ပင်တိုင်စံ နတ်နန်းဆီက
ပြည်လုံးကြိုင် သင်းပျံ့မွှေးပါတဲ့
ခုနှစ်ပြည်ထောင် ဒီအရေးမှာ
မင်းသားအစဉ် စစ်ရေးငင်တုန်း
ရင်မောနေ မင်းသမီးငယ်က
တိတ်တခိုးရယ် ငယ်ကျွမ်းဆွေရီးနဲ့
ထွက်ပြေးကာ ရိပ်ကြီးတောင်တောဝယ်
စိမ့်စမ်းငယ် တသွင်သွင်နံဘေးထက်
ပျော်မြူးကာ အစဉ်တွေကိုမေ့ဖျက်
အော်ကျူးကာ ဖခမည်းတော်ကြီးမှာ
အမျက်ရယ် ရင်ခွင်မှာရှပါလို့
မိုက်ပါဘိ သမီးတော်ညည်းကာ
စစ်ခင်းသည့် ခုနှစ်ပြည်မင်းများ
နိုင်သူမှာ ဖလားလက်မဲ့ရယ်နှင့်
ပင်တိုင်စံ မင်းသမီးရယ်က
မြိုင်ဟေ၀န် ရဂုံတောမှာ
ကြင်သူရယ် တွဲလက်ကယ်နှင့်
ကြည်နူးကာ ပျော်မြူးတယ်လေး ။
Subscribe to:
Post Comments (Atom)
4 ဝေဖန်ထားပါတယ်။:
ပင်တိုင်စံစနိုးလားဟင်.. ဟီးဟီး..
အဲဒါဘယ်မင်းသမီးကိုပြောတာလဲဦးဦး...
:) :)
မိုက်တယ်ဗျာ ... အစဉ်ဖျက်တဲ့ ထိုမင်းသမီးကို တော့ ကြိုက်သွားပြီ...။ ဟိ
သြော်...... ဒီမင်းသမီး... မိုက်တယ်ဆိုမလား.. :D
စစ်မခင်းရအောင်လုပ်တာနေမှာပေါ့. အဟီးး :P
မိုက်တယ် အစ်ကိုရေ ကဗျာလေးက အခုတော့ အဲလို စစ်မခင်းရတော့ဘူးထင်တယ်နော်...မင်းသမီးလေးက အချစ်စစ်နဲ့ 
ဘ၀ရဲ့ လက်တွဲဖော်ကို တွေ့ သွားတာကို...အစ်ကိုလည်း အဲလို ပင်တိုင်စံ မင်းသမီးလေးနဲ့ တွေ့ ပါစေ ဗျာ...
Post a Comment