မန္တလေး အလွမ်းပြေ

Sunday, August 17, 2008
နေရှိန်ပူပူ
ရင်ဆူဆူမို့
ရေပြင်ကျုံးဘေး
ဂရိတ်ဖုဖ်လှည်း လေးလည်းလွမ်းတယ်
နေညိုခင်းလေး
လေပြည်ညှင်းသွေး
ရေနီမြောင်းဘေး
အကြော်တဲ လေးလည်းလွမ်းတယ်
ညခင်းချိန်ခါ
လသာသာမို့
အကင်စုံတဲ့
ရွှေခိုင်ဆိုင် လေးလည်းလွမ်းတယ်
ညဥ့်နက်ချိန်ခါ
တိတ်ဆိတ်ပါလို့
အဆောင်လမ်းဘေး
ဂစ်တာဟောင်း လေးလည်းလွမ်းတယ်
သြော်.... လွမ်း.....တယ်

3 ဝေဖန်ထားပါတယ်။:

Dream said...

ရေပြင်ကျုံးဘေးကဂရိတ်ဖုဖ်ရောင်းတဲ့ဆိုင်လေးကိုလည်းလွမ်းတယ်။
ရေနီမြောင်းအကြော်ကိုလည်းလွမ်းတယ်။
အကင်တွေစုံတဲ့ရွှေခိုင်ဆိုင်ကအသားကင်ကိုလည်းလွမ်းတယ်။
အဲဒါတွေအကုန်ကြိုက်တဲ့နင့်ကိုလည်းလွမ်းတယ်။...

လွမ်းစရာတွေထက်ကိုပိုလွမ်းတာဘာလဲဟင်... :P
ဟဲဟဲ.....

ပန်းခရမ်းပြာ said...

ရွှေမျက်နှာချင်း
လမင်းမှာဆုံမယ်...လို့ ဂတိထားခဲ့ရမှာ။

ကေ.တီ.အမ် said...

လွမ်းတယ်ဗျာ ...
ပြောရင်းဆိုရင်းကိုလွမ်းတယ်
အနောက် နဲ့ အနောက်မြောက်ဒေါင့်ကို
နွေရာသီတိုင်းလိုလို ထိုင်ဖြစ်တယ်

အသက်ကလေးရလားတော့
ဟီးဟီး .. မပြောလဲသိမှာပါ ...
လှည်းမလိုတော့ဘူး ...
ပူချင်ပူပါစေ ... မီးဘေးနားပဲ
မီးခိုးတလူလူနဲ့ပေါ့