ကျေးဇူးတရား

Tuesday, October 28, 2008
ကျေးဇူးရှိဆဲ ဖြစ်သော၊ နောင်လည်းရှိနေဦးမည်ဖြစ်သော၊ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ ကျေးဇူးရှင်များအား သတိတရား ဆင်ခြင်ပွားများ၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ကျွန်တော် ရှိခိုးပါ၏ ။
ဤလောကီ လူ့ဘောင်၌ သော်လည်းကောင်း၊ ရှိရှိသမျှ အရာရာတိုင်းတွင် ( သက်ရှိသက်မဲ့ ) တစ်ဦးနှင့်တစ်ဦး၊ ကျေးဇူးအထူး ပြုကြသည်များသာ ဖြစ်သည်။ ကျေးဇူးဆိုသော အရာသည် မမေ့လျော့အပ်သော ဆင်ခြင်ပွားများ အပ်သော တရားသဘောပင် ဖြစ်တော့သည်။ အထက်ပါ ဆိုခဲ့သော ကျေးဇူးတရား များသည်၊ အခွင့်အခါ ကြုံကြိုက်ချိန်၌ ပြန်လည်ပေးဆပ်နိုင်ရန် ကျွန်တော် အမြဲပင်
မျော်လင့်မိပါသည်။
ယခု ကျွန်တော့် စိတ်ထဲ၌ ဆပ်ချင်နေခဲ့သော၊ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့သော၊ ယခုလည်းရှိနေဆဲသော၊ နှောင်လည်း ရှိနေဦးမည့် ပုဂ္ဂိုလ် တစ်ဦးရှိပါသည်။ ကျွန်တော်သည် စာရေးခြင်း အမှုဖြင့်သာ ပျော်မွေ့တတ်သည် ရင်းနှီးကျွမ်းဝင်သည်။ ယခု ကွန်ပြူတာဖြင့် စာရေးနိုင်ရန်မပြောနှင့်၊ မိမိ အရည်အချင်းဖြင့် ဆိုလျင် စာရွက်နှင့်သာ ခံစားနိုင်မည့် ဘ၀တွင်သာ ရှိနေမည်ပင်၊ အဘယ့်ကြောင့်ဆိုသော်
ကွန်ပြူတာ ပညာရပ်နှင့် ကျွန်တော်သည် ဝေးကွာလွန်းသော သူစိမ်းသက်သက်မျှသာ ဖြစ်လေတော့သည်။
ယခုကဲ့သို့ ဘလော့ဂ်ဂါရပ်ဝန်းတွင် ခန့်ညားသပ်ရပ်သော ကိုယ်ပိုင်အိမ်လေး တစ်လုံးဖြစ်လာအောင် ဖန်တီးပေးသော၊ စောင့်ရှောက်ပေးသော၊ ဗိသုကာ ပညာရှင် ကိုမိုးပြေး ၊ တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ကာ ကူညီပေးတတ်သော ညီမငယ် မယ်ဂုမီ အားလည်းကောင်း၊ ကျွန်တော် မတတ်တစ်ခေါက်ဖြင့် ရေးထားအပ်ထားသော မပီမသ စာများအား လည်းကောင်း၊ ပုံစံမျိုးစုံဖြင့် လာရောက်လည်ပတ်၊ ကြည့်ရှု အားပေး ကူညီကြသော ညီအစ်ကို မောင်နှမ များအားလုံးကို၊ ကျွန်တော် ရှင်ရဲထွတ်မှ အားလုံးအပေါ်တွင်
ပြန်ဆပ်ရန် ကျေးဇူးရှိနေသည်ကို ကျွန်တော် မမေ့ပါ မလျော့ပါ၊ အထူးသဖြင့် ကိုမိုးပြေး၊ ညီမငယ် မယ်ဂုမိ တို့နှစ်ဦးအား ကျွန်တော် ကျေးဇူးအထူး ပြန်လည်ပြုရန် စိတ်ကူးရှိပါသည်၊ အခါအခွင့် သင့်လျှင်ဖြင့် ဤကျေးဇူးအား ပြန်လည်ဆပ်ခွင့် ကြုံချင်ပါသည်ဗျာ ။

4 ဝေဖန်ထားပါတယ်။:

megumi said...

ဟိဟိ၊ ရပါတယ်။ ကိုရှင်ရဲထွတ်ကြီးကလည်း။ ဘာမှလည်း ထူးထူးထွေထွေ ကူညီတာဟုတ်ပါဘူး။

အခုလို၊ စာတစ်တန် ပေတစ်တန်နဲ့ ပြောတော့ မီးမီးရှက်ရှက်။ :P :P

စကားမစပ်၊ ကျမရဲ့ အရုပ်လေးကို ဘယ်တုန်းက ယူသွားတာလဲ။ ဟွန်း။ များပြီ။

မိုးပြေး said...

အစ်ကိုရပါတယ်ဗျာ..ညီအစ်ကိုတွေပဲ..ဟုတ်တယ်မလား...
ကျွန်တော်က အဲလောက်မဟုတ်ပါဘူး အစ်ကို၊ ကျွန်တော့်ကို အမြင်ကတ်နေပါဦးမယ်။ အစ်ကို့  ပိုစ့်လေး အတွက်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အစ်ကို့ ခံစားချက်တွေရဲ့ 
အလှကို ပေါ်စေချင်လို့ ပါ....

Anonymous said...

တကယ် ဆို ငါလည်းပါဖို. ကောင်းတယ်
သိလား.....နောက် မတိုက် တော့ ဘူးကွာ

Anonymous said...

နောက်ပြီး ကွန်ပြူတာပျက်ရင်လည်း မပြင်ခိုင်းနဲ့
ဘယ်တော့မှမပြင်ပေးတော့ဘူး
စိတ်ကိုဆိုးတယ်