သတို့သမီး

Tuesday, June 10, 2008
စီးဆင်းဆဲပေါ့
မေခနဲ့မလိခညီနောင်
သင်တို့ဖန်ဆင်းခဲ့တဲ့သတို့သမီး
ရင့်ကျက်မှု့အပေါင်းဝေဆာညောင်းခဲ့ပြီလေ...
ကာလတွေပြောင်းခဲ့ပေါ့
အစပျိုးခဲ့တဲ့သမီးပျို
ဟောင်းအတိတ်ကိုသယ်ဆောင်ခဲ့ပြီး
နွဲ့နှောင်းစွာနဲ့အိနြေ္ဒကြီးရင့်ခဲ့တယ်လေ...
နွေးထွေးဆဲပေါ့
အားလုံးရဲ့မေတ္တာခြုံကာ
ပျော်ကာရွှင်ကာနေလာခဲ့ပြီး
အနမ်းတွေပန်းတွေဖြိုင်ဖြိုင်ကြဲဖြန့်ခဲ့တယ်လေ...
မေ့လျှော့နေခဲ့ပေါ့
တွေးမှတ်ထင်မထားချိန်မှာ
ရင်နှစ်မွှာဟာအစိမ်းသက်သက်ကြီး
သတို့သမီးဟာ 2008 မှာအသည်းခွဲခံလိုက်ရတယ်လေ

1 ဝေဖန်ထားပါတယ်။:

chocothazin said...

ဒီကဗျာလေး ကြိုက်တယ်။
ခေါင်းစဉ်လေးကလည်း အံဝင်နေသလိုပဲ။