ခေါင်းစဉ်ရှာပေးပါ

Tuesday, June 24, 2008
ရွှေအိုရောင်အနာဂတ်
ပိုင်ဆိုင်မဲ့အမှတ်နဲ့
နင်နဲ့ငါပျော်ခဲ့ဖူးရဲ့
ကော်ဖီခါးတစ်ခွက်
တီတာစကားလေးဝှက်လို့
နင်နဲ့ငါရူးခဲ့ဖူးရဲ့
ချိုမြိန်တဲ့အဆိပ်တစ်ခွက်
ရီဝေတဲ့မျက်လုံးတွေနဲ့
နင်နဲ့ငါသောက်ခဲ့ဖူးရဲ့
သင်္ဂဟရဲ့စွဲချက်
မကျော်လွန်နိုင်တဲ့ရက်မှာ
နင်နဲ့ငါ......
အမုန်းမပါပဲလမ်းခွဲခဲ့ရတာ
ငါရင်နာတယ်ဟာ.........

4 ဝေဖန်ထားပါတယ်။:

ကိုရင်နော်ခင်လေးငယ် said...

ခေါင်းစဉ်လာရှာပေးတာ...
ဒါပေမဲ့ ကော်ဖီခါးခါး နဲ့ ကတုန်ကရင်ကြီး ဖြစ်နေပြီ..
ခု ...အရမ်းကြောက်နေတယ်....
အမုန်းမပါဘဲ လမ်းခွဲရတော့မယ် ဆိုတာ ပိုပိုသိလာလို့...
ဟူးးးးးးးးးးးးး......

ပန်းခရမ်းပြာ said...

ကဗျာရဲ့ ခေါင်းစဉ်ကြောင့် ပိုလေးနက်သွားတယ်။

ကိုသက်နောင်(phoeniz) said...

ခေါင်းစဉ်ရှာပေးရမယ် ဆိုရင်ဖြင့်

" ဖူးရဲ့ "

သူက ၃ ခါတောင် ပါတယ်လေ...

Unknown said...

ကြိုက်တယ်။
အမုန်းမဲ့ လမ်းခွဲပေါ့ဗျာ။