တောင်ဇလပ်

Saturday, July 5, 2008
နန်းထိုက်ကာတော်မ၀င်ပေမဲ့
လန်းဆတ်ဖြာနှင်းမှုန်ကြားမှာလှ
ဟိုးအမြင့်မှာဇလပ်ပန်းရယ်ဝင့်တယ်
ထားသက်လျာပန်လိုကပန်တော့
ကြွေဆင်းကာဆက်သပါ့မယ်.....

( တောင်ပေါ်မှမြေပြန့်အတွက် )

5 ဝေဖန်ထားပါတယ်။:

ကိုသက်နောင်(phoeniz) said...

နန်းထိုက်ကာ တော်ဝင်တဲ့သဇင်
လန်းဆတ်ဖြာ ပင်ယံထက်မှာတင့်
ပန်းတို့ ရယ် ဘုရင်မ ကိုမှ
ထားသက်လျာ ပန်ချင်ပ ဆိုလဲ
ခြွေဆင်းအောင် ဆက်သပါ့မယ်

ထားသက်လျာ အလိုရှိရင်ဖြင့်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်
ဓူဝံကြယ် တောင်ဘက်ရွေ့ ပါ့မယ်
ယုံကြည်ကာ အားကိုးစမ်းပါရော့
မောင်တို့ ယောက်ျား။

(ကဲ... စိတ်ကူးထဲ ရှိတာ ချရေးခဲ့ပြီဗျို့ )

စိုင်းစိုင်းလားရှိုး said...
This comment has been removed by the author.
စိုင်းစိုင်းလားရှိုး said...
This comment has been removed by the author.
ဆောင်း said...
This comment has been removed by the author.
ဆောင်း said...

နန်းမထိုက်သာ ငွေလွစံပါယ်
လန်းဆန်းဘွယ် မွေးထုံးသင်းတာပ
ထားသက်လျာ ဆံခွေနွဲ့ ထက်ဝယ်
တန်းသွယ်ကာ ကုံးသီပြုံးပန်းခြယ်
ကြွေလုလု မောင့်နှလုံးသားပါ ဆက်သပါ့မယ်။