အရက်ကြောင့်

Monday, October 20, 2008
အရက်တဲ့ ဘီယာလည်းပါတယ်နော် အတူတူပဲ၊ မူးယစ်စေတတ်တာပဲလေ။ ငါယောင်္ကျားလေးပဲ၊ အရက်နဲ့တော့ ဘယ်ကင်း နိုင်ပါ့မလဲ၊ ငါစီးပွားရေး သမားပဲ နည်းနည်းပါးပါးတော့ ရှိမှာပေါ့၊ အလုပ် ပင်ပန်းလို့ပါကွာ၊ ဟို ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ဆုံတုန်းမို့ပါ၊ ဒီနေ့ ကုမ္ဗဏီ ညစာ စားပွဲမို့ပါ၊ သူငယ်ချင်းရာ ငါ အသည်းကွဲ နေလို့ပါကွာ၊ စီးပွားရေး အဆင်မပြေဘူးကွာ၊ အရက်သမားတွေများနော် များပြားလှတဲ့ ဆင်ခြေ အကြောင်းပြချက်တွေ မျိုးစုံ ပေးပြီး အရက်ကို သောက်ကြတယ်။

ကြိုက်လို့ သောက်တာလား၊ သောက်ချင်လို့ သောက်တာလား၊ တော်တော် များများကတော့ နည်းနည်းလေးပါကွာ ဘာမှမဖြစ်ပါဘူးကွ၊ အဲဒီက စတာပါပဲ နည်းနည်းလေး ကနေ စပြီး ဘ၀ပါ ရင်းပေး လိုက်ရတဲ့ ပုဂ္ဂိုလ်တွေ မြင်ဘူးတယ်၊ အရက်သောက်မယ် ဆိုကတည်းက၊ စတင်ပြီး ပြင်ဆင် ရတော့မယ်၊ ပြင်ဆင်နေရတဲ့ အချိန်၊ သောက်စားနေတဲ့ အချိန်၊မူးပြီး အိပ်ပျော် သွားတဲ့ အချိန်၊ ရင်းပေးလိုက်ရတဲ့ ငွေကြေး၊ အခန့်မသင့်ရင် သောက်စားနေတဲ့ အချိန်မှာ ခိုက်ရန်ဖြစ်ပွားကြမယ်၊ ထိခိုက်ကြမယ်၊ ဒီတော့ ဘာကောင်းလည်း၊ အဲဒီ အချိန်တွေက နှမြောဖို့ မကောင်းဘူးလား၊ ဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် အဲဒီ အချိန်တွေကို အသုံးချရင် မကောင်းဘူးလား၊ အဲဒီလို အရက်သောက်နေတဲ့ အချိန်တွေငွေကြေးတွေက ဘယ်သူပိုင်လည်း၊သင်ပိုင်တာနော်၊သင့်ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို သင်ပေးလိုက်ရတာလေ၊ နှမြောဖို့ ကောင်းလေစွ။

ကဲပါ ညကတော့ ငွေကုန် အချိန်ကုန် ခံပြီး၊ သောက်လိုက် စားလိုက်၊ မူးလိုက် အိပ်လိုက်နဲ့၊ မနက်ရောက်တော့ လူက ပုံမှန်ကျန်းမာရေး မရတော့ဘူး၊ ပြုမူ ဆောင်ရွက်ရမယ့် စီးပွားရေး၊ လူမူရေး၊ ပညာရေး အများကြီးပါ၊ ကျိန်းသေတယ် သူများ တွေထက် နောက်ကျ ကျန်ရစ်မှာပဲ၊ အဲဒီမှာ လိုတာထက် ပိုသုံးစွဲ တတ်တဲ့ လူများ ဖြစ်ခဲ့ရင်၊ အသိတရား ကင်းလွတ်ပြီးမပြုသင့် မပြုအပ်တဲ့ အမူကိစ္စကို၊ သင့်၏ မသင့်၏ မဆုံးဖြတ်နိုင်တော့၊ ဘ၀နဲ့ ချီပြီး အမှားအယွင်းတွေ ပြုမိကြတာတွေ၊ပေးဆပ်လိုက်ရတာတွေ အများကြီးနော်၊ တစ်ချို့ လူငယ်တွေ ပိုအရေးကြီးတာက၊ အသိတရား ကင်းလွတ်အောင် သောက်စားပြီး မဆင်ခြင် နိုင်လောက်အောင် မှားယွင်းတာ (လုံခြုံမှုမရှိသော SEX) အမူကို ပြုမိခြင်းပဲ၊ ကံမကောင်း အကြောင်းမလှရင် သွားပြီ ဘ၀တစ်ခု။ ကယ်လို့မရ အဖတ်ဆယ်လို့ မရတော့ဘူး။

လူဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ အသိနဲ့ ရှိပြီးသားပဲ၊ အသိတရား ကင်းလွတ်သွားရင် ဥာဏ်ဘယ်လောက် ကောင်းကောင်း၊အမှားတွေဟာ လက်တစ်ကမ်းမှာပဲ၊ ရုပ်ရည် ရူပကာ ဘယ်လောက်ပဲ ချောမော အသိတရား ကင်းလွတ်တဲ့ ခန္ဓာဟာဘာမှ တန်ဖိုး မရှိပါဘူး၊ အသိတရားတွေကို ကင်းလွတ်သွားအောင်၊ လူနုံ လူအ အဖြစ်ကို ရောက်အောင် တွန်းပို့ ပေးတဲ့အရက်၊ ဒါပေမယ့် သူဟာ သူ့ကို လာမထိရင် သူဘာမှ မတတ်နိုင်ဘူး၊ လာထိရင်တော့ သူ့ရဲ့ ဂုဏ်သတ္တိတော့ သူထုတ်ပြ မှာပဲ၊ မြတ်စွာဘုရား ဗရိနိဗ္ဗန် ပြုခါနီး ဆဲဆဲမှာ အရေးကြီးဆုံး စကား တစ်ခွန်း ပြောခဲ့တာလေ၊ *အပ္ပမာဒေန သမ္မာဒေထ*မမေ့ မလျော့တဲ့ သတိနဲ့ နေရစ်ကြ လော့တဲ့၊ ကဲ ဘယ်လောက် အရေးကြီးလည်း၊ ဒီတော့ အရက်ဆိုတာ ကောင်း၏ မကောင်း၏ ကိုယ်ဟာကို ဆုံးဖြတ်ကြပါဗျာ။

3 ဝေဖန်ထားပါတယ်။:

Welcome said...

မင်္ဂလာပါ
ကျွန်တော်တော့
အကြောင်းပြချက် မယ်၂-ရ၂ တော့ မရှိပါဘူး။
ဆော်ပစ်လိုက်တာပါပဲ
ကြုံခဲ့ဆုံခဲ့မယ်ဆိုရင်
ချီးယားစ်ပါအစ်ကို ...
http://winzaw-mdy.blogspot.com

Dream said...

ဟားဟား.. ဟိုနေ့က အရက်ဆိုင်ထဲမှာတွေ့လိုက်သလိုပဲ.. ဟီးဟီး..

:P :P :P

အပ္ပမာဒေန သမ္မာဒေထ... အိန်း..ကောင်းလေစွ..ကောင်းလေစွ.. တကား...

ဟဲဟဲ...ဦးဦးချင်ဂျီး အတိသယားဒွေရနေပါရား... ဟီးဟီး...

ထပ်မတောက်နဲ့တော့နော်... ဟင်းဟင်း... :P :P :P

megumi said...

အရက်ကို မသောက်တာတော့ အကောင်းဆုံးပါပဲ။ ကောင်းကျိုးထက် ဆိုးကျိုးများလို့ပါ။ မဖြစ်မနေ လူမှုရေးအရ သောက်ရတာကို လက်ခံနိုင်ပေမယ့် "အဆင်မပြေလို့၊ စိတ်ညစ်လို့" ကို အကြောင်းပြပြီး အရက်သောက်တဲ့လူတွေကို ပျော့ညံ့တဲ့လူတွေလို့ ထင်ပါတယ်။ အရက်သောက်လိုက်လို့ ပြဿနာဖြေရှင်းရာ မရောက်ပါဘူး။ ပြဿနာတစ်ခုကို ဖြေရှင်းရန်နည်းလမ်းက အရက်မဟုတ်ပါဘူး။
အချုပ်ပြောရရင်၊ ဆင်ခြေအမျိုးမျိုးပေးပြီး အရက်သောက်ခြင်းကို မကြိုက်ပါ။ :P :P