အစားထိုးမရတဲ့ ဆုံးရှုံးမှု

Saturday, July 18, 2009
မိုးတွေက တစ်ဖျောက်ဖျောက်၊ အငြိုးမရှိပေမဲ့ စွေသွန်းကာ ရွာနေတာ သူ့တာဝန်သူထမ်းရွက်နေတာပဲလေ။ အ ချိန်ကာလအားဖြင့် ( ၆၂ ) နှစ် ဟိုးတုန်းက အဖြစ်အပျက်။ ကြာခဲ့ပြီလား ? သတိရသေးလား ? တိကျတဲ့ ရက်စွဲ အနေ နဲ့ဆိုရင် ( ၁၉ ရက်နေ့ ဂျူလိုင်လ ၁၉၄၇ ခုနှစ် ) အချိန်နာရီအားဖြင့် မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ် အချိန် တွင် ယခုလက်ရှိ တည်ရှိနေသော ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း အတွင်းရှိ ၀န်ကြီးများရုံး အဆောက်အဦးတွင် အာဏာရူး ခွေးအကြီးများ၏ ကိုက်ဖဲ့ခြင်းကို ခံရ၍ မရှုမလှ ကြွေလွှင့်ခဲ့ရရှာသော၊ အစား ထိုး၍ မရနိုင်တော့သော အနာဂါတ် ကြယ်ပွင့်ကြီးများ ကျဆုံးခဲ့သည်မှာ ၂၀၀၉ ခုနှစ် ယခုဆိုလျှင်ပင် ( ၆၂) နှစ် တင်းတင်းပြည့်ခဲ့လေပြီ။

တောင်ပေါ် မြေပြန့်၊ တိုင်းရင်သား လူမျိုးစု အားလုံး၏ ယုံကြည်မှု လေးစားမှုကို ရယူခဲ့သော ဗိုလ်ချူပ်အောင်ဆန်း၊ သူမတူအောင် စွန့်လွှတ်နိုင်မှု၊ ရှေ့ဆောင်လမ်းပြပေးနိုင်မှု၊ ကမ္ဘာ့ခေါင်းဆောင်များ၏ လေးစားမှုကို ခံယူခဲ့ရသော ဗိုလ်ချုပ်၊ အရည်အချင်းရှိသော မှူးကြီး၊ မတ်ကြီး များအား စုဆောင်း ခေါင်းဆောင်နိုင်မှု၊ များမကြာမှီတွင် လှပခန့် ညားသော အနာဂါတ် မြန်မာနိုင်ငံကြီးအား အသက်သွင်းရန် လက်တစ်ကမ်း အလိုရောက်မှ ဗိုလ်ချူပ်ရာ၊ မိမိ ကိုယ်ကို မိမိ ယုံကြည်မှု ပြင်းထန်သလို၊ သူတစ်ပါးကို ယုံကြည်စိတ်လည်း ပြင်းလွန်းတဲ့ အတွက်၊ ဗိုလ်ချူပ် ဇီဝိန် ချူပ်တဲ့ အချိန်ထိ ဗိုလ်ချူပ် ကိုယ့်ကိုကိုယ် သိခဲ့သလား ? ဘာကြောင့် ဗိုလ်ချူပ် လုပ်ကြံခံ ရတဲ့ အကြောင်း သိခဲ့ လေသလား ? မိမိကိုယ်ကို ယုံကြည်လွန်း အားကြီးတဲ့စိတ်က ဗိုလ်ချူပ်ကို သတ်လိုက်တာဗျ။ ( ရင်နာ လိုက်တာ ဗိုလ်ချူပ်ရာ )

လက်သည်တရားခံ ( ဂဠုန် ဦးစော ) မတန်လိုက်တာဗျာ.. ဆယ်ခါပြန် ကြိုးပေးလည်း မတန်ဘူး။ ရင့်သီးတဲ့ စ ကားလုံး အနေနဲ့ဆိုရင် ဒီကိစ္စဟာ ( လူကို ခွေးသတ်တာဗျ )။ ဗိုလ်ချူပ် ကျဆုံးသွားတာနဲ့ ဗိုလ်ချူပ်နဲ့အတူ ပြည်သူ တွေရဲ့ နှလုံးသား ဟာလည်း ကျဆုံးခဲ့ရတာကို ဗိုလ်ချူပ် သိပါလေစ ? ဗိုလ်ချူပ် ကျဆုံးကြောင်း ကြားသိ လိုက်ရ တာနဲ့တစ်ပြိုင်နက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူတွေ အားလုံး မယုံကြည်နိုင်မှု၊ ဆွံ့အမှု၊ ၀မ်းနည်း ပူဆွေးမှု တွေဟာ ရင်ထဲမှာ နေဆယ်စင်း လောင်မြိုက်ခြင်းကို ခံလိုက်ရပြီး ဖော်မပြနိုင်တဲ့ ဆုံးရှုံးမှု တစ်ရပ်ကို ရရှိလိုက်တာပါပဲ။

ဗိုလ်ချူပ် လျှောက်ခဲ့တဲ့လမ်း၊ ဗိုလ်ချူပ်ပေးခဲ့တဲ့ မာန်၊ တုနှိုင်းရမဲ့ ပုဂ္ဂိုလ် ပေါ်လာနိုင်ဦးမှာလား ? နှစ်တွေကြာ ညောင်း ခဲ့ပါပြီ။ သမားရိုးကျ အနေနဲ့ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချူပ်ဟာ သမားရိုးကျ လူသားမဟုတ်ခဲ့ပါဘူး။ ရဲရင့်တဲ့ အာဇာနည် သူရဲကောင်းဆိုတာ အများသူငါ သတ်မှတ် ပေးခဲ့တဲ့ ဘွဲ့ထူးပါ။ ကမ္ဘာမြေပေါ်မှာ မှီတင်း ရှင်သန်နေကြတဲ့ လူသားပေါင်း မြောက်များစွာထဲက သူရဲကောင်း ဆိုတဲ့ လူသားမျိုးတွေဟာ သိန်းသန်း ဂဏာန်းတွေထဲကနေမှ တစ်ဦးတစ်ယောက် ပေါ်ထွက်လာဖို့ခဲယဉ်းတဲ့ ကိစ္စပါ။

မွေးဖွားခြင်းမှသည် သေဆုံးခြင်း အချိန်ထိ ဗိုလ်ချူပ်ရဲ့ လုပ်ရပ်တွေဟာ စံနမူနာ ယူစရာပါ။ ကံတရားရဲ့ သတ်မှတ် ချက်အရ ဒီနေ့ ဒီရက် ဒီအချိန်မှာ ဗိုလ်ချူပ်ဟာ ကြွေလွှင့်ရမယ်ဆိုတာ လက်ခံနိုင်ပေမဲ့ ဗိုလ်ချူပ်ရယ်... ဗိုလ်ချူပ် အားလုံးကို ခွဲခွာသွားတာ စောလွန်းတယ်ဗျာ........

ကံတရားရဲ့ သတ်မှတ်ချက်ပေါ့ .... ဗိုလ်ချူပ် ဘယ်ဘုံ ဘယ်ဘ၀မှာပဲ ရောက်ရောက် နောက်ကို ပြန်လှည့်မ ကြည့်ပါနဲ့တော့၊ မြင့်မြတ်တဲ့ ဘုံဘ၀မှာပဲ ငြိမ်းချမ်းစွာနေနိုင်ပါစေ။ ဗိုလ်ချူပ် အသက်ရှင်သန် နေစဉ် အတွင်းမှာ လူသားတစ်ယောက်ရဲ့ တာဝန်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန် အရာရာ အားလုံးကို ပြောစရာမရှိအောင် တာဝန်ကျေခဲ့ပါတယ်။ ကျန်ရစ်ခဲ့တဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံးဟာလည်း ဗိုလ်ချူပ် ကျဆုံးခဲ့တဲ့ ဒီ(၁၉) ဂျူလိုင်ကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ အားလုံးအတွက်တော့ မျက်ရည်သွန်ဖြိုး ဘ၀င်ညိုး ဂျူလိုင် တစ့်ဆယ့် ကိုး ပါ။ အားလုံးရဲ့ ကိုယ်စား ဒီနေရာကနေ ဗိုလ်ချူပ်ကို လေးစားစွာနဲ့ အလေးပြုပါတယ်......


8 ဝေဖန်ထားပါတယ်။:

JulyDream said...

July 19 အာဇာနည်နေ့ကို အမှတ်တရ ရှိနေသေးတဲ့သူတွေကို လေးစားမိပါတယ်။

အာဇာနည်နေ့ကို မေ့မရတဲ့သူတွေ ရှိသလို... မေ့ပျောက်ခိုင်းနေတဲ့သူတွေလည်း ရှိပါတယ်။

ဂျပန်ကောင်လေး said...

အာဇာနည်ဆိုတာ တိုင်းပြည်အတွက် အားကြိုးမာန်တက် ဆောင်ရွက်းပေးတဲ့သူတွေ .. ဒီအာဇာနည်တွေကို လွန်ခဲ့တဲ့ ၆၂ နှစ်က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီ.. အခုတော့ အနုနည်းနဲ့ နာမည်ပါပျောက်အောင် သတ်နေပြန်ပြီ... လူကို ခွေးတွေ သတ်နေလေခြင်းဗျာ...

မငုံ said...

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေကို လာရောက်အလေးပြုပါတယ်။
အာဇာနည်နေ့ တကယ်မမေ့ပါ။

Dream said...

အာဇာနည်ပို့စ် တွေထဲမှာ ဒီပို့စ်ကို အထူးလေးစား ဂုဏ်ပြုပါတယ်.......

ရေးချက်တွေမိုက်လို့....

Anonymous said...

ဇူလိုင် ၁၉ ကို ဖော်ကျုးတဲ့ စာတွေ ထဲမှာ ဒီဆောင်းပါးလေး တော်တော် ကောင်းပါတယ်..

လေးစားလျက်

Anonymous said...

၁၉ ဇူလိုင် မမေ့နိုင်
အာဇာနည်နေ့ ဒို့မမေတဲ့

အခုတော့ ဗိုလ်ချုပ်တို့ အသက်ပေးခဲ့တဲ့ တိုင်းပြည်မှာ ဗိုလ်ချုပ်တို့ အတွက် အမှတ်တရဆိုတာ မရှိတော့ဘူးနော်။ အရင်လို မဟုတ်တော့ဘူး။

Anonymous said...

hello ,,,,,,,,,brother , i am also myanamr and nationaly is shan ,,,,,,,, i am also remember this july 19 .but, i cannot type myanmar font that`s why using this english,if u don`t mine please accepted .i am also want to wright like u .but i cannot :'( oneday i will wright ,hope u will teach me how to wright .hehe
good wrighting
keep it up
take care everything my brother
laylwintlu ,,,,

မိုးခါး said...

ဦးစိုင်းခံစားချက်ကို လာဖတ်ပါတယ်..
ရက်လွန်သွားပေမယ့် မဟောင်းသေးပါဘူး