အဖြေများ

Friday, September 5, 2008
ကျောင်းစာသင်ခန်းတစ်ခုတွင်
ဆရာမမှ ကျောင်းသားများအား
မေးခွန်းတစ်ခုမေးလေသည် ။
မေးခွန်းမှာ....... တပည့်တို့
တပည့်တို့ ကြီးပြင်းလာရင် အနာဂတ်အတွက်
တပည့်တို့ဖြစ်ချင်တာတွေ ပြောပြပါဦးဟု
မေးခွန်းထုတ်လေသည်။
အဖြေများမှာ.................

ညီဂျော်..... လေယာဉ်ပျံမောင်းချင်တယ်
သာဂိ..... ဆရာဝန်ကြီးဖြစ်ချင်တယ်
အိတုံ.... ကျမကတော့ မိခင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်
ချက်ကြီး..... ကျနော်ကတော့ အိတုံကို ကူညီချင်ပါတယ်..

အနှီ..... မေးခွန်းအား ခင်ဗျားတို့ကို မေးခဲ့လျင် မည်သို့
ဖြေဆိုမည်နည်း... ဖြေကြပါဦးတော့....

5 ဝေဖန်ထားပါတယ်။:

megumi said...

ကိုယ့်ဟာကို ဘာဖြစ်ချင်မှန်းတော့ မသိဘူး။ ကိုရှင်ရဲထွတ်ကြီး ကတော့ ချက်ကြီးနဲ့ စိတ်သဘောထားချင်းတူတူပဲကိုတော့ သိတယ်။
:P :P

Dream said...

ဟား..ဟား..ဟား..အဲလိုအားရပါးရလာရယ်တွားဒယ်
ဦးဦး..
အင်း..ဒီချက်ကြီးကတော့သူတပါးကိုကူညီ
တတ်တဲ့နေရာမှာထွန်းအိန္တြွာဗိုလ်(နှစ်ယောက်မရှိဘူး)
နော်...တော်လိုက်တဲ့ကလေး...
ချာရာမကအာဝါးပေးလိုက်မယ်..အာဝါး..အာဝါး..

:P

စန္ဒီမိုးမြင့် said...

သူနာပြုကောင်းဖြစ်ချင်တယ်

ဇင်ယော် said...

ဟေဟေ့ သားသားတို့ လည်း ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း။ ................................... ကူညီပါရစေ၊ ကူညီပါရစေ ခင်ဗျ။

chocothazin said...

မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းတစ်ယောက်ဖြစ်ချင်တယ်။
လောကကို အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ်။
ဒီလောကထဲက ထွက်သွားတဲ့တအခါ ဘယ်သူမှ မသိလိုက်ရပဲ တိတ်တဆိတ်ထွက်သွားချင်တယ်။