ပဉ္စလက်

Sunday, October 5, 2008
မာယာတစ်ဖက်
ဂစ်တာတစ်လက်
မှော်ဆရာလက်လို
တီတီတာတာထွက်တဲ့
နင့်နှုတ်ခမ်းထက်က
ပဉ္စလက်အတတ်နဲ့
ငါ့နှလုံးသားကို
အမဲဖျက်ဖို့
ကြိုးစားနေတာလား
ကန့်လန့်ကာတစ်ဖက်က
လူကိုနေရာလှည့်လိုက်ရင်
နင်ခံနိုင်ရည်ရှိအောင်
အဖက်ဖက်က
ပြင်ဆင်ထားပေါ့ကွာ
ကံကြမ္မာဆိုတာ
လည်တတ်တယ်.............

6 ဝေဖန်ထားပါတယ်။:

megumi said...

ဘုရား၊ ဘုရား ကြောက်စရာကြီးပါလား။ ငယ်ဆိုတဲ့ မမရေ၊ ဦးရှင်ကြီး ကို မြန်မြန်ပြန်ချစ်လိုက်ပါဗျို့။ ခြိမ်းခြောက်ထားတာ ကြောက်စရာကြီး :P :P

WWKM said...

ဟဟဟား... တို့လည်း ဘုရားတသွားပါတယ်။
ဘုရား ဘုရား ဘုရား.... အမဲတော့ မဖျက်လိုက်ပါနဲ့
ရောင်းလို့ ကုန်မှာ မဟုတ်ဖူး။။။ အဟီး
နောက်တာနော် ဦးရှင်ကြီး စိတ်ဆိုးနဲ့..း)
ဟုတ်တယ်ဗျို့ ..ခံနိုင်ရည်ရှိအောင်ကြိုးစားထားနော်။
ကံကြမ္မာ ဆိုတာ လည်တတ်တယ် ။ အဟီး.. မီးမီး
..ကြောက်ကြောက်.. ဦးရှင်ကြီးကို စိတ်ဆိုးအောင် မလုပ်
ရဲတော့ဘူး။း)

Dream said...

အဟင်.. ဟင့်.. ကျောက်ချရာဂျီး...
အမဲတော့မဖျက်နဲ့နော်... မီးတို့ဒွေက အမဲတား
ချားဖူးနော်... ဟိဟိ.. ၀က်တားချိုတော်ဒေးဒယ်...
ဟဲဟဲ.. :P :P
မမငယ်ရေ..ဂုဂုပေါသရိုဖဲ.. မန်မန်ပန်ရှစ်
ယိုက်ပါမမရယ်... :P :P

မသက်ဇင် said...

မာယာတစ်ဖက်
ဂစ်တာတစ်လက်
မှော်ဆရာလက်လို
တီတီတာတာထွက်တဲ့
နင့်နှုတ်ခမ်းထက်က
ပဉ္စလက်အတတ်နဲ့
ငါ့နှလုံးသားကို
အမဲဖျက်ဖို့
ကြိုးစားနေတာလား

သဘောကျတယ်--- ရှင်ရဲထွတ်ရေ---
အခုတလောပျောက်နေတာများနေတယ်---
အသဲတွေကွဲနေသလား--
အခုအထိ ကောင်မလေးက အဖြေမပေးသေးဘူးလား---

ဇွဲမလျှော့နဲ့ ဆက်လုပ်---
ခင်မင်လျက်
မသက်ဇင်

Anonymous said...

အောင်မလေး..... ခြိမ်းခြောက်ချက်တွေနဲ့ပါလားနော်..
ကြောက်စရာ... :P

Anonymous said...

ကြိုက်လိုက်တာ
ဟုတ်တယ် သူလုပ်ရင်တော့ သူပြန်ခံရမှာပဲ
ကျေးဇူး ဒီကဗျာ လေးအတွက်