ကြတာပေါ့ သူငယ်ချင်းရေ။ အားတင်းထား... နြေ့သစ်တွေအတွက် ကိုးစားကြစို့ သူငယ်ချင်း :)

megumi said...

ခြောက်နှစ်တောင်ရှိပြီကိုး၊ အကြာကြီးပဲ။ ပျင်းဘူးလား။

{ ဟိ ဟိ၊ စတာနော်။ }

ခြောက်နှစ်တောင်ဆိုတော့ ရင့်ကျက်လာတာပေါ့နော်။
(စိတ်ကောလူကော။) :P :P

Anonymous said...

အားရား... “မိုင်ဆွမ်းခ”

ဝလယ်အိုက်

ဂွတ်တယ် ဒါမျိုးများများရေး ဟဲဟဲ..