နာရီ

Saturday, September 27, 2008
နာရီ
အမှားနဲ့ပဲလျှောက်လျှောက်
အမှန်နဲ့ပဲလျှောက်လျှောက်
နာရီဟာရွှေ့လျားနေမှာပဲ
လူတိုင်းဟာ
နာရီကိုကြည့်တယ်
နာရီက
မျက်နှာမလိုက်ဘူး
အားလုံး ၂၄ နာရီပဲ
နာရီကို
လူတိုင်းပိုင်ဆိုင်တယ်
၂၄ နာရီ
ပုံစံမတူရုံလေးပေါ့..............

5 ဝေဖန်ထားပါတယ်။:

ဇင်ယော် said...

ကောင်းလိုက်တဲ့  အတွေးလေး။ ဟုတ်ပါ့ဗျာ။ ပုံစံမတူတဲ့  ၂၄နာရီပေါ့။ တခါတလေ ပါးစပ်မစေ.ရအောင် ရီနေရပြီး တခါတလေ ဂဂျိုးဂဂျောင်နဲ့  ငေါင်တောင်တောင်နဲ့  ၂၄နာရီပေါ့။ ဒါပေမယ့် ရမယ်ဆိုရင်တော့ နောက်တစ်ရက်ထဲက လှမ်းချေးချင်သေးဗျား။

လင်းဦး(စိတ်ပညာ) said...

ကောင်းတယ် ညီရေ.. တင်ပြပုံလေးက တော်တော်လေးကို ကောင်းတယ်။ အတွေးတွေနဲ့ ရောနေတယ်။

Dr. Nyan said...
This comment has been removed by the author.
Dr. Nyan said...

အခုမှ ကိုယ့်ပို့စ်ရဲ့comment တွေပြန်ဖတ်ရင်းကိုရှင်ရဲထွတ်ရဲ့
comment တွေ့လို့လာနှုတ်ဆက်တာပါ။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။
မိတ်ဆွေတစ်ယောက်တိုးသလိုခံစားရပါတယ်။
စီဗုံးmessageကို sensitive ဖြစ်ခဲ့မိတဲ့အတွက်
နောင်တရမိပါတယ်။
နောင်လည်း ကျွန်တော့်ဆီမှာ ကောင်းတာ
ဆိုးတာ လာဝေဖန်အကြံပြုပေးဖို့
ဖိတ်ခေါ်ပါတယ်ခင်ဗျား။

Dream said...

နာရီသံ..ချက်ချက်ညံ..အချိန်မှန်မှန်..
သီဆိုပေးခဲ့ပြန်.... ဟီးဟိး...
နာရီဆိုဖွင့်မလို့..
:P :P

မှန်ပါတယ်။လူတိုင်းလူတိုင်း24နာရီသာပိုင်ဆိုင်ပါတယ်။
သိပ်မှန်တယ်