အရောင်မဲ့ကြယ်
ကြွေနေလေရဲ့
လင်းလက်သောကြယ်
တောက်နေလေရဲ့
အခြားမဲ့၌....
ကောင်းကင်ယံထက်
မှေးမှိန်လာတယ်
မြေပြင်မှာလဲ
ခြောက်သွေ့နေလို့
ငါတို့ဆီ၌....
ကြယ်စင်စုတွေ
ဟိုနားတစ်ပွင့်
ဒီနားတစ်ပွင့်
ပြေလည်ရာပဲ
ပွင့်နေကြတယ်....
အမိကောင်းကင်
လင်းလက်စေဖို့
ကြယ်မမည်တဲ့
ဥက္ကာလေးတွေ
ကြွေနေလေရဲ့....
အဝေးရောက်ရှိ
ကြယ်စင်စုတွေ
ဒီနေ့လေလား
မနက်ဖြန်လား
ဒါမှမဟုတ်...... ဘယ်သောခါမှလား ?
Subscribe to:
Post Comments (Atom)
5 ဝေဖန်ထားပါတယ်။:
ကြယ်မမည်တဲ့ ဥက္ကာခဲလေးတွေ ကြွေနေလေရဲ့တယ်ဗျာ ဟုတ်ပါ့ ဒါပေမဲ့ သူတို့ဥက္ကာခဲလေးတွေက အရောင်တော့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး ကြွေသွားခဲ့ရင်တောင်မှ အလင်းရောင်ပေးသွားနိုင်ပါသေးတယ်ဗျာ ကဗျာလေးကြိုက်တယ်
လေးစားလျက်
တောင်ပေါ်သား
ဘာမှမပြောတတ်ဘူး..ဦးရှင်.. ဦးရှင်ကိုမလိုက်နိုင်တော့ဘူးဗျ...း)
အဝေးရောက်ရှိ
ကြယ်စင်စုတွေ...
ကြွေမှာလား ဝေမှာလား ကတော့.. မသိနိုင်ပါ အကိုရေ..
ခင်မင်စွာဖြင့်
သီဟသစ်
ကျနော်က ဥက္ကာလားးး
လင်းလက်ကြယ်လားးး
ကိုယ်တိုင်မသိဘူး...
ခုလားး...
မနက်ဖန်လား... ကြွေတော့ကြွေမယ်..
ဒါလဲမသိဘူး...
ကဗျာလေးမှာ အနှစ်တွေ အများကြီး....
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
အမိကောင်းကင်
လင်းလက်စေဖို့
ကြယ်မမည်တဲ့
ဥက္ကာလေးတွေ
ကြွေနေလေရဲ့....
ဖတ်ပြီး တမျိုး ဖြစ်သွားတယ် .....
Post a Comment