လွဲမှားမှု့

Monday, July 14, 2008
လူတစ်ယောက်ဟာ အမှုတစ်ခုနဲ့ ထောင်အနှစ် 40 ကျသွားပါသတဲ့။ သူဟာ ထောင်ထဲမှာ အလွန့်အလွန်ကို ပျင်းနေပါတယ်။ ဘာမှလဲ လုပ်စရာမရှိဘူးဖြစ်နေတယ်။ သူရဲ့ အခန်းထဲမှာတော့ ပုရွက်ဆိတ် တစ်ကောင်ရှိတယ်တဲ့။
သူလည်း ဘာမှ လုပ်စရာမရှိတာနဲ့ အဲဒီပုရွက်ဆိတ်ကို ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမနီ၊ အီတလီ စတဲ့ ဘာသာစကားတွေအပြင် တေးဂီတမျိုးစုံကိုလည်း သင်ပေးတယ်တဲ့။
နောင် အနှစ် 40 ကြာတဲ့အခါမှာ အဲဒီပုရွက်ဆိတ်ဟာ ဘာသာစကား 5 မျိုးလောက်ကို ကောင်းစွာ ပြောတတ်ပြီး သီချင်းတွေကို အဆွေးသီချင်းကအစ နောက်ဆုံးပေါ်ဂီတအထိ အကုန်ဆိုတတ်တယ်တဲ့။
သူထောင်ကထွက်တဲ့အခါ သူဟာ အဲဒီပုရွက်ဆိတ်လေးကို အိတ်ကပ်ထဲထည့်ပြီး ဒီပုရွက်ဆိတ်လေးနဲ့ သူ လုပ်စားမယ်လို့ စဉ်းစားတာပေါ့။
သူဟာ ထောင်ကထွက်ထွက်ချင်း ဘီယာသောက်ချင်လာတာနဲ့ ဘီယာဆိုင်ဘက်ကို ခြေဦးလှည့်ခဲ့တယ်။
ဘီယာတစ်ခွက်မှာပြီးတဲ့အခါ သူဟာ သူရဲ့ အလွန်ထူးခြားပြီး တန်ဖိုးရှိတဲ့ ပုရွက်ဆိတ်လေးအတွက် အလွန်ကို ဂုဏ်ယူချင်စိတ်ဖြစ်ပေါ်ပြီး အဲဒီက စားပွဲထိုးလေးကို ကြွားချင်နေတာပေါ့။ အဲဒါနဲ့သူက ဘီယာခွက်ရောက်လာ တဲ့အခါ ဘီယာခွက်နှုတ်ခမ်းပေါ်ကို ပုရွက်ဆိတ်လေးတင်ပြီး
" ဒီမှာ ကောင်လေး၊ ကြည့်ပါဦး"
လို့ပြောကာရှိသေးတယ်
စာပွဲထိုးလေးဟာ အဲဒီပုရွက်ဆိတ်ကို လက်မနဲ့ ချေပြီး သတ်လိုက်တယ်။ ပြီးတော့ပြောတာက
" ကျွန်တော့်အမှားပါ။ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး" တဲ့။

သူငယ်ချင်း မက်ဆေ့ ခ်ျ ကနေပြန်လည်မျှဝေတာပါ

4 ဝေဖန်ထားပါတယ်။:

Welcome said...

ကြွားဝါချင်တဲ့ စိတ်တစ်ခုတည်းနဲ့
နှစ် ၄၀ လုံးလုံး ကြိုးစား
လေ့ကျင့်လာခဲ့တဲ့ အကျိုးရလဒ်ဟာ
တစ်ခဏတာအချိန်အတွင်းမှာပဲ
ပျက်စီးသွားခဲ့ရတာမို့ .. ..
သူ့အဖို့ ရင်ထုမနာ ဖြစ်မှာ သေချာပါတယ်..
အော် ကြွားချင်လို့...........

ခင်မင်လျက်
ဝင်းဇော်

ကိုရင်နော်ခင်လေးငယ် said...

ဘုရားရေ.......
သေ B ဆရာ......

နှင်းပွင့်ဖြူ said...

ရီတော့ မရီရဘူး....
ဒါပေမဲ့ အားတင်းပြီး ရီသွားပါတယ်
ဟဲဟဲ...... လုပ်ထားကွ...... ကျားရို :P
နောက်တာနော် အတည်နဲ့ :P

megumi said...

ပုရွတ်ဆိတ် လေးသနားပါတယ် :P