ဆန်ပြုတ် တစ်ခွက်

Tuesday, April 6, 2010
အား........ ညကလည်း အရမ်းအေးတာပဲ။ မှောင်လိုက်တာလည်း အရမ်းပဲ အပြင်မှာဆို တော်တော်အေးမှာ။ ခုတောင် စာကျက်နေတာ စားပွဲ အ၀ိုင်းနဲ့ မောင်နှမ သုံးယောက် ကိုယ်စီ အနွေးထည် မနိုင်လို့ စောင်ပတ်ပြီး စာကျက်နေရတယ်။ အငယ်သုံးယောက်တော့ အိပ်နေပြီ။ ဖေဖေနဲ့ မေမေက တဲအိမ်လေးရဲ့ အလယ်မှာ မီးဖိုရင်း စကားပြောနေကြတယ်။

ထရံကာဆိုတော့ တိုးဝင်လာတဲ့ လေကလည်း အေးလိုက်တာနော်။ ထွန်းထားတဲ့ ဖယောင်းတိုင်မီးက ယဲ့ယဲ့။ စာကျက်ပျင်းတဲ့ ကျနော် ဂေါက် ခနဲ လက်သံပြောင်တဲ့ အမ အိပ်ချင်ပေမယ့် ကကြီးကို ယပလက်လို ကျိတ်ဆိုနေရတယ်။ ဟိုမှာလေ အမေတို့ မီးဖိုတဲ့နေရာ ပြေး သွားချင် လိုက်တာ ချမ်းလို့ပေါ့။ အမကိုလည်း ကြောက်တယ် မသွားရဲဘူး။

ခဏနေတော့ ဖေဖေက အလုပ်ရှုပ်နေတာ ကျနော် တော်တော်လေး ပျော်သွားတာလေ။ သိတာပေါ့ ဖေဖေ ဘာလုပ်နေလည်းဆိုတာ ....
ညနေက ကျန်တဲ့ ထမင်းကြမ်းနဲ့ ဟင်းကို ရောသမ မွှေနေပြီဆိုတာ။ အေးကလည်းအေး ငိုက်ကလည်း ငိုက် စာကျက်ပျင်းတဲ့ ကျနော် ဖေဖေ လုပ်နေတာကို ကျိတ်ပြီး သဘောကျနေတာ ခေါ်သံလေးကို စောင့်နေမိတယ် မျက်လုံးတောင် ပြူးလာသလားပဲ။

ခဏနေတော့ တဲအိမ်လေးဟာ ဆန်ပြုတ်နံ့ သင်းနေပြီ။ အိပ်ပျော်နေတဲ့ အငယ်ကောင်က ချမ်းလို့လား မသိဘူး အီသံပေးနေပြီ အမေက ထချော့ရော။ အလတ်မက မျက်လုံးပွတ်ပြီး ကုတင်ပေါ်ကနေ ဆင်းလာတယ် မမြင်မကန်းနဲ့လေ ဆန်ပြုတ်ရပြီလားတဲ့ ချော်လဲသေး တယ်။ နို့ညှာက မနှိုးသေး သူက အိပ်ပုတ်ကြီးတယ်။

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ..... ဟော မီးကင်းက သံချောင်း ရှစ်ခါမြည်တယ်ဗျ ... ဖေဖေလည်း ဆန်ပြုတ် ရှစ်ခွက် ထည့်ပြီးသွားပြီ။ ချမ်းကလည်းချမ်း မီးဖိုနားလည်း သွားချင်ပြီ။ ဖေဖေက မနှိုးသေးတဲ့ နို့ညှာကို ပွေ့ခေါ်လာပြီး လာဟေ့ ဆန်ပြုတ် ရပြီတဲ့။

ဟာ........ အဲ့တုန်းက အပျော် ခု ဘယ်မှာ ရမှာလည်း ? ဆောင်းတွင်းအခါ သမယ ရှမ်းမြေမြင့်က မိသားစု ဖြစ်ခဲ့ဖူးရင်၊ အခြေအနေခြင်း တူခဲ့ဖူးရင် ဆန်ပြုတ် တစ်ခွက်ရဲ့ ရသ ???

7 ဝေဖန်ထားပါတယ်။:

chocothazin said...

ဆန်ပြုတ်ရပြီလား။

ဒေါင်...
ဟင် ခေါင်းကို ဇွန်းနဲ့ ခေါက်တယ်။
မျက်လုံးပွတ်ပြီး ငိုသွားပြီးထွက်သွားပြီ။
ဟာ ချော်လဲပြီ။

ဆောင်းနှင်းရွက် said...

ငယ်ဘ၀မှာတုန်းကတော့
အမှတ်တမဲ့ တွေလို ဖြစ်ခဲ့တဲ့
အရာတွေက
ကြီးတော့ အမှတ်တရ တွေ ဖြစ်လာတယ် နော် ..!

Sein Lyan Tun said...

ဟဲ့ ငါ့အတွက် မချန်ထားဘူးလားးးးးးဒေါင်....အင်းဟာ မချန်အုံး....

kaungkinpyar said...

အဲတော့ အပေါ်က ကွန်မန့်က ငါ နော်၊ စိန် မဟုတ်ဘူး ဆောတီးးးး

မိုးခါး said...

ဆံပြုတ်နံ့ သင်းသင်းဆိုတော့ ..
ခုတော့ ဘာမှမစားရသေးဘူး
ဗိုက်ဆာတယ် ..း)

Mogok Thar said...

ဆန်ပြုတ် လဲ သောက်ဖူးရဲ့..
ထမင်းရည် ပူပူကို ကျနော့်အကြိုက် နွားနို့ နဲ့ မလိုင် ထည့်ဖျော်ပြီးလည်း သောက်ဖူးရဲ့...

အေးချမ်းလှတဲ့ ဆောင်းနံနက်ခင်းတွေကို ထပ်တူ လွမ်းဆွတ်သွားတယ်...

ဂျပန်ကောင်လေး said...

ကိုယ့်ဟာကို တည်ဆောက်ပေါ့ဗျာ...း)).... တည်ဆောက်နိုင်စွမ်းရှိပါတယ်နော်....ဟီးဟီး... ခုနက ပြောသလို နို့ညှာတွေဘာတွေနဲ့ပေါ့... ရှမ်းခေါက်ဆွဲလုပ်နေမယ့် ဦးရှင်ကို မြင်မိသေး... အဟေးဟေး.. ပြောမယ့်သာ ပြောတယ်... စွံပါ့မလား မသိဘူး... ဟီးဟီး