ချစ်သူ

Thursday, June 12, 2008
မုန်တိုင်းလည်းငြိမ်သွားပြီနော်
ဝရုန်းသုန်းကားနဲ့ကမ္ဘာပျက်ခဲ့တဲ့ညကို
နင်ဘယ်လိုများကျော်ဖြတ်ခဲ့ရတာလည်းချစ်သူ။ ။ ။
DELTA တစ်ဇုံလုံးလည်းပျက်စီးခဲ့ပြီနော်
ဝိညာဉ်ပေါင်းများစွာလည်းခိုကိုးရာမဲ့နေတုန်းပဲ
ဒါတွေကိုကြည့်ပြီးရင်နင့်စွာနဲ့ နင်တစ်ခုခုခံစားနေရမှာပဲနော်ချစ်သူ။ ။ ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်းပြိုပျက်ခဲ့ပြီနော်
အော်ဟစ်ငိုယိုနေတဲ့ဒုက္ခသည်တွေကိုကြည့်ရင်း
ပူဆွေးဝမ်းနည်းမှုတွေ ထွေးပိုက်ပြီးနင်ဆွံ့အနေမှာပဲနော် ချစ်သူ။ ။ ။
ဒီ့ထက်ပိုပြီး ပူဆွေးသောကရောက်နေသူက နင့်အဝေးမှာ ရောက်နေရတဲ့ငါပါ ချစ်သူ......

0 ဝေဖန်ထားပါတယ်။: