ဆိုခဲ့ရင်

Wednesday, March 17, 2010
အမေ....

အမေ မှတ်မိလား.... မီးလောင်ပြင် လူမနေနိုင်သေးတဲ့ မိသားစုပိုင် နေရာလေးမှာ၊ နားခိုရာ သားတို့ အရိပ်မဲ့နေတုန်း... မရှိမဲ့ ရှိမဲ့ ဖေဖေနဲ့ မေမေရဲ့ အားအင်နဲ့ မီးလောင်ပြင် လူမနေသေးတဲ့ မြေဟောင်းလေးမှာ တဲလေးထိုးပြီး နေခဲ့ကြတာ.............

မေမေ မှတ်မိသေးလား... ဖြစ်စဉ်တူ ဘေးအိမ်က လူနဲ့ အစ်ကိုကြီး လက်သီးထိုးခဲ့တာ ............. ဒီအစ်ကိုဟာ သားတို့အတွက် မဟာတံတိုင်းလေ..........

မေမေ မှတ်မိသေးလား သား သုံးတန်းနှစ်က နွမ်းပါးတဲ့ မေမေ့ဆီမှာ မုန့်ဖိုးတောင်းတာလေ ........

သားမှမသိတာ မေမေရယ် မေမေ ခဲနဲ့ ပေါက်တာ သား..... အဲဒီနေ့က ကျောင်းတက်လို့မရတော့တာလေ..........

မေမေ မှတ်မိလား .... အဲဒီနေ့က မေမေ အိမ်ပြန် နောက်ကျတော့ သားရယ် အလတ်မရယ် အငယ်ဆုံးလေးရယ် မေမေ့ကို လာကြိုတာလေ ...... အလတ်မ ချော်လဲတာ .......... သူတော်တော် ငိုခဲ့တယ်......

မေမေ သိသေးလား အငယ်ကောင် အတွက် ခေါက်ဆွဲဆိုင်မှာလေ သူက နည်းနည်း သားက များများ စားခဲ့တာ ဆိုင်ရှင်တောင် အလကား ကျွေးခဲ့သေးတယ်လေ....

မေမေ သိလား........ နို့ညှာမလေးလေ သစ်ပင်ပေါ် တက်ပြီး သီချင်းဆိုခဲ့တာ သူပျောက်လို့ တော်တော် ရှာရသေးတာ.

မေမေ သိလား အငယ်ကောင် လမ်းလျှောက်တတ်ခါစ ရေကူးကန်ထဲ လျှောက်ဝင်တာလေ...

မေမေ သားပဲမေးနေတာ....... မေမေ သားကို တစ်ခွန်း ပြန်မေးပါလား..........

သား မေမေလေ............. ဆိုခဲ့ရင်............

အမေရယ် သားတို့တွေ ကြိုတင်ပြီးမှ ဇါတ်ညွှန်းမှ ဖတ်မလာခဲ့တာ......



6 ဝေဖန်ထားပါတယ်။:

မိုးခါး said...

ငိုချင်စရာကြီးလိုပဲ ..း((

Mogok Thar said...

အဖျားတက်ပြီး အိပ်မက်.. မက်လေသလားး ဆရာစိုင်း...

kaungkinpyar said...

ညက ဒါကြောင့် မအိပ်တာကိုးး

chocothazin said...

ဘယ်သူတွေကရော ဇာတ်ညွှန်းတွေ ကြိုဖတ်ခွင့်ရနေလို့လဲ။
ဒါကိုက ဘဝဖြစ်နေတာမဟုတ်လား။
လက်ရှိအချိန်လေးကိုပဲတန်ဖိုးထားတာ ကောင်းပါတယ်။
သား.. မေမေလေ ဆိုပြီးတော့ အမေ့မှာလည်း ပြောစရာတွေ ပြည့်နေခဲ့မှာပါ။
ဘာပဲဖြစ်ဖြစ် ဖတ်ရင်းနဲ့ ဝမ်းနည်းသွားတယ်။

တောင်ပေါ်သား said...

ဘယ်လိုပဲပြောပြော အမေဟာ အမေပါပဲ
အမေ့ရဲ့ စိတ်ဓါတ် ခွန်အားတွေကို မြင်နေရတယ်မလား ဆက်လျှောက်ပါ... ဇာတ်ညွန်းကို ဘယ်သူရေးမှာလဲဗျာ ကံကြမ္မာရဲ့ လှည့်ကွက်တွေက ဇာတ်ညွှန်းလေးထဲ ပါနေသေးလား အမေကို လွမ်းတယ်


လေးစားလျက်
တောင်ပေါ်သား

ဆောင်းနှင်းရွက် said...

ဟင့် ...
ငယ်ငယ် က အကြောင်းတွေဆီ
အတွေးရောက်သွားပြီး ငိုချင်တယ် ...
အမေ လို့
စကားလုံးလေး ၂ လုံးကကို
သားသမီးတွေ အတွက် ခွန်အားဖြစ်စေတယ် ... !