ပန်းပွင့်လေးများ အကြောင်း

Monday, November 2, 2009
ပန်းခြင်းတူသော်ငြား
ဂုဏ်ခြင်း နေရာခြင်းကွာသည်မို့

အလေ့ကျ ပန်း
ချွေသူများ၍ နွမ်းလွယ်သည်။

ဥယျာဉ်တွင်းမှ ပန်း
နမ်းခွင့်ရပြန် ခူးခွင့်မရ။

တော်ဝင်သည့် ပန်း
လှမ်းခွင့်မသာ နန်းထက်စံပါ့။

အလေ့ကျ ပန်းများသည် လမ်းဘေးဝဲယာ ပွင့်တတ်လေသည်မို့ ခရီးသွားများ တို့ကာဆိက်ကာ သွားတတ်လေသော် ပန်းလေးခမျာ ခဏနှင့်သာ နွမ်းတတ်သည်။

ဥယျာဉ်တွင်းမှ ပန်းများသည် ဥယျာဉ်မှူး၏ ဂရုစိုက်မှုအောက်ဝယ် ရှိလေသောကြောင့် ပန်းများအား အထိုသူသည် နမ်းခွင့်ရပင်သော်ငြား ခူးခွင့်ရယ်လို့ မရရှိနိုင်ပေ။

တော်ဝင်သည့် ပန်းများသည် အထူးဂရုပြုခြင်း ခံရလေသည်မို့ အထိုသူသည် လိုချင်ပြန်လေလျှင် တန်ဖိုးများစွာ ထားတတ်၍ မြတ်နိုးခြင်း များစွာ ဖြစ်တတ်သည်။

ချစ်ရပါသော ညီမငယ်လေးများသည် ပန်းဘ၀နှင့် တူလေသည်မို့ မည်သည့်နေရာ၌ ပွင့်ချင်လေသနည်း အတွေးများစွာ ရှိကြကုန်....

11 ဝေဖန်ထားပါတယ်။:

မေဇင် said...

ဦးလေး ရယ်....ဘယ်ပန်းဖြစ်ဖြစ်...တော်ဝင်တဲ့ပန်း ပဲ ဖြစ်ချင်ကြတာပေါ့...ဒါပေမယ့်...တစ်ချို့ပန်းလေးတွေ ဘ၀...ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရ...လမ်းဘေးမှာပဲ ပွင့်ခွင့်ရကြ...ရင်နာစရာကောင်းပါတယ်..။

နွေးနေခြည် said...

ပန်းလေးတွေမှာ ပွင့်ချင်တဲ့နေရာကို ရွေးချယ်ခွင့်ရှိပါ့မလား???

ပန်းလေးပွင့်ခဲ့ရတဲ့ ပတ်ဝန်းကျင် သဘာဝနဲ့ လိုက်လျှောညီထွေရှိပြီး လောကကြီးကို တတောင့်တနေရာကနေ အလှဆင်နိုင်မယ်ဆိုရင် ပန်းတိုင်း ကျေနပ်ကြမှာပါ။

ဂျပန်ကောင်လေး said...

ဘယ်လိုပန်းပဲဖြစ်ဖြစ် သူ့တန်ဖိုးလေးနဲ့သူတော့ ရှိနေမှာပါ... ဒီပန်းလေးတွေကို သူ့တန်ဖိုးလေးနဲ့ မြင်တတ်ဖို့ပဲလိုပါတယ်...

ဆောင်းနှင်းရွက် said...

ဂျပန်ကောင်လေး
ပြောသလိုပါပဲ ...

ပန်းခင်းလေး said...

ဘယ်နေရာမှာ ပဲပွင့်ပွင့်
ပန်းတိုင်းမှာ အလှတစ်မျိုးစီတော့  ရှိကြပါတယ် ..
မြင်အောင်ကြည့်တတ်ဖို့ တော့ လိုတာပေါ့  ..
တန်ဖိုးထားတတ်ဖို့ လည်း လိုသေးတယ်လေ ...
ပန်းပွင့် လေးတွေက ကိုယ့်ကိုယ်ကို
တန်ဖိုးထားမယ်ဆိုရင် သူတို့ ကို
တန်ဖိုးထားမယ့်  သူတွေလည်း
ရှိလာမယ်လို့ ထင်ပါတယ် ...

စိတ်ထဲထင်တာတော့  မန့် ချလိုက်ပြီအစ်ကိုတော်ရေ.
ဟုတ်မဟုတ်တော့ မသိဘူး .. ဟီးးးး

Anonymous said...

ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြတဲ့ပန်းတွေ
ခူးချင်တိုင်းခူးလို့မရပေမဲ့
နွမ်းချိန်တန်တော့နွမ်းရပေပေါ့
နေရာဒေသ ကွဲပြားပေမဲ့
အချင်းမရှိတဲ့ပန်းတွေလည်းအများကြီးမို့
အဆင်းကိုပဲ မမှတ်မောပါဘူး
အစ်ကို စိုင်းစိုင်းလားရှိုးရယ်

စိုင်းစိုင်းနေလင်း

www.saisainaylinn.blogspot.com

littlebrook said...

ကံပေါ့ဗျာ .. တချို့က ရွေးချယ်ခွင့်ရှိတယ် တချို့က ရွေးချယ်ခွင့်မရှိကြဘူး ...

Unknown said...

ပန်းလေးထာဝရလှနေပါတယ်

စိုင်းလောင်မိန်းသက် said...

လာဖတ်တယ်ဗျာ

သီဟသစ် said...

ပန်းလေးတွေက ရွေးလို့မှ မရတာ အကိုရ..

သူတို့ကိုယ်သူတို့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် တန်ဖိုးထားနိုင်ရင် တန်ဖိုးရှိနေမှာပါ


ခင်မင်စွာဖြင့်
သီဟသစ်

မိုးခါး said...

အဲဒီ တန်ဖိုးဆိုတာကို စဉ်းစားလေ နားမလည်လေပဲ
တယောက်နဲ့ တယောက် စံတွေက ကွဲတာကိုးနော်
တချို့ကပြောတယ်
တန်ဖိုးဆိုတာလူက လုပ်တာတဲ့
တချို့ကျပြန်တော့
တန်ဖိုးဆိုတာ သတ်မှတ်တဲ့သူပေါ်မှာ မူတည်တယ်တဲ့
???????????