အမုန်းဆိုသည်မှာ

Tuesday, September 9, 2008
တပ်မက်သော
အချစ်၏နောက်တွင်
သံသယ၀င်လာသော်
အသင်ကြုံဖူးလား
အမုန်းသည်
ဂွင်ဖန်၍၀င်လာတတ်သည်
သို့သော်...........
ထိုအမုန်းသည်
အချစ်ကြောင့်ဖြစ်တည်
လာသည်သမုံ့
အချစ်မရှိလျင်
အမုန်းလည်းမရှိနိုင်ပေ.........
ထို့ကြောင့်...........
အမုန်းဆိုသည်မှာ...........

3 ဝေဖန်ထားပါတယ်။:

Anonymous said...

ဟဟဟား.. ကိုရှင်ရဲထွတ်..
ကျမဘလော့ဂ်မှာ အမုန်းဆိုသည်မှာခေါင်းစဉ်ပေါ်နေလို့
လာကြည့်တာ။
ကျမ ကခင်မင်စွာနဲ့နောက်သွားခဲ့တာပါ ။
ဒါပေမယ့် ကဗျာရေးတတ်တဲ့သူဆိုတော့ ပညာလာ
မစမ်းနဲ့ ဒီလောက်တော့ အေးဆေးပေါ့ ဟုတ်လား။:D
ကျမလည်း ငယ်ငယ်တုန်းက ကဗျာရေးတာ ၊၀တ္တုရေး
တာ ၀ါသနာပါခဲ့တယ်လေ။ကဗျာတွေ ၊၀တ္တုတွေရေးပြီး
မဂ္ဂဇင်တွေဆီပို့ခဲ့ဖူးတယ်..ဒါပေမယ့် တစ်ခါမှ အရွေးမခံ
ခဲ့ရဖူးဘူး.. :D
အခုအသက်ကြီးလာတော့ အနုအလှတွေသိပ်မဖွဲ့တတ်
တော့ဘူး ၊ဒါပေမယ့် ကဗျာလေးတွေဖတ်ရတာတော့
အရမ်းဝါသနာပါတယ်။ ကိုယ်တိုင်လည်း တစ်ပုဒ် ၊နှစ်ပုဒ်
လောက်ရေးပြီး ဘလော့ဂ်မှာတင်ဖို့ စဉ်းစားမိတယ်။
ကြိုးစားကြည့်ဦးမယ်။
ကဗျာလေးအတွက် ကျေးဇူးပါ။

ပန်းခရမ်းပြာ said...

အချစ်ကြီး၍ အမျက်ကြီးပါသည်ဆိုတာမျိုးပေါ့နော်။

Dream said...

အင်း..အချစ်ကြောင့်အမုန်းဆိုတာ
ဖြစ်လာတာ။အချစ်မရှိရင်အမုန်းတွေအလွမ်းတွေ
လည်းရှိလာမှာမဟုတ်ဘူးနော်..
အချစ်..အချစ်.....